သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒုံးကျည်ကြောင့် ယူကရိန်းသမ္မတမွေးရပ်မြို့မှာ လူ ၁၀ဦးထက်မနည်းသေဆုံး


ရုရှားရော့ကက်ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ယူကရိန်း Kryyyi Rih မြို့အပျက်အစီးများ၊ ဂျွန် ၁၃၊ ၂၀၂၃
ရုရှားရော့ကက်ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ယူကရိန်း Kryyyi Rih မြို့အပျက်အစီးများ၊ ဂျွန် ၁၃၊ ၂၀၂၃

ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ယူကရိန်းသမ္မတ Volodymyr Zelenskyy မွေးရပ်မြေ Kryvyi Rih မှာအနည်းဆုံးလူ ၁၀ ယောက်သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွားကြတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက အင်္ဂါနေ့ကပြောပါတယ်။ ရုရှားကပစ်တဲ့ ခရုဇ်ဒုံးကျည် ၁၄ စင်းထဲက ၁၀ စင်းနဲ့ အီရန်လုပ်ဒရုန်း ၄ စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ဆိုပါတယ်။

ရုရှားသိမ်းပိုက်နယ်မြေတွေကို ပြန်ရဖို့ရည်ရွယ်ချက်နဲ့ တန်ပြန်ထိုးစစ်အရင်အပတ်က စတင်ကတည်းက ရွာ ခုနစ်ရွာကို ပြန်လည် သိမ်းပိုက်ခဲ့ပြီးပြီလို့ ယူကရိန်းက တနင်္လာ‌နေ့မှာ ပြောပါတယ်။ ယူကရိန်းက ကြိုးစားတဲ့ အတိုင်း အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။

ယူကရိန်းကိုထောက်ခံရာမှာ အမြင့်ဆုံးထောက်ခံနိုင်အောင်ခု ဆက်လက်ဆောင်ရွက်နေကြောင်း Blinken က သတင်းထောက်တွေကိုပြောပါတယ်။ အနာဂတ်မှာရုရှားကျူးကျော်လာမှာကို တားဆီးနိုင်အောင်လည်း တာရှည်ခံတဲ့ပံ့ပိုးမှုတွေ ပေးနေပါတယ်လို့ သူကဆိုပါတယ်။ ယူကရိန်းမှာသမ္မတပူတင်က ပြီးမြောက်အောင် ကြိုးစားခဲ့တဲ့ ထောင့်က ပြောမယ်ဆိုရင်ဒါက မဟာဗျူဟာကျကျ ကျဆုံးပြီးသွားပါပြီ။ ဒါ က သိပ်ကို အရေးကြီးပါတယ်လို့ မစ္စတာ ဘလင်ကန်က ပြောပါတယ်။

ပြင်သစ်ကလည်း လာမယ့် သီတင်းပတ်တွေမှာ လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ လက်နက်တပ်ဆင်ထားတဲ့ ယာဥ်တွေကို ဆက်လက်ပို့ပေးမယ်လို့ သမ္မတ Emmanuel Macron က ကတိပြုလိုက်ပါတယ်။ ယူကရိန်း ရဲ့ တန်ပြန်ထိုးစစ် အောင်မြင်နိုင်သမျှ အောင်မြင်စေချင်ပါတယ်လို့လည်းသူက ဆိုပါတယ်။ ယူကရိန်း တောင်ပိုင်း Zaporizhzhia ဒေသမှာ ဂျာမန်လုပ် Leopard တင့်ကားနဲ့ အမေရိကန်လုပ် Bradley တိုက်ခိုက်ရေး ယာဥ်တွေကို သိမ်းမိတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့ မှာပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG