သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ရုရှား- ယူကရိန်း ပယ်ချ


 အာဖရိကခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ Kyivမှာ တွေ့ဆုံ၊ ဂျွန် ၁၆။၂၀၂၃။
အာဖရိကခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ Kyivမှာ တွေ့ဆုံ၊ ဂျွန် ၁၆။၂၀၂၃။

ယူကရိန်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူညီချက်တခုရဖို့ ကြိုးစားကြတဲ့ အာဖရိက ၇နိုင်ငံ ခေါင်းဆောင်တွေဟာ သူတို့ အဆိုပြုချက်မအောင်မြင်ပဲ လက်ဗလာနဲ့ပြန်သွားရပါပြီ။

အာဖရိကခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့ ယူကရိန်းကိုသွားရောက်ခဲ့သလို စနေနေ့မှာတော့ ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံပြီး ဒီစစ်ပွဲဟာကမ္ဘာတခုလုံးအတွက် အန္တရာယ်ရှိနေတယ်ဆိုတာကို ပြောဆိုခဲ့ကြပါတယ်။ အာဖရိကကိုယ်စားလှယ်အဖွဲ့မှာ ကိုမိုရို၊ ကွန်ဂို၊ အီဂျစ်၊ ဆီနီဂဲလ်၊ တောင်အာဖရိက၊ ယူဂန်ဒါနဲ့ ဇန်ဘီယာနိုင်ငံက ကိုယ်စားလှယ်တွေပါဝင်ကြပါတယ်။

သူတို့ဟာ ယူကရိန်းနဲ့ ရုရှားကိုသွားရောက်ပြီး၊ ငြိမ်းချမ်းရေးအဆိုပြုချက်လုပ်ခဲ့တာပါ။ ယူကရိန်းသမ္မတရော ရုရှားသမ္မတကပါ အာဖရိကခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုရင် ယူကရိန်းနယ်မြေထဲက ရုရှားတပ်တွေ ပြန်ဆုတ်ပေးရမယ်လို့ ယူကရိန်းသမ္မတက ပြောသလို၊ ရုရှားသမ္မတပူတင်ကလည်း နိုင်ငံတကာအသိအမှတ်ပြု ယူကရိန်းနယ်စပ် မျဉ်းကို လက်ခံဖို့အခြေခံထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ငြင်းဆန်ထားပါတယ်။

တောင်အာဖရိကသမ္မတ Cyril Ramaphosa (ဝဲ)နှင့် ရုရှားသမ္မတ Vladimir Putin(ယာ)တို့ ရုရှားနိုင်ငံ St.Petersburg မှာတွေ့ဆုံနုတ်ဆက် ဂျွန် ၁၇၊ ၂၀၂၃
တောင်အာဖရိကသမ္မတ Cyril Ramaphosa (ဝဲ)နှင့် ရုရှားသမ္မတ Vladimir Putin(ယာ)တို့ ရုရှားနိုင်ငံ St.Petersburg မှာတွေ့ဆုံနုတ်ဆက် ဂျွန် ၁၇၊ ၂၀၂၃
ယူကရိန်းနဲ့ ရုရှားအကြား ဘယ်လိုငြိမ်းချမ်းရေးဆွေးနွေးမှုမျိုးမဆို ရေရှည်ခိုင်ခံမယ့် မျှတမှုမျိုးဖြစ်ရမယ်လို့ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က သတိပေးပါတယ်။ ရုရှားဖက် တောင်းဆိုမှုအပေါ် လက်ခံတာမျိုးကို ငြိမ်းချမ်းရေးမခေါ်နိုင်ဘူးလို့လည်း ပြောပါတယ်။ ငြိမ်းချမ်းရေးကို ဖြစ်နိုင်သမျှမြန်မြန် သံတမန်ရေးကတဆင့် အရယူရမယ်လို့ တောင်အာဖရိကသမ္မတက ယူကရိန်းမှာ ပြောဆိုခဲ့အပြီး နေတိုးအကြီးအကဲက အခုလို မှတ်ချက်ပြုလိုက်တာပါ။ ဒီစစ်ပြီးရင် ရုရှားဖက်က ထပ်မံ တိုက်ခိုက်တာမျိုးမလုပ်ပါဘူးဆိုတဲ့ ယူကရိန်းလုံခြုံရေးအတွက် အာမခံချက်မျိုးရှိရမယ်လို့ နေတိုးအကြီးအကဲကပြောပါတယ်။

တနင်္ဂနွေနေ့ ဗြိတိန်ထောက်လှန်းရေးအစီရင်ခံစာအရတော့ ရုရှားနဲ့ ယူကရိန်းအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ထိခိုက်ကျဆုံးမှု အတော်ရှိနေတယ်လို့ သိရပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားသိမ်းယူထားတဲ့နယ်မြေတွေကို ပြန်ရယူဖို့ ကြိုးပမ်းနေကြတာလို့ ဗြိတိန်တာဝန်ရှိသူတွေ ပြောပါတယ်။

ရုရှားဖက်မှာဆိုရင် မတ်လတွင်း Bakhmut တိုက်ပွဲ အဆိုးဆုံးကာလကတည်းကဆိုရင်၊ အခု တိုက်ပွဲဟာ ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့ ဗြိတိန်စစ်ဖက်တာဝန်ရှိသူတွေက သူ့တို့ရဲ့ ပုံမှန်အကဲဖြတ်စစ်တမ်းမှာ ပြောထားပါတယ်။ ဗြိတိန်ထောက်လှန်းရေးအချက်အလက်တွေအရဆိုရင် အပြင်းထန်ဆုံးတိုက်ပွဲဟာ Zaporizhzhia အရှေ့တောင်ဖက် Bakhmut တဝိုက်မှာဖြစ်ပြိး၊ ယူကရိန်းအရှေ့ခြမ်း Donetsk ဒေသ အနောက်ဖျားပိုင်းမှာ ဖြစ်တာလို့ သိရပါတယ်။

နောက်ဆုံးအခြေအနေအရတော့ ယူကရိန်းတောင်ပိုင်းမှာ ယူကရိန်းတပ်တွေဟာ ရှေ့ကို အနည်းငယ်ပဲ တိုးနိုင်ပြီး၊ ရုရှားတပ်တွေဖက်က အတော်လေး ထိထိရောက်ရောက် ခုခံထားနိုင်ပါတယ်။

အာဖရိကခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ရုရှား- ယူကရိန်း ပယ်ချ
please wait

No media source currently available

0:00 0:02:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG