သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားလက်နက်တွေ ဘယ်လာရုစ်ကို ရုရှားပို့


US Russia Nuke
US Russia Nuke

နျူကလီယားလက်နက်တွေ ဘယ်လာရုစ်ကို ရုရှားပို့

အနောက်နိုင်ငံတွေအနေနဲ့ ရုရှားကို ဒုက္ခရောက်အောင် မလုပ်ဖို့ သတိပေးတဲ့အနေနဲ့ ရုရှားက သူ့ရဲ့မဟာဗျူဟာမြောက် နျူကလီယားလက်နက်တွေကို ဘယ်လာရုစ်မှာ ချထားပြီး ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က St Petersburg မှာပြုလုပ်တဲ့ ရုရှားရဲ့စီးပွါးရေးဖိုရမ်ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

ဘယ်လာရုစ်သမ္မတ Alexander Lukashenko နဲ့ ညှိနှိုင်းထားတဲ့ အတိုင်း မဟာဗျူဟာမြောက် နျူကလီယားမစ်ဇိုင်းဒုံးတွေကို ဘယ်လာရုစ်ကို ပို့ထားပြီးဖြစ်ကြောင်း ဒါဟာ ပထမအသုတ်ပဲ ဖြစ်ပြီး နွေရာသီအကုန် ဒါမှမဟုတ် ဒီနှစ်အကုန်လောက်မှာ အပြီးပို့နိုင်မှာ ဖြစ်ကြောင်း ပြောသွားတာပါ။

အခုအချိန်မှာ ရုရှားအတွက် နျူကလီယားလက်နက် မလိုသေးဘူးလို့လည်းပြောပါတယ်။ တာတိုပစ် နျူကလီယား လက်နက်တွေကို ဘယ်လာရုစ်ကို ပို့ပေးနေပြီး ဒါဟာ စစ်ပွဲမှာ သုံးဖို့ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တကယ်လို့ ယူကရိန်းကို အနောက်နိုင်ငံတွေက လက်နက်တပ်ဆင်ပေးဖို့ လုပ်မယ်ဆိုရင်လည်း ဒါက သတိပေးတာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ Putin ရဲ့ ဒီပြောကြားချက်အတွက် အမေရိကန်သမ္မတအိမ်ဖြူက ရှုတ်ချခဲ့ပါတယ်။

သမ္မတ Putin က ယူကရိန်းဟာ သူ့ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုမှာ တိုးတက်မှုမရှိဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ စစ်ရေးသုံးသပ်သူတွေကတော့ ယူကရိန်းတပ်တွေဟာ ၁၆ လနီးပါး ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွင်း Kyiv, Kharkiv နဲ့ Kherson မြို့ဝန်းကျင်တွေမှာရှိတဲ့ ရုရှားတပ်တွေ ပြန်ဆုတ်သွားအောင် တိုက်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

တချိန်ထဲမှာပဲ မေရိကန်အစိုးရက ယူကရိန်းကို စားနပ်ရိက္ခာ သောက်သုံးရေနဲ့ ယူကရိန်း ပြည်သူတွေ ခိုနားဖို့နဲ့ တခြားအကူအညီတွေအတွက် လူသားစာနာမှု အကူအညီ နောက်ထပ် ဒေါ်လာ ၂၀၅ သန်း ချထားပေးကြောင်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ မှာ အမေရိကန်က ယူကရိန်းအတွက် ဒေါ်လာ ၆၀၅ သန်းကျော် လူသားစာနာမှုအကူညီပေး ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG