သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရေကာတာပေါက်ကွဲမှု ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ


ယူကရိန်းနိုင်ငံတောင်ပိုင်း Kherson မြို့အနီးက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ Nova Kakhovka ရေကာတာကြီး (ဇွန် ၆၊ ၂၀၂၃)
ယူကရိန်းနိုင်ငံတောင်ပိုင်း Kherson မြို့အနီးက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ Nova Kakhovka ရေကာတာကြီး (ဇွန် ၆၊ ၂၀၂၃)

ယူကရိန်းနိုင်ငံတောင်ပိုင်း Kherson မြို့အနီးက ပင်မ ရေကာတာကြီးဟာ အင်္ဂါနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲခဲ့တဲ့အပေါ် ယူကရိန်းနဲ့ ရုရှားတို့ကအပြန်အလှန် စွပ်စွဲမှုတွေလုပ်နေကြပါတယ်။ ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့ နေရာမှာရှိနေတဲ့ အဲ့ဒီ Kakhovka ရေကာတာပျက်စီးမှုကြောင့် Dnipro မြစ်တစ်လျှောက်နေထိုင်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့အတွက်သတိပေးတာတွေ လုပ်ခဲ့ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း သူ့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အရေးပေါ်အစည်းအဝေးကို ခေါ် ယူပြီး ပေါက်ကွဲမှု အခြေအနေတွေကိုဆွေးနွေးခဲ့ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိတဲ့ ရေလှောင်တမံကို ဖျက်ဆီးတဲ့အတွက် ရုရှားတွေကို ယူကရိန်းမြေပေါ်ကနေ အပြီးအပိုင် နှင်ထုတ်ဖို့ တကမ္ဘာလုံးကို ကတိပြုတယ်လို့လည်း Zelenskyy က ပြောပါတယ်။

ယူကရိန်းနိုင်ငံ Kherson ဒေသက Kakhovka ဆည် ပေါက်ကွဲပြီးနောက် အနီးနားက မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေစဉ် (ဇွန် ၆၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ Kherson ဒေသက Kakhovka ဆည် ပေါက်ကွဲပြီးနောက် အနီးနားက မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေစဉ် (ဇွန် ၆၊ ၂၀၂၃)

ယူကရိန်းသမ္မတရုံး အကြီးအကဲ Andriy Yermak ကလည်း ရေကာတာ ဖျက်ဆီးတဲ့ ရုရှားရဲ့လုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာနဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။ ရုရှားဘက်ကလည်း ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့်ရေကာတာ ပျက်စီးတာလို့ ရုရှားအရာရှိများက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအေဂျင်စီက ရေကာတာ ကျိုးပေါက်မှုကြောင့် ထောင်နဲ့ ချီတဲ့ အရပ်သားတွေကို အန္တရာယ်ဖြစ်စေပြီး အများအပြားမှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူသားချင်းစာနာထောက်ထားမှု အလွန်လိုအပ်နေကြောင်း အင်္ဂါနေ့က တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

ယူကရိန်းရေကာတာပေါက်ကွဲမှု ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG