သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ဒဏ်ခတ်အရေးယူရေး G-7 မှာ ဆွေးနွေးမည်

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ အစည်းအဝေးပွဲအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (အလယ်)နဲ့အတူထိုင်နေတဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်(ယာ) ၊ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (ဝဲ) တို့ကို တွေ့ရစဉ် (မေ ၁၈၊ ၂၀၂၃)
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ အစည်းအဝေးပွဲအတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (အလယ်)နဲ့အတူထိုင်နေတဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်(ယာ) ၊ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (ဝဲ) တို့ကို တွေ့ရစဉ် (မေ ၁၈၊ ၂၀၂၃)

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ နက်ဖြန်စတင်မယ့် G7 ထိပ်သီးစည်းဝေးပွဲမှာ G7 ခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးကြမယ်ဆိုတာကိုတော့ ညှိနှိုင်းနေကြဆဲဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ဂျပန်ကို အသွားမှာ သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားတို့ရဲ့ ကျူးကျော်စစ်ဒဏ် ခံနေရတဲ့ ယူကရိန်းအစိုးရကို စစ်ရေးထောက်ပံ့မှုပေးဖို့နဲ့ ရုရှားကို စီးပွားရေးအရ ပိတ်ဆို့ဖိအားပေးဖို့ ကိစ္စတွေကို G7 စည်းဝေးပွဲမှာ အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒတ်ခတ်မှုကို ကျော်လွှားနိုင်တဲ့ ဂယ်ပေါက်တွေကို မရှိအောင်လုပ်ပြီး အရေးယူဒဏ်ခတ်မှုတွေ အကောင်အထည်ဖော်ရေးကို ခေါင်းဆောင်တွေ အာရုံစိုက် ဆွေးနွေးကြလိမ့်မယ်လို့ နိုင်ငံတော်လုံခြုံရေးအကြံပေး Jake Sullivan ကပြောကြားခဲ့ပါတယ်။

တချိန်ထဲမှာပဲ ယူကရိန်းနိုင်ငံ နေရာစုံအပေါ် ရုရှားတို့ဘက်က ပစ်ခတ်ခတ်ခဲ့တဲ့ ပဲ့ထိန်း cruise missile ဒုံး ၃၀ ထဲက ၂၉ ခုကို ပစ်ချခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းကနေ ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းအထိ ရုရှားတို့ဘက်က တိုက်ခိုက်မှုအတွင်း ဖောက်ခွဲတိုက်ခိုက်ရေးဒရုန်း ၂ ခုနဲ့ ထောက်လှမ်းရေးဒရုန်း ၂ ခုကိုလည်း ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်ပြောခွင့်ရက ပြောပါတယ်။ နိုင်ငံတောင်ပိုင်း Odesa ဒေသကို ကျရောက်ခဲ့တဲ့ ရုရှားတို့ရဲ့ Missile ဒုံးတခုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ Odesa ဒေသနဲ့ Kyiv မြို့တော်ကို ရုရှားတို့ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ ယူကရိန်းတို့ဘက်က ပြောပါတယ်။ မေလအတွင်း Kyiv မြို့တော် အပေါ် ၉ ကြိမ်မြောက် ပြစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပြီး မြို့တော်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။

ရုရှားအပေါ် ဒဏ်ခတ်အရေးယူရေး G-7 မှာ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG