သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို တိုက်လေယာဉ်တွေထောက်ပံ့ဖို့ နိုင်ငံတကာညွန့်ပေါင်းဖွဲ့မည်


နယ်သာလန်ဝန်ကြီးချုပ် Mark Rutte (ဝဲ) ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ အိုက်စ်လန်မှကျင်းပတဲ့ ဥရောပကောင်စီ ထိပ်သီးစည်းဝေးပွဲမှာတွေ့ရစဥ်။ 
နယ်သာလန်ဝန်ကြီးချုပ် Mark Rutte (ဝဲ) ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ အိုက်စ်လန်မှကျင်းပတဲ့ ဥရောပကောင်စီ ထိပ်သီးစည်းဝေးပွဲမှာတွေ့ရစဥ်။ 

ယူကရိန်းကို တိုက်လေယာဥ်တွေပေးဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထူထောင်ကြမယ်လို့ ယူကေဝန်ကြီးချုပ် Rishi Sunak နဲ့ နယ်သာလန်ဝန်ကြီးချုပ် မာ့က် ရပ်တာ (Mark Rutte) တို့က အင်္ဂါနေ့က ကတိပြုလိုက်ကြပါတယ်။

“လေ့ကျင့်ပေးတာကနေ F16 ပို့ဆောင်တဲ့အထိ ယူကရိန်းရဲ့ လေကြောင်းတိုက်ပွဲ စွမ်းဆောင်ရည်မြှင့်ပေးဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တရပ်ကို ထူထောင်ကြမယ်လို့ ဝန်ကြီးချုပ် ၂ ဦး သဘောတူကြကြောင်း ဆူးနက်ရဲ့ရုံးက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အိုက်စလင်န်မှာလုပ်နေတဲ့ ဥရောပကောင်စီ ထိပ်သီး အစည်းအဝေးမှာ သူတို့ ၂ ယောက် တွေ့ဆုံကြပြီးတဲ့နောက် ခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့က Sunak ရဲ့အိမ်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် တိုက်လေယာဥ် ပူးပေါင်းဆောင်ရွက်ရေးအတွက် အကောင်းမြင်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelensky က ပြောပါတယ်။

ခုအထိတော့ ဥရောပမဟာမိတ်တွေက ယူကရိန်းကို ခေတ်မီ ဂျက်တိုက်လေယာက်တွေပေးဖို့ နှောင့်နှေးနေကြဆဲပါ။ ဒါပေမဲ့ ယူကရိန်းတိုက်လေယာဥ်မှူးတွေကို လေ့ကျင့်ပေးမယ့်ကျောင်းကို ဖွင့်ပေးဖို့ ယူကေကပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် Sunak က တနင်္လာနေ့မှာ ပြောပါတယ်။ ပြင်သစ်ကလည်း အလားတူ ကျောင်းဖွင့်ဖို့ ကမ်းလှမ်းထားပေမဲ့ ယူကရိန်းကို တိုက်လေယာဥ်တွေ ပို့ပေးဖို့ကိုတော့ မဖြစ်နိုင်ကြောင်း ပြောထားတာပါ။

နေတိုးမှာ ယူကရိန်းရဲ့ ရသင့်ရထိုက်တဲ့နေရာရှိတာကို ဝန်ကြီးချုပ် က ယုံကြည်ကြောင်း ထပ်မံ ပြောဆိုပြီး အနာဂတ်တိုက်ခိုက်မှုတွေ ကိုပါတားဆီပေးနိုင်တဲ့ အာမခံချက်ပေးနိုင်မယ့် ရေရှည်လုံခြုံရေးဆိုင်ရာအကူအညီပေးဖို့ မဟာမိတ်တွေအတွက် အရေးကြီးတာကိုလည်း ခေါင်းဆောင်တွေကသဘောတူကြကြောင်း Sunak ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG