သမၼတ Putin နဲ႔နီးစပ္တဲ႔ စီးပြားေရးအသိုင္းအဝိုင္း အေပၚ EU ဒဏ္ခတ္မႈ တိုးျမွင္႔မည္
{{Zawgyi/Unicode}}
ယူကရိန္းအေပၚ က်ဳးေက်ာ္မႈအတြက္ ႐ုရွားသမၼတ Vladimir Putin နဲ႔ နီးစပ္တဲ့ အစိုးရတာ၀န္ရွိသူေတြရဲ႕ စီးပြားေရးသမားေတြကို ပစ္မွတ္ထား ဒဏ္ခတ္မႈေတြကို တတိယအႀကိမ္ ထပ္မံတိုးျမႇင့္ဖို႔ ဥေရာပသမဂၢ (EU) က သေဘာတူလိုက္ပါတယ္။ ဥေရာပေကာင္စီရဲ႕ လက္ရွိဥကၠ႒ ျပင္သစ္ႏိုင္ငံက ဗုဒၶဟူးေန႔ Twitter ကေန သတင္းထုတ္ျပန္ရာမွာ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈနဲ႔ ပါ၀င္ပတ္သက္တဲ့ ႐ုရွားေခါင္းေဆာင္ေတြ၊ စီးပြားေရးသမားႀကီးေတြ၊ မိသားစု၀င္ေတြကို ပိတ္ဆို႔ဒဏ္ခတ္မႈသစ္ေတြ ခ်မွတ္သြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့တာပါ။
ေဖေဖာ္ဝါရီလ ၂၄ ရက္၊ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈစခဲ့ခ်ိန္ကစလို႔ အျပင္းထန္ဆုံးျဖစ္တဲ့ တတိယအႀကိမ္ အေရးယူဒဏ္ခတ္မႈေတြမွာ EU ထဲက ႐ုရွားဗဟိုဘဏ္ရဲ႕ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ဖို႔၊ ႐ုရွားအစိုးရ မီဒီယာေတြကို တားျမစ္ဖို႔ေတြလည္း ပါ၀င္ပါတယ္။
ဗုဒၶဟူးေန႔က အတည္ျပဳလိုက္တဲ့ အစီအစဥ္မွာ ေရေၾကာင္းလုပ္ငန္းနဲ႔ ဘဲလာ႐ုစ္ႏိုင္ငံက ဘဏ္ ၃ ခုကို ႏိုင္ငံတကာ ေငြေပးေခ်ေရးစနစ္ကေန ထုတ္ဖို႔ေတြအျပင္ ႐ုရွားကိုေရာင္းခ်ခြင့္ တားျမစ္လိုက္တဲ့ နည္းပညာေတြ ကုန္ပစၥည္းေတြ စာရင္းအေသးစိတ္ ပါ၀င္ေၾကာင္းလည္း ဥေရာပေကာင္စီ ဥကၠ႒ ျပင္သစ္ႏိုင္ငံက ေျပာပါတယ္။
၂၀၁၄ ခုႏွစ္မွာ ႐ုရွားက ယူကရိန္းႏိုင္ငံပိုင္ ခ႐ိုင္းမီးယား ေဒသကို သိမ္းပိုက္ခဲ့တာ၊ ႐ုရွားကခဲြထြက္ေၾကာင္း ေၾကညာထားတဲ့ ယူကရိန္း အေရွ႕ပိုင္းက Luhansk နဲ႔ Donetsk ေဒသေတြကို အသိအမွတ္ျပဳခဲ့တာ၊ အခုေနာက္ဆုံး ယူကရိန္းကို က်ဳးေက်ာ္ခဲ့တာေတြအေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ EU က ပိတ္ဆို႔ဒဏ္ခတ္ အေရးယူလိုက္တဲ့ လူပုဂၢိဳဟ္ စုစုေပါင္း အခုဆိုရင္ ၆၈၀ အထိ ရွိေနၿပီး၊ အဖဲြ႕အစည္းနဲ႔လုပ္ငန္းေပါင္း ၅၃ ခု အထိ ရွိသြားပါၿပီ။
..................................................
သမ္မတ Putin နဲ့နီးစပ်တဲ့ စီးပွားရေးအသိုင်းအဝိုင်း အပေါ် EU ဒဏ်ခတ်မှု တိုးမြှင့်မည်
{{Unicode}}
ယူကရိန်းအပေါ် ကျုးကျော်မှုအတွက် ရုရှားသမ္မတ Vladimir Putin နဲ့ နီးစပ်တဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေကို တတိယအကြိမ် ထပ်မံတိုးမြှင့်ဖို့ ဥရောပသမဂ္ဂ (EU) က သဘောတူလိုက်ပါတယ်။ ဥရောပကောင်စီရဲ့ လက်ရှိဥက္ကဋ္ဌ ပြင်သစ်နိုင်ငံက ဗုဒ္ဓဟူးနေ့ Twitter ကနေ သတင်းထုတ်ပြန်ရာမှာ ယူကရိန်းအပေါ် ကျုးကျော်မှုနဲ့ ပါဝင်ပတ်သက်တဲ့ ရုရှားခေါင်းဆောင်တွေ၊ စီးပွားရေးသမားကြီးတွေ၊ မိသားစုဝင်တွေကို ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေ ချမှတ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
ဖေဖော်ဝါရီလ ၂၄ ရက်၊ ယူကရိန်းအပေါ် ကျုးကျော်မှုစခဲ့ချိန်ကစလို့ အပြင်းထန်ဆုံးဖြစ်တဲ့ တတိယအကြိမ် အရေးယူဒဏ်ခတ်မှုတွေမှာ EU ထဲက ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့၊ ရုရှားအစိုးရ မီဒီယာတွေကို တားမြစ်ဖို့တွေလည်း ပါဝင်ပါတယ်။
ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တဲ့ အစီအစဉ်မှာ ရေကြောင်းလုပ်ငန်းနဲ့ ဘဲလာရုစ်နိုင်ငံက ဘဏ် ၃ ခုကို နိုင်ငံတကာ ငွေပေးချေရေးစနစ်ကနေ ထုတ်ဖို့တွေအပြင် ရုရှားကိုရောင်းချခွင့် တားမြစ်လိုက်တဲ့ နည်းပညာတွေ ကုန်ပစ္စည်းတွေ စာရင်းအသေးစိတ် ပါဝင်ကြောင်းလည်း ဥရောပကောင်စီ ဥက္ကဋ္ဌ ပြင်သစ်နိုင်ငံက ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယား ဒေသကို သိမ်းပိုက်ခဲ့တာ၊ ရုရှားကခွဲထွက်ကြောင်း ကြေညာထားတဲ့ ယူကရိန်း အရှေ့ပိုင်းက Luhansk နဲ့ Donetsk ဒေသတွေကို အသိအမှတ်ပြုခဲ့တာ၊ အခုနောက်ဆုံး ယူကရိန်းကို ကျုးကျော်ခဲ့တာတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ EU က ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တဲ့ လူပုဂ္ဂိုဟ် စုစုပေါင်း အခုဆိုရင် ၆၈၀ အထိ ရှိနေပြီး၊ အဖွဲ့အစည်းနဲ့လုပ်ငန်းပေါင်း ၅၃ ခု အထိ ရှိသွားပါပြီ။