သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနိုင်ငံဖြစ်တည်မှု ပူတင် ခြိမ်းခြောက်ပြောဆို


ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂)
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းက လက်ရှိသွားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် ယူကရိန်းနိုင်ငံတော် ဖြစ်တည်မှုက အန္တရာယ်ရှိတယ်လို့ ရုရှားသမ္မတ ပူတင်က စနေနေ့မှာ ပြောလိုက်ပါတယ်။ ယူကရိန်းအပေါ် မပျံသန်းရဇုန် သတ်မှတ်ရင် ဥရောပအတွက်သာမက ကမ္ဘာကြီးအတွက်ပါ ဧရာမစစ်ကပ်ဘေး ဆိုက်လိမ့်မယ်လို့ Aeroflot ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ ပူတင်က ပြောပါတယ်။

အဲဒီ စနေနေ့မှာပဲ ရုရှား-ယူကရိန်း ယာယီအပစ်ရပ်ရေး သဘောတူညီချက်က ပျက်သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသဘောတူညီချက်ကို ရုရှားတပ်ဖွဲ့တွေက စောင့်ထိန်းမယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးအုပ်စုတစုရဲ့ တာဝန်ရှိသူတဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Mariupol နဲ့ Volnovakha မြို့တွေကနေ အရပ်သားတွေ ရှောင်သွားနိုင်မယ့် လမ်းကြောင်းတွေကို ပြန်ဖွင့်ပေးမယ်လို့လည်း Donetsk မြို့ကို ထိန်းချုပ်ထားတဲ့ ခွဲထွက်ရေးအုပ်စုရဲ့ စစ်ရေးတာဝန်ရှိသူတဦးက ဆိုပါတယ်။

နှစ်ဖက် ပစ်ခတ်နေကြတဲ့အတွက် ဒီသဘောတူညီချက်က စနေနေ့တုန်းကတော့ ပျက်သွားသလို ဖြစ်ခဲ့တာပါ။

Mariupol မြို့ကနေ တနင်္ဂနွေနေ့က လူတွေ မြို့ကို စွန့်ခွာထက်ပြေးခဲ့ကြတာကို ယူကရိန်း တာဝန်ရှိသူတွေကလည်း အတည်ပြု ပြောကြားပြီး မနက် ၁၀ နာရီကနေ ည ၉ နာရီအတွင်း ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတိုင်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စနေနေ့တုန်းကတော့ အဲဒီထွက်လမ်းတွေကို ရုရှားတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မြို့တော် Kyiv ရဲ့ မြောက်ပိုင်းက Chernihiv မြို့ကို ကြီးကြီးမားမား ၅၀၀ ကီလိုဂရမ် ဗုံးတွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တာဝန်ရှိသူတဦးက ပြောပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အဲဒီလိုဗုံးတွေက စစ်စခန်းတွေအပေါ်မှာပဲ သုံးတာဖြစ်ပေမယ့် အရပ်ဘက် လူနေအိမ်ခြေတွေအပေါ် ကြဲခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG