သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း-႐ုရွား စစ္ပြဲ ကမၻာ့စီးပြားေရးကို အႀကီးအက်ယ္ ႐ိုက္ခတ္ႏုိင္ - IMF


IMF မန္းေနဂ်င္းဒါ႐ိုက္တာ Kristalina Georgieva. (ေမ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံက အေရးေပၚဘ႑ာေရးရန္ပုံေငြ ေဒၚလာ ၁ ဒသမ ၄ ဘီလီယံ ေတာင္းခံမႈကို လာမယ့္သီတင္းပတ္ထဲ အေစာဆုံးထား ခြင့္ျပဳႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံတကာ ငြေၾကးရန္ပုံေငြအဖြဲ႔ (IMF) က မေန႔ စေနေန႔က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

ယူကရိန္းႏိုင္ငံဟာ စစ္ပြဲေၾကာင့္ စြမ္းအင္နဲ႔ စားေသာက္ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈဒဏ္ကို ခံစားေနရၿပီး အိမ္နီးခ်င္းႏိုင္ငံေတြကိုလည္း စစ္ေျပးဒုကၡသည္ တသန္းေက်ာ္ ထြက္ေျပးေနၾကရတယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ ႐ုရွား-ယူကရိန္း စစ္ပြဲနဲ႔အတူ ဆက္စပ္ေနတဲ့ ပိတ္ဆို႔အေရးယူမႈေတြက ကမၻာ့စီးပြားေရးအေပၚ ဆိုးဆိုးဝါးဝါး ႐ိုက္ခတ္မႈေတြ ရွိလာလိမ့္မယ္၊ ဒါ့အျပင္ ဒီအက်ပ္အတည္းေၾကာင့္ ေငြေဖာင္းပြမႈေတြ၊ စီးပြားေရးလုပ္ငန္းေတြကို လႈပ္ခတ္သြားလိမ့္မယ္လို႔လည္း IMF မန္းေနဂ်င္းဒါ႐ိုက္တာ Kristalina Georgieva က ေျပာပါတယ္။

တကယ္လို႔ စစ္ပြဲအရွိန္ျမင့္လာရင္ စီးပြားေရးအရ ထိခိုက္မႈေတြလည္း ရွိလာမွာျဖစ္ၿပီး ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈဟာ တကမၻာလုံးကို လႈပ္ခတ္သြားမွာ ျဖစ္တဲ့အတြက္ အာဏာပိုင္ေတြအေနနဲ႔ ဆင္းရဲတဲ့ အိမ္ေထာင္စုေတြကို ေငြေၾကးပံ့ပိုးေပးသင့္တယ္လို႔လည္း အႀကံေပးပါတယ္။

အေမရိကန္၊ ဥေရာပႏိုင္ငံေတြနဲ႔ တျခားႏိုင္ငံေတြကေန ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြဟာ ကမၻာ့စီးပြားေရးနဲ႔ ဘ႑ာေရးေစ်းကြက္အေပၚမွာ ႀကီးမားတဲ့ ႐ိုက္ခတ္မႈေတြ ရွိမယ္လို႔လည္း IMF က ဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ယူကရိန်း-ရုရှား စစ်ပွဲ ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်နိုင် - IMF

ယူကရိန်းနိုင်ငံက အရေးပေါ်ဘဏ္ဍာရေးရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ တောင်းခံမှုကို လာမယ့်သီတင်းပတ်ထဲ အစောဆုံးထား ခွင့်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတကာ ငွကြေးရန်ပုံငွေအဖွဲ့ (IMF) က မနေ့ စနေနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ယူကရိန်းနိုင်ငံဟာ စစ်ပွဲကြောင့် စွမ်းအင်နဲ့ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားနေရပြီး အိမ်နီးချင်းနိုင်ငံတွေကိုလည်း စစ်ပြေးဒုက္ခသည် တသန်းကျော် ထွက်ပြေးနေကြရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲနဲ့အတူ ဆက်စပ်နေတဲ့ ပိတ်ဆို့အရေးယူမှုတွေက ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးဆိုးဝါးဝါး ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်၊ ဒါ့အပြင် ဒီအကျပ်အတည်းကြောင့် ငွေဖောင်းပွမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေကို လှုပ်ခတ်သွားလိမ့်မယ်လို့လည်း IMF မန်းနေဂျင်းဒါရိုက်တာ Kristalina Georgieva က ပြောပါတယ်။

တကယ်လို့ စစ်ပွဲအရှိန်မြင့်လာရင် စီးပွားရေးအရ ထိခိုက်မှုတွေလည်း ရှိလာမှာဖြစ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုဟာ တကမ္ဘာလုံးကို လှုပ်ခတ်သွားမှာ ဖြစ်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ဆင်းရဲတဲ့ အိမ်ထောင်စုတွေကို ငွေကြေးပံ့ပိုးပေးသင့်တယ်လို့လည်း အကြံပေးပါတယ်။

အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကနေ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးဈေးကွက်အပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိမယ်လို့လည်း IMF က ဆိုထားပါတယ်။

XS
SM
MD
LG