သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွားကို ဒဏ္ခတ္အေရးယူၿပီးေနာက္  ေလာင္စာဆီေစ်း အဆမတန္ျမင္႔တက္


FILE - A worker walks past pump jacks at an oil field east of Izhevsk, Russia, Dec. 7, 2007.

ရုရွားကို ဒဏ္ခတ္အေရးယူၿပီးေနာက္ ေလာင္စာဆီေစ်း အဆမတန္ျမင္႔တက္

{{Zawgyi/Unicode}}

ရုရွား-ယူကရိန္းစစ္ပဲြနဲ႔ ရုရွားအေပၚပိတ္ဆုိ့အေရးယူမႈေတြလုပ္ခဲ့ၿပီးေနာက္ ဗုဒၶဟူးေန႔က ကမၻာေလာင္စာဆီေစ်းကြက္မွာ ေစ်းႏႈံးေတြဟာ ၁ဝစုႏွစ္ အတြင္းအျမင့္ဆုံးကုိစံခ်ိန္တင္ျမင့္တက္သြားပါတယ္။

ဥေရာပ ေစ်းကြက္မွာ ေရနံတစည္ကုိ ၁၁၃ ဒႆမ ၉၄ ေဒၚလာအထိျမင့္ တက္သြားၿပီး၊ ၂ဝ၁၄ ခုႏွစ္ကေနဒီကေန့အထိျမင့္ဆုံးေစ်းျဖစ္ပါတယ္။ နယူးေယာက္ WTI ေစ်းကြက္မွာ ေရနံတစည္ေပါက္ေစ်းဟာ ၁၁၂ ဒႆမ ၅၁ ေဒၚလာေစ်းေပါက္ၿပီး ၉ ႏွစ္အတြင္းအျမင့္ဆုံးေစ်းျဖစ္ပါတယ္။

ဒီေစ်းကြက္ႏွစ္ခုလုံးမွာ ဗုဒၶဟူးေန႔က ၈ ရာႏႈံးအထိျမင့္တက္ခဲ့ၿပီး၊ ေနာက္ပုိင္းမွာ ၄ ရာခိုင္ႏႈံးအထိျပန္လည္က်ဆင္းခဲ့ပါတယ္။

သဘာဓါတ္ေငြ့ေစ်းကြက္မွာလည္း ဥေရာပမွာ အဓိကေစ်းကြက္ျဖစ္တဲ့ နယ္သာလန္ TTP ေစ်းကြက္မွာ အျမင့္ဆုံး ၁၉၄ ဒႆမ ၇၂ ယူရုိ အထိျမင့္တက္ခဲ့ပါတယ္။ ၿဗိတိသွ်ေစ်းကြက္မွာေတာ့ ကုဗေပ တသိန္းကုိ (Therm) ၄၆၃ ဒႆမ ၈၄ အထိျမင့္တက္ခဲ့ပါတယ္။

ဒါ့အျပင္ စက္မႈသုံး အေပါ့စား သတၱဳအဓိကထုတ္လုပ္တဲ့ ရုရွားဟာ ယူကရိန္းကုိ က်ဴးေက်ာ္ခဲ့ၿပီးေနာက္ အလူမီနီယံ သတၱဳတတန္ကုိ အေမရိကန္ေဒၚလာ ၃၅၉၇ ေဒၚလာအထိျမင့္တက္ခဲ့ပါတယ္။

ရုရွားဟာ ကမၻာေပၚမွာေရနံနဲ့သဘာဝဓာတ္ေငြအမ်ားဆုံးထုတ္လုပ္တဲ့ႏုိင္ငံ တႏုိင္ငံျဖစ္ပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

ရုရှားကို ဒဏ်ခတ်အရေးယူပြီးနောက် လောင်စာဆီဈေး အဆမတန်မြင့်တက်

{{Zawgyi/Unicode}}

ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က ကမ္ဘာလောင်စာဆီဈေးကွက်မှာ ဈေးနှုံးတွေဟာ ၁ဝစုနှစ် အတွင်းအမြင့်ဆုံးကိုစံချိန်တင်မြင့်တက်သွားပါတယ်။

ဥရောပ ဈေးကွက်မှာ ရေနံတစည်ကို ၁၁၃ ဒဿမ ၉၄ ဒေါ်လာအထိမြင့် တက်သွားပြီး၊ ၂ဝ၁၄ ခုနှစ်ကနေဒီကနေ့အထိမြင့်ဆုံးဈေးဖြစ်ပါတယ်။ နယူးယောက် WTI ဈေးကွက်မှာ ရေနံတစည်ပေါက်ဈေးဟာ ၁၁၂ ဒဿမ ၅၁ ဒေါ်လာဈေးပေါက်ပြီး ၉ နှစ်အတွင်းအမြင့်ဆုံးဈေးဖြစ်ပါတယ်။

ဒီဈေးကွက်နှစ်ခုလုံးမှာ ဗုဒ္ဓဟူးနေ့က ၈ ရာနှုံးအထိမြင့်တက်ခဲ့ပြီး၊ နောက်ပိုင်းမှာ ၄ ရာခိုင်နှုံးအထိပြန်လည်ကျဆင်းခဲ့ပါတယ်။

သဘာဓါတ်ငွေ့ဈေးကွက်မှာလည်း ဥရောပမှာ အဓိကဈေးကွက်ဖြစ်တဲ့ နယ်သာလန် TTP ဈေးကွက်မှာ အမြင့်ဆုံး ၁၉၄ ဒဿမ ၇၂ ယူရို အထိမြင့်တက်ခဲ့ပါတယ်။ ဗြိတိသျှဈေးကွက်မှာတော့ ကုဗပေ တသိန်းကို (Therm) ၄၆၃ ဒဿမ ၈၄ အထိမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် စက်မှုသုံး အပေါ့စား သတ္တုအဓိကထုတ်လုပ်တဲ့ ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် အလူမီနီယံ သတ္တုတတန်ကို အမေရိကန်ဒေါ်လာ ၃၅၉၇ ဒေါ်လာအထိမြင့်တက်ခဲ့ပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာရေနံနဲ့သဘာဝဓာတ်ငွေအများဆုံးထုတ်လုပ်တဲ့နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။

XS
SM
MD
LG