သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရနံယိုစိမ့္လို႔ ထိုင္းအေရွ႕ျခမ္း ကမ္းေျခတခု ကပ္ေဘးေဒသ ေၾကညာ


ေရနံယုိစိမ့္မႈေၾကာင့္ ညစ္ႏြမ္းေနတဲ့ Mae Ramphueng ကမ္းေျခမွာ သန္႔ရွင္ေရးလုပ္ေနတဲ့ ဝန္ထမ္းတဦး။ (ဇန္နဝါရီ ၂၉၊ ၂၀၂၂)

(Zawgyi / Unicode)

ထိုင္းပင္လယ္ေကြ႔ရွိ ေရေအာက္ေရနံပိုက္လိုင္း ယိုစိမ့္မႈေၾကာင့္ ထိုင္းအေရွ႕ပိုင္း ကမ္းေျခတခုျဖစ္တဲ့ Mae Ramphueng ကမ္းေျခကို ကပ္ေဘးက်ေဒသအျဖစ္ ဒီေန႔ ေၾကညာလိုက္ရပါတယ္။

SPRC လို႔ အတိုေကာက္ေခၚတဲ့ Star Petroleum ျပည္သူ႔ေရနံခ်က္ကုမၸဏီပိုင္ ေရနံပိုက္လိုင္းတခု အဂၤါညက စယိုစိမ့္ခဲ့ၿပီး အခုလို ပင္လယ္ကမ္းေျခေတြအထိ ေရနံေတြေရာက္လာကာ သဲေသာင္ျဖဴေတြပါ မည္းက်သြားခဲ့ပါတယ္။

ထိုင္းႏုိင္ငံအေရွ႕ပိုင္း စက္မႈဇုန္ကေန ၁၂ မိုင္သာေဝးတဲ့ သမုဒၵရာထဲမွာ ေရနံဂါလံ ခန္႔မွန္းေခ် ၁၃,၂၀၀ ေက်ာ္ ယိုစိမ့္ထြက္ခဲ့တာကို ေနာက္တေန႔မွာ ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ ယိုစိမ့္ၿပီးသားေတြက အခုလို ကမ္းေျခေတြအထိ ေရာက္လာ ဒုကၡေပးခဲ့တာပါ။

တခ်ိဳ႕ေရနံေတြက Rayong ျပည္နယ္က Mae Ramphueng ကမ္းေျခအစပ္နားကို မေန႔ ေသာၾကာေႏွာင္းပိုင္းထဲက စေရာက္လာခဲ့ၿပီး ေရျပင္ဧရိယာ ၁၈ စတုရန္းမိုင္ အက်ယ္အထိ ျပန္႔ေနခဲ့တယ္လို႔ ႐ုိက္တာသတင္းဌာနက ေျပာပါတယ္။

ထိုင္းေရတပ္အေနနဲ႔ ဒီ ေရနံယိုစိမ့္မႈကို ကူညီထိန္းခ်ဳပ္ေပးေနရာမွာ အခု ေရေပၚျပန္႔ေနတဲ့ ေရနံအစုႀကီးက ဆက္တည္ရွိေနၿပီး ဒီအထဲက တခ်ိဳ႕ေရနံေတြသာ ၇ မိုင္ခြဲ ရွည္လ်ားတဲ့ Mae Ramphueng ကမ္းေျခက ေနရာ ၂ ခုကို လႊမ္းသြားခဲ့တာလို႔ ဆိုပါတယ္။

ပင္လယ္ကမ္းေျခအထိ ေရာက္လာတဲ့ ဒီေရနံေတြကို ဖယ္ရွားပစ္ဖို႔ ထိုင္းေရတပ္သား ၂၀၀ နဲ႔ SRPC ေရနံခ်က္ကုမၸဏီ အလုပ္သမား ၁၅၀ တို႔ကို ခ်ထားၿပီး ကမ္းေျခ သန္႔ရွင္းေရးေတြ ဆက္လုပ္တယ္လို႔ ထိုင္းေရတပ္က ဆိုပါတယ္။

ထိုင္းေရတပ္သေဘၤာ ၁၂ စီးနဲ႔ အရပ္သားသေဘၤာ ၃ စီးတို႔ကိုလည္း ပင္လယ္ကမ္းေျခနားမွာ ခ်ထားၿပီး ဒီေရနံအစုအေဝး ထပ္ျပန္႔မထြက္ေအာင္ ေရေပၚတဲ့ အတားအဆီးေတြ ဝိုင္းပတ္ခ်ထားကာ ေလမႈတ္စက္ေတြနဲ႔ပါ ဝိုင္းထိန္းေပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရေနံယိုစိမ့်လို့ ထိုင်းအရှေ့ခြမ်း ကမ်းခြေတခု ကပ်ဘေးဒေသ ကြေညာ

ထိုင်းပင်လယ်ကွေ့ရှိ ရေအောက်ရေနံပိုက်လိုင်း ယိုစိမ့်မှုကြောင့် ထိုင်းအရှေ့ပိုင်း ကမ်းခြေတခုဖြစ်တဲ့ Mae Ramphueng ကမ်းခြေကို ကပ်ဘေးကျဒေသအဖြစ် ဒီနေ့ ကြေညာလိုက်ရပါတယ်။

SPRC လို့ အတိုကောက်ခေါ်တဲ့ Star Petroleum ပြည်သူ့ရေနံချက်ကုမ္ပဏီပိုင် ရေနံပိုက်လိုင်းတခု အင်္ဂါညက စယိုစိမ့်ခဲ့ပြီး အခုလို ပင်လယ်ကမ်းခြေတွေအထိ ရေနံတွေရောက်လာကာ သဲသောင်ဖြူတွေပါ မည်းကျသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအရှေ့ပိုင်း စက်မှုဇုန်ကနေ ၁၂ မိုင်သာဝေးတဲ့ သမုဒ္ဒရာထဲမှာ ရေနံဂါလံ ခန့်မှန်းချေ ၁၃,၂၀၀ ကျော် ယိုစိမ့်ထွက်ခဲ့တာကို နောက်တနေ့မှာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ယိုစိမ့်ပြီးသားတွေက အခုလို ကမ်းခြေတွေအထိ ရောက်လာ ဒုက္ခပေးခဲ့တာပါ။

တချို့ရေနံတွေက Rayong ပြည်နယ်က Mae Ramphueng ကမ်းခြေအစပ်နားကို မနေ့ သောကြာနှောင်းပိုင်းထဲက စရောက်လာခဲ့ပြီး ရေပြင်ဧရိယာ ၁၈ စတုရန်းမိုင် အကျယ်အထိ ပြန့်နေခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

ထိုင်းရေတပ်အနေနဲ့ ဒီ ရေနံယိုစိမ့်မှုကို ကူညီထိန်းချုပ်ပေးနေရာမှာ အခု ရေပေါ်ပြန့်နေတဲ့ ရေနံအစုကြီးက ဆက်တည်ရှိနေပြီး ဒီအထဲက တချို့ရေနံတွေသာ ၇ မိုင်ခွဲ ရှည်လျားတဲ့ Mae Ramphueng ကမ်းခြေက နေရာ ၂ ခုကို လွှမ်းသွားခဲ့တာလို့ ဆိုပါတယ်။

ပင်လယ်ကမ်းခြေအထိ ရောက်လာတဲ့ ဒီရေနံတွေကို ဖယ်ရှားပစ်ဖို့ ထိုင်းရေတပ်သား ၂၀၀ နဲ့ SRPC ရေနံချက်ကုမ္ပဏီ အလုပ်သမား ၁၅၀ တို့ကို ချထားပြီး ကမ်းခြေ သန့်ရှင်းရေးတွေ ဆက်လုပ်တယ်လို့ ထိုင်းရေတပ်က ဆိုပါတယ်။

ထိုင်းရေတပ်သင်္ဘော ၁၂ စီးနဲ့ အရပ်သားသင်္ဘော ၃ စီးတို့ကိုလည်း ပင်လယ်ကမ်းခြေနားမှာ ချထားပြီး ဒီရေနံအစုအဝေး ထပ်ပြန့်မထွက်အောင် ရေပေါ်တဲ့ အတားအဆီးတွေ ဝိုင်းပတ်ချထားကာ လေမှုတ်စက်တွေနဲ့ပါ ဝိုင်းထိန်းပေးနေကြပါတယ်။

XS
SM
MD
LG