သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ရေနံပိုရောင်းခွင့် ရုရှား နဲ့ တရုတ် လိုလား


သန့်စင်ပြီး ရေနံထွက်ပစ္စည်းတွေကို မြောက်ကိုရီးယားနိုင်ငံဆီတင်ပို့နေတာရပ်ဆိုင်းဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို တရုတ်နဲ့ ရုရှားတို့က စဉ်းစားချိန်ပိုပေးဖို့ တုံ့ပြန်ခဲ့တယ်လို့ သံတမန်တွေက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံသုံးဖို့ ကုလသမဂ္ဂသတ်မှတ်ထားတဲ့ ပမာဏထက်ကျော်လွန်ပြီး တရားမဝင်ရေနံတင်သွင်းနေတယ်လို့ဆိုပြီး အမေရိကန်က မြောက်ကိုရီးယားဆီ ရေနံတင်ပို့မှုတွေရပ်ဖို့ ကုလသမဂ္ဂ အရေးယူဒဏ်ခတ်မှုဆိုင်ရာကော်မတီကို ပြီးခဲ့တဲ့သီတင်းပါတ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂအရေးယူ ဒဏ်ခတ်ထားမှုအရ တနှစ်ကို ရေနံစည် ၅ သိန်းသာတင်သွင်းခွင့်ရှိတယ်လို့ သတ်မှတ်ထားပေမဲ့ အဲဒီအရေအတွက်ထက်ကျော်လွန်ပြီး တင်သွင်းနေတယ်လို့ အမေရိကန်ကဆိုကာ မြောက်ကိုရီးယားက ကိုတာသတ်မှတ်ချက်ကို ချိုးဖောက်နေတယ်ဆိုတာကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအားလုံးကို အသိပေးဖို့ အမေရိကန်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအစိုးရက ရေနံထွက်ပစ္စည်းတွေကိုရရှိအောင်ကြိုးစားမှုနဲ့ သင်္ဘောတခုကနေ တခုလွှဲပြောင်းတင်သွင်းတာကို တာဆီးနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပိုပြီးသတိထားစောင့်ကြည့်ဖို့လည်း အမေရိကန်က ကုလသမဂ္ဂကော်မတီကို တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မြောက်ကိုရီးယားကနေ အမေရိကန်ပြည်မကြီး ဘယ်နေရာကို မဆိုရောက်အောင် ပြစ်လွှတ်နိုင်တယ်လို့ဆိုတဲ့ Missile ဒုံးစမ်းသပ်မှုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ရေနံကိုတာသတ်မှတ်မှုပါဝင်တဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဒီဇင်ဘာလက ချမှတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG