သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီး Pompeo နဲ့ ဆွေးနွေးပွဲ မြောက်ကိုရီးယား စိတ်ပျက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင် Kim Yong Chol

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဆွေးနွေးပွဲတွေဟာ “စိတ်မကောင်း စရာပဲ” လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး ဌာနက စနေနေ့မှာပြောပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရေး အမေရိကန်ဟာ တဘက်သတ် ဖိအား ပေးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ ဆွေးနွေးပွဲပြီးပြီးချုင်းမှာပဲ အပေါင်း လက္ခဏာဆောင်အမြင်နဲ့ ပြောပါတယ်။ နှစ်ဘက်အကြား “နာရီပေါင်းများစွာ အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေ” ရှိခဲ့တယ်လို့ပြောသလို “အဓိကကျတဲ့ ကိစ္စရပ်အားလုံးနီးပါးမှာ တိုးတက်မှု” ရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက အမည်ဖော်ပြမထားတဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက် မှာတော့ ဆွေးနွေးပွဲရဲ့ ရလဒ် တွေဟာ “သိပ်ကိုစိုးရိမ်ဖွယ်” ကောင်းကြောင်း၊ ဘာကြောင့်လဲဆို “အခိုင်အမာပြောဆိုထားတဲ့ နျူကလီးယားကင်းရှင်းရေး မိမိတို့ ရဲ့ဆန္ဒကို လှုပ်ခတ်စေတဲ့ အန္တရာယ်များတဲ့အဆင့်” ကို စတင်စေမှာကြောင့်ဖြစ်တယ်လို့ ပြောထားပါတယ်။

ဝန်ကြီး Pompeo နဲ့ မြောက်ကိုရီးယား အဆင့်မြင့်တာဝန်ရှိသူတဦးဖြစ်တဲ့ Kim Yong Chol အပါအဝင် တခြားတာဝန်ရှိသူတွေ နှစ်ရက်ကြာဆွေးနွေးပွဲ အဆုံးသတ်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက် ထွက်လာတာပါ။

ဝန်ကြီး Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံတာမရှိဘဲ အဲဒီလိုတွေ့ဆုံဖို့ မျှော်လင့်ထားတာမျိုး လုံးဝမရှိခဲ့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG