မြောက်ကိုရီးယားခရီးစဉ် ၀န်ကြီး Pompeo ရဲ့ မှတ်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က အနှုတ်လက္ခဏာဆောင် ပြောဆိုခဲ့ပေမယ့်လည်း တွေ့ဆုံဆွေးနွေးပွဲအလားအလာ ကောင်းနေဆဲပဲလို့ အမေရိကန်ဘက်က ပြောပါတယ်။ အမေရိကန်ဟာ အနိုင်ကျင့်ဗိုလ်ကျနေပြီး စိတ်ပျက်စရာကောင်းတယ်လို့ မြောက်ကိုရီးယားဘက်က ပြောဆိုနေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး Pompeo က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အနေနဲ့ သမ္မတ Donald Trump ကို ပေးထားတဲ့ကတိအတိုင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး အခိုင်အမာ ဆောင်ရွက်နေဆဲပဲလို့ ပြောပါတယ်။ VOA သတင်းထောက် Cindy Saine ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။