သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ကို အတုယူဖို့ မြောက်ကိုရီးယားကို Pompeo တိုက်တွန်း


အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးသစ် တည်ဆောက်တာမှာ ဗီယက်နမ်နိုင်ငံကို အတုယူဖို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မြောက်ကိုရီးယားကို တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဗီယက်နမ်နဲ့ အမေရိကန်တို့ကြား စစ်ပွဲ အဆုံးသတ် သွားပြီးတဲ့နောက် နှစ်ပေါင်း ၄၀ ကျော် ဗီယက်နမ်နိုင်ငံက လုပ်လာတာမျိုးကို အတုယူဖို့ တိုက်တွန်းတာပါ။

ပြံုံယမ်းမြို့တော်မှာ နှစ်ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် ဝန်ကြီး Pompeo ဗီယက်နမ်နိုင်ငံကို ခရီးဆက်တာပါ။ အမေရိကန်ဟာ ရန်သူဟောင်းတွေနဲ့ ဆက်ဆံရေးသစ် တည်ဆောက်နိုင်တယ်ဆိုတာ အမေရိကန်နဲ့ ဗီယက်နမ်အကြား ပုံမှန်ဆက်ဆံရေး ၂၃ နှစ် ကြာ ရှိထားတာက သက်သေဖြစ်ပါတယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

“ဒါဟာ တကယ့်ကို ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကျနော်တို့သိပါတယ်၊ ဘာကြောင့်လဲဆို ဒီ ထူးခြားလှတဲ့လမ်းကြောင်းကို ဗီယက်နမ် နိုင်ငံ ဘယ်လိုဖြတ်သန်းထားတယ်ဆိုတာ ကျနော်တို့သိလို့ပါပဲ” လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ အမေရိကန်က “လူမိုက်ဆန်ဆန်” တောင်းဆိုတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြီး ဆွေးနွေးပွဲဟာ “စိတ်မကောင်းစရာပဲ” လို့ပြောတဲ့အပေါ် ဝန်ကြီး Pompeo ခပ်ဖော့ဖော့ပဲ တုန့်ပြန် ပါတယ်။

“အဲဒီပန်ကြားချက်တွေဟာ လူမိုက်ဆန်ဆန်ဆိုရင် ကမ္ဘာကြီးက လူမိုက်တယောက်ပါပဲ” လို့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြိမ်များစွာ တောင်းဆိုဖူးတာကို ထောက်ပြပြီး ဝန်ကြီး Pompeo ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG