နိုင်ငံတကာမှာရှိကြတဲ့ မြန်မာသံရုံးဝန်ထမ်းတွေ တနေ့ထက်တနေ့ CDM လှုပ်ရှားမှုထဲ ပါဝင်လာနေရာမှာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ မြန်မာသံရုံး ဝန်ထမ်းတချို့နဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မြန်မာသံရုံးက အရာရှိတချို့လည်း သောကြာနေ့ကစပြီး ရုံးမတက်တော့ပဲ အရပ်သားအစိုးရ ပေါ်လာမှသာ အလုပ်ပြန်ဆင်းမယ်လို့ ပြော
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဂျာမဏီနိုင်ငံက လက်မခံဖို့ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ဒီရာစုရဲ့ ကမ္ဘာ့အကြီးဆုံး ပထ၀ီနိုင်ငံရေး အကဲစမ်းမှု တရပ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့ က ကြေညာလိုက်ပါတယ်။
၂၀၂၀ အတွင်း ကမ္ဘာတ၀ှမ်း လွတ်လပ်မှုအညွှန်းကိန်း ၁၅ နှစ်ဆက်တိုက်ကျဆင်းခဲ့ရတယ်လို့  Freedom House အဖွဲ့ ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ငါးပုံတပုံ အောက်ပဲ အပြည့်အ၀လွတ်လပ်ကြတာမို့ ဒါဟာ ၁၉၉၅ ကတည်းက အနိမ့်ဆုံးအနေအထားပဲလို့ ဖော်ပြထားပါတယ်။
ကျောင်းသူ ၂၇၉ ဦးကို ပြန်ပေးသမားတွေက ပြန်လွှတ်ပေးလိုက်ပြီး သူတို့ ဟာ ကျန်းမာရေးစစ်ဆေးပြီးနောက် မိသားစုတွေထံ ပြန်လည်ရောက်ရှိနေကြပြီလို့ နိင်ဂျီးရီးယားနိုင်ငံရဲ့ Zamfara ပြည်နယ်အရာရှိတွေက ပြောပါတယ်။
ဆင်းရဲ နွမ်းပါးတဲ့တိုင်းပြည်တွေကို ကာကွယ်ဆေး ထောက်ပံ့ပေးနေတာမှာ Ivory Coast နဲ့ Ghana နိုင်ငံမှာတော့ ကျန်းမာရေးလုပ်သားတွေနဲ့ မရှိမဖြစ်အရေးပါတဲ့ အလုပ်သမားတွေကို Astra Zeneca ကုမ္ပဏီထုတ်ကာကွယ်ဆေးတွေ တနင်္လာနေ့မှာ စတင်ထိုးနှံပေးနေပါတယ်။
အီရန်နျူကလီယားဆိုင်ရာ ၂၀၁၅ နိုင်ငံတကာသဘောတူညီချက် အတွက် ဆွေးနွေးပွဲတွေ ပြန်မစခင် အမေရိကန်ဘက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ချမှတ်ခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေကို အရင် ဖယ်ရှားပေးဖို့ အီရန်က တနင်္လာနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက မြန်မာစစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြဖို့ပဲ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ် နိုင်ငံတကာလေ့လာရေးကျောင်း SAIS ရဲ့ အရှေ့တောင် အာရှဌာနက ပါမောက္ခ Dr. Karl Jackson ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာကို အဆုံးသတ် သွားစေရေးနဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကော်မတီကို ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ရောက် မြန်မာနဲ့ တိုင်းရင်းသားမိသားစုတွေက တနင်္ဂနွေ နေ့လည်ပိုင်း ခရိုင်တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲက ဖော်ပြခဲ့တဲ့ မြန်မာ လူထုရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ဖိနှိပ်နေတာတွေကို ရပ်ရမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးနိုင်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တညီတညွတ်တည်း ပါဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
Johnson & Johnson (J&J) ကိုဗစ်ကာကွယ်ရေးထိုးဆေးကို အရေးပေါ်အသုံးပြုဖို့ အမေရိကန်ပြည်ထောင်စုမှာ စနေနေ့က ခွင့်ပြု့လိုက်တာကြောင့် အမေရိကန်ပြည်သူ ၅ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တတိယ ထိုးဆေးတမျိုး ရရှိသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသူတွေကို စစ်အာဏာရှင်ဘက်က တဖက်သတ် တိုးပြီး ရက်ရက်စက်စက် ခြေမှုန်းနေတာကြောင့် ကမ္ဘာကလည်း တုန့်ပြန်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က တနင်္ဂနွေနေ့မှာ တွစ်တာကနေပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်