သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဘက်က ရပ်တည်ရေး G7 ဝန်ကြီးတွေ ဆွေးနွေး


ကနေဒါနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးများအမှတ်တရရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ပုံ။ ((courtesy Photo: g7.canada.ca))
ကနေဒါနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးများအမှတ်တရရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ပုံ။ ((courtesy Photo: g7.canada.ca))

ကနေဒါမှာ ဒုတိယနဲ့ နောက်ဆုံးနေ့အဖြစ်ကျင်းပမယ့် G7 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည်ရေးကို ဆွေးနွေးနေကြပါတယ်။

မနေ့ ကြာသပတေးနေ့က စတင်တဲ့ အစည်းအဝေးမှာ ယူကရိန်း စစ်ပွဲရပ်ရေး အမေရိကန်ရဲ့ ကြိုးပမ်း မှုတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တင်ပြဆွေးနွေးခဲ့ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရက် (၃၀) ယာယီအပစ်ရပ်ထားရေး အမေရိကန်အဆိုပြုချက်ကို ယူကရိန်းနဲ့ ညှိနှိုင်း သဘောတူနိုင်ခဲ့ တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio က G7 နိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းပြခဲ့ပါတယ်။

ရုရှားသမ္မတဘက်က ဒီကမ်းလှမ်းချက်အပေါ် မရှင်းမလင်း တုံ့ပြန်ထားချိန်မှာ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးကတော့ ယူကရိန်းကို ဘယ်လို ဆက်လက်ကူညီမလဲဆိုတာ အဓိကထား ဆွေးနွေးဖို့ ပြောကြားခဲ့ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ EU ဥရောပသမဂ္ဂလည်း တက်နေတဲ့ ဒီ G7 အစည်းအဝေးမတိုင်ခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rubio နဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly တို့ ကြာသပတေးနေ့က သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်အနေနဲ့ ကနေဒါအပါအဝင် အဓိက ကုန်သွယ်ဖက်နဲ့ မဟာမိတ်နိုင်ငံတွေအပေါ် သွင်းကုန်ခွန် တွေ ကောက်ခံနေချိန်မှာ နှစ်နိုင်ငံအရေးကို သီးခြားဆွေးနွေးခဲ့ကြတာပါ။ ကနေဒါကို အမေရိကန်ရဲ့ (၅၁) ခုမြောက်ပြည်နယ်လို့ သမ္မတ Trump Donald ကပြောဆိုနေချိန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တွေ တွေ့ဆုံဆွေးနွေးကြတာပါ။ ဒါပေမဲ့ ကနေဒါရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ စေ့စပ်ဆွေးနွေး စရာ မရှိဘူးလို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Joly ကပြောကြားခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ကနေဒါရဲ့ သံမဏိနဲ့ အလျူမီနီယံသွင်းကုန်အပေါ် အခွန်ကောက်ခဲ့တာကို ကနေဒါ ဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ ဘီလျံ (၂၀) တန်ဖိုးရှိတဲ့ အမေရိကန်သွင်းကုန်တွေအပေါ် သွင်းကုန်ခွန် ကောက်မယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

ယူကရိန်းဘက်က ရပ်တည်ရေး G7 ဝန်ကြီးတွေ ဆွေးနွေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG