သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ငြိမ်းချမ်းရေး G7 ဆက်ပြီး လက်တွဲဆောင်ရွက်မည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ယာ)၊ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani တို့ကို ၆၁ ကြိမ်မြောက် မြူးနစ် လုံခြုံရေး ညီလာခံ (MSC) မှာ တွေ့မြင်ရစဥ်။ ၂၀၂၅ ၊ ဖေဖော်ဝါရီလ ၁၅ (ဓာတ်ပုံ - Ronald WITTEK / POOL / AFP)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ယာ)၊ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani တို့ကို ၆၁ ကြိမ်မြောက် မြူးနစ် လုံခြုံရေး ညီလာခံ (MSC) မှာ တွေ့မြင်ရစဥ်။ ၂၀၂၅ ၊ ဖေဖော်ဝါရီလ ၁၅ (ဓာတ်ပုံ - Ronald WITTEK / POOL / AFP)

စက်မှု ဖွံ့ဖြိုးပြီး G7 ဒီမိုကရေစီနိုင်ငံကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ပါဝင်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရယူနိုင်ဖို့ ဆက်လက်ပြီး အတူလက်တွဲ ဆောင်ရွက်ရေးနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ရုရှားနိုင်ငံဘက်က သဘောထား မှန်မှန်ကန်ကန်နဲ့ ပါဝင်လာခြင်း မရှိရင် ထပ်ဆောင်း ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ စနေနေ့က သဘောတူညီခဲ့ကြပါတယ်။

"ဖေဖော်ဝါရီနောက်ပိုင်းမှာ နောက်ထပ် ပိတ်ဆို့အရေးယူမှုအသစ်တွေက ယူကရိန်းကို အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး ရေရှည်လုံခြုံရေးနဲ့ တည်ငြိမ်မှုပေးနိုင်မယ့် သဘောထား စစ်မှန်၊ မှန်ကန်တဲ့ ဆွေးနွေးပွဲတွေကို ရုရှားဖက်ဒရေးရှင်းနိုင်ငံက ကြိုးစားပါဝင်လာမလား ဆိုတာ အပေါ် မှာ ဆက်နွယ်ပြီး ချမှတ်သင့်တယ်" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) လည်းပါဝင်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရေရှည်ခံမယ့် ငြိမ်းချမ်းရေး ရရှိရေး စစ်ပွဲတွေ ထပ်မံမစတင်နိုင်ဖို့ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ဖော်ဆောင်ဖို့ လိုအပ်ကြောင်း အလေးထား ဖော်ပြထားပါတယ်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ တို့ပါဝင်တဲ့ G7 အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံရေး ညီလာခံ ဘေးပန်းမှာ တွေ့ဆုံပြီး အခုလို ထုတ်ပြန်တာပါ။ ရုရှားရဲ့ ယူကရိန်း စစ်ပွဲကို အဓိက ဆွေးနွေးတဲ့ ဒီအစည်းအဝေးကို ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Andrii Sybiha လည်း ပါဝင် တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

စစ်ဘက် အရပ်ဘက် နှစ်ခုလုံး အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ ရုရှားကို တရုတ်က ထောက်ပံ့ကူညီနေတာနဲ့ မြောက်ကိုရီးယားနဲ့ အီရန်တို့က ရုရှားကို စစ်ရေးအကူအညီပေးနေတဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး ဒီလို ထောက်ပံ့ပေးနေတာကို ရှုတ်ချခဲ့ကြပါတယ်။

ဒါ့အပြင် ဆီးရီးယား တည်ငြိမ်ရေး၊ ကိုရီးယား ကျွန်းဆွယ်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်း ဒုံးစစ်သပ်မှုနဲ့ အင်ဒို ပိစိဖိတ်ဒေသ လွတ်လပ်ပြီး တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေ အပြင် အာဖရိက အပါအဝင် နိုင်ငံတကာက အရေးကြီး ဖြစ်ရပ်တွေကိုလည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေး G7 ဆက်ပြီး လက်တွဲဆောင်ရွက်မည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG