သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေးလွှမ်းမိုးမယ့် မြူးနစ်လုံခြုံရေးညီလာခံ


ဂျာမနီတောင်ပိုင်း မြူးနစ်မြို့က လုံခြုံရေးညီလာခံမှာ အမေရိကန် ဒုသမ္မတ JD စကားပြောနေစဥ်V။ (ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၅)
ဂျာမနီတောင်ပိုင်း မြူးနစ်မြို့က လုံခြုံရေးညီလာခံမှာ အမေရိကန် ဒုသမ္မတ JD စကားပြောနေစဥ်V။ (ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၅)

ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံကိုတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ JD Vance နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ ဒီကနေ့သောကြာနေ့မှာ သီးခြားတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ဒီနေ့အစောပိုင်းက ဥရောပခေါင်းဆောင်တချို့နဲ့ သီးခြားတွေ့ဆုံဆွေးနွေးစဉ်မှာတော့ ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်နိုင်ရေးနဲ့ သမ္မတ Trump ပြောထားတဲ့အတိုင်း ဥရောပလုံခြုံရေးအတွက် ဥရောပ နိုင်ငံတွေက ပိုပြီးတာဝန်ယူရေးကို ဒုသမ္မတ Vance ကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ရော ယူကရိန်းသမ္မတ ဇာလင်းစကီးနဲ့ပါ ဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ပြီး နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညိနှိုင်းဖို့ဆန္ဒရှိ တယ်လို့ပြောဆိုခဲ့ပါတယ်။

၃ နှစ်ကြာနေပြီဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်နိုင်ရေး အမေရိကန်နဲ့ ဥရောပတို့ရဲ့ ယူကရိန်းကြား ဘုံသဘောတူမှုရပြီဆိုရင် ယူကရိန်းအနေနဲ့ ရုရှားနဲ့တိုက်ရိုက်ဆွေးနွေးဖို့အသင့်ပဲလို့ သမ္မတ Volodymyr Zelensky က မြူးနစ်မြို့မှာ ဒီနေ့ သောကြာနေ့အစောပိုင်းက ပြောကြားခဲ့ပါတယ်။ သမ္မတ Trump အနေနဲ့ စစ်ပွဲရပ်အောင် ဘယ်အစီအစဉ်သုံးမလဲဆိုတာ အပြီးသတ် မပြောသေးဘူးလို့လည်း လွန်ခဲ့တဲ့နှစ်ရက်က သမ္မတ Trump နဲ့ဖုန်းပြောထားတဲ့ Zelensky ကပြောပါတယ်။ ယူကရိန်းရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ ဆွေးနွေးဖို့ အမြဲအသင့်ပဲလို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။

ရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ယူကရိန်းအနေနဲ့ နယ်မြေတချို့ ကိုလက်လွှတ်ရမှာ ဖြစ်သလို NATO အဖွဲ့ဝင်ဖြစ်ဖို့ကိုလည်းလက်လျှော့ဖို့လိုတယ်လို့ Trump အစိုးရက ပြောထားပါတယ်။

သမ္မတဇာလင်းစကီးကတော့ သမ္မတပူတင်က စစ်ကိုအဆုံးသတ်ဖို့အဆင်သင့်ရှိတယ်ဆိုတဲ့ ပြော ဆိုချက်နဲ့ ပတ်သက်ပြီး သတိထားယုံကြည်ကြဖို့ နိုင်ငံတကာခေါင်းဆေင်တွေကိုပြီးခဲ့တဲ့ ကြာသပတေး နေ့က တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ဆွေးနွေးညှိနှိုင်းမှုတွေမစခင် သမတပူတင် ကျူးကျော်တိုက်ခိုက် နေတာကို အမေရိကန်အနေနဲ့ အရင်လုပ်ဖို့လိုလားကြောင်း သမ္မတဇာလင်းစကီးက ပြောပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေရဲ့ ဘယ်လောက်ကို ရုရှားကရယူမယ်ဆိုတာမျိုးကိုတော့ ပြောဖို့စောသေးတယ်လို့ ဒုသမ္မတ JD Vance ကပြောဆိုထားပါတယ်။

ယူကရိန်းအရေးလွှမ်းမိုးမယ့် မြူးနစ်လုံခြုံရေးညီလာခံ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG