သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ဆွေးနွေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဥရောပ သွားရောက်


သြစတြေးလျ ဒုဝန်ကြီးချုပ်နှင့် ဆွေးနွေးပွဲတွင် အဖွင့်စကားပြောနေသည့် ကာကွယ်ရေးဝန်ကြီး Pete Hegeseth။ (၇ ဖေဖော်ဝါရီ ၂၀၂၅) (AP)
သြစတြေးလျ ဒုဝန်ကြီးချုပ်နှင့် ဆွေးနွေးပွဲတွင် အဖွင့်စကားပြောနေသည့် ကာကွယ်ရေးဝန်ကြီး Pete Hegeseth။ (၇ ဖေဖော်ဝါရီ ၂၀၂၅) (AP)

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ တနင်္လာနေ့ အစောပိုင်းက ဥရောပကို ထွက်ခွါသွားပါတယ်။ ဂျာမနီနဲ့ ပိုလန်ကိုဝင်မယ့် ဒီခရီးဟာ ကာကွယ်ရေးဝန်ကြီးအသစ်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဥ်လည်း ဖြစ်ပါတယ်။

ဂျာမနီကနေ ဘရပ်ဆဲလ်မြို့ကို သွားရောက်ပြီး ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ကျင်းပမယ့် ဥရောပ စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ယူကရိန်းကာကွယ်ရေး ဆက်သွယ်ရေးအုပ်စု ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာပါ။

စစ်အဆုံးသတ်နိုင်ဖို့ သံတမန်ရေး ဖိအားပေးတာအပြင် ယူကရိန်းအတွက် လုံခြုံရေး အထောက်အကူပေးရာမှာ ဥရောပခေါင်းဆောင်မှု တိုးမြှင့်ဖို့ကိုလည်း ဟဂ်ဆက်က အဓိကထားမယ်လို့ ပန်တဂွန်ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီ ဆက်သွယ်ရေးအုပ်စုမှာ နိုင်ငံ ၅၀ နီးပါးပါဝင်ပြီး အခု ၂၆ ကြိမ်မြောက် အစည်းအဝေးကို ဗြိတိန်နိုင်ငံက ဦးဆောင်မှာပါ။ အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံက ဒီ အစည်းအဝေးကို ဦးဆောင်တာဟာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်ရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်ရာမှာ ယူကရိန်းကို ကူညီဖို့ နိုင်ငံတကာ အတူတကွ ဆက်လက် အလုပ်လုပ်ရေးကို အဓိကထား ဆွေးနွေးကြမယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီခရီးမှာပဲ ဂျာမနီက အမေရိကန်စစ်တပ်ရဲ့ ဥရောပ စစ်ဌာနချုပ်နဲ့ အာဖရိက စစ်ဌာနချုပ်တွေရဲ့ အခြေအနေ တင်ပြချက်ကိုလည်းကိုလည်း ကြားနာဖို့ ရှိပါတယ်။

ယူကရိန်းအရေး ဆွေးနွေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဥရောပ သွားရောက်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG