သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောကြာည ရုရှားတိုက်ခိုက်မှု ယူကရိန်း ထိခိုက်ပျက်စီးမှုများပြား


ယူကရိန်းနိုင်ငံ အလယ်ပိုင်း Kyiv ဒေသမှာ ရုရှားဒရုန်းတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဇန်နဝါရီ ၂၄၊ ၂၀၂၅)
ယူကရိန်းနိုင်ငံ အလယ်ပိုင်း Kyiv ဒေသမှာ ရုရှားဒရုန်းတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဇန်နဝါရီ ၂၄၊ ၂၀၂၅)

ရုရှားတပ်တွေရဲ့ သောကြာည ဒရုန်းနဲ့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ယူကရိန်း ၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့သလို စီးပွါးရေးနဲ့ လူနေ အဆောက်အဦတွေ ပျက်စီးခဲ့ရတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

သေဆုံးသူ ၂ ဦးဟာ ယူကရိန်းနိုင်ငံ အလယ်ပိုင်း Kyiv ဒေသက ဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သောကြာ ညမှာ ယူကရိန်းဘက်ကနေ မော်စကိုမြို့တော် အပါအဝင် ဒေသ တဒါဇင်ကျော်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လေကြောင်းကာကွယ်ရေး စနစ်တွေက ဒရုန်း ၁၂၀ လောက်ကို ကြားဖြတ်ဖျက်ဆီး ပစ်ခဲ့ရတယ်လို့ ပြောပါတယ်။ အသေအပျောက်တော့ မရှိဘူးလို့လည်း ပြောပါတယ်။

သောကြာနေ့မှာပဲ Donetsk ဒေသတွင်းက စစ်မက် ဖြစ်ပွါးနေတဲ့ ရွာတွေမှာ နေထိုင်သူ ဒါဇင်နဲ့ချီတ့ မိသားစု တွေကို ဘေးလွတ်ရာ ရှောင်ကြဖို့ ယူကရိန်း အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ယူကရိန်း ဒါမှမဟုတ် အနောက် နိုင်ငံတွေဘက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက် အသင့် ဖြစ်နေတဲ့ လက္ခဏာ မတွေ့ရဘူးလို့ သောကြာနေ့မှာပဲ ပြောခဲ့တာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ လိုနေပြီလို့ ကျယ်ကျယ် လောင်လောင် ပြောနေပေမယ့် ဆွေးနွေးဖို့ အသင့်ဖြစ်ကြောင်း လက်တွေ့မှာ ဘာလုပ်ပြတာမျိုးမှ မရှိဘူးလို့လည်း ပြောပါတယ်။

သမ္မတ Vladimir Putin က ယူကရိန်းနဲ့ ဆွေးနွေးပွဲစဖို့ ကြိုတင်သတ်မှတ်ချက် ဘာမှ မထားသလို ဘယ်သူနဲ့ မဆို ညှိနှိုင်းဖို့ အသင့်ပဲလို့ ဒီဇင်ဘာမှာ ပြောခဲ့သလို သမ္မတသစ် ဒေါ်နယ် ထရမ့်ကလည်း ၃ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ဒီစစ်ပွဲ အဆုံးသတ်ဖို့ ရုရှားခေါင်းဆောင်ကို သူတိုက်တွန်းဖို့ မကြာခင် တိုက်တွန်းမှာ ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

သောကြာည ရုရှားတိုက်ခိုက်မှု ယူကရိန်း ထိခိုက်ပျက်စီးမှုများပြား
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG