သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ကူညီမှု ရပ်မပစ်ဖို့ Zelenskyy ပန်ကြား


ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်မှုအဖွဲ့ ရဲ့ ညီလာခံ ဖွင့်ပွဲမှာမိန့်ခွန်ပြောကြားနေတဲ့ သမ္မတ Volodymyr Zelensky၊ ဇန် ၉၊ ၂၀၂၅
ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်မှုအဖွဲ့ ရဲ့ ညီလာခံ ဖွင့်ပွဲမှာမိန့်ခွန်ပြောကြားနေတဲ့ သမ္မတ Volodymyr Zelensky၊ ဇန် ၉၊ ၂၀၂၅

ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေ အနေနဲ့ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကို အကူညီပေးနေမှုတွေ ရပ်မပစ်ဖို့ယူကရိန်း သမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။

ဥရောပနဲ့ ကမ္ဘာကြီးမှာနောက်လာမယ့် ၁၁ ရက်အတွင်း အခြေနေပုံစံအသစ်စပြောင်းတော့မယ် ဆိုတာရှင်းနေပြီဖြစ်ပြီး ဒီလိုအခြေနေမျိုးမှာ ယူကရိန်းကိုအကူညီပေးတာတွေ ရပ်မပစ်ဖို့ ဂျာမဏီမှာ ကျင်းပတဲ့ ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုအဖွဲ့ရဲ့ ညီလာခံဖွင့်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ မှာ အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာဆိုတော့မှာကို ရည်ညွှန်းပြောကြားခဲ့တာဖြစ်ပါတယ်။

အရင်ကထက် စည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်ပြီးအချင်းချင်းအပြန်အလှန် အားထားမှုနဲ့ အောင်မြင်မှုပိုရအောင်လုပ်ရမှာဖြစ်ကြောင်းလည်းပြောပါတယ်။ ရုရှားကယူကရိန်းကို ဆက်လက်တိုက်ခိုက်နေတာဖြစ်ပြီး ရုရှားကိုတွန်းလှန်နေတဲ့ယူကရိန်းအတွက်နိုင်ငံတကာ ထောက်ပံ့မှုက မရေမရာ ဖြစ်လာနေတာပါ။

အသစ်တက်လာမယ့် သမ္မတထရမ့်က ယူကရိန်းအတွက်အကူညီပေးနေတဲ့အမေရိကန်ဦးဆောင်တဲ့ ဒီအဖွဲ့ကို ဆက်ပြီးအကူညီပေးမပေး ခုထိတစုံတရာ ထုတ်မပြောသေးပါဘူး။ ၂၀၂၂ ဖေဖေါ်ဝါရီမှာ ယူကရိန်းကို ရုရှားကျူးကျော်ချိန်ကစပြီး နိုင်ငံပေါင်း ၅၀ လောက်ပါဝင်တဲ့ ဒီအဖွဲ့က ယူကရိန်းကို လက်နက်၊ သင်တန်းနဲ့ စစ်သုံးကရိယာတွေ အတွက် ဒေါ်လာ ၁၂ ၆ ဘီလီယံကျော် ထောက်ပံ့ခဲ့ကြတာပါ။

ဒီအထဲမှာ အမေရိကန်ကထက်ဝက်ကျော် ဖြစ်တဲ့ ၆၆ ဘီလီယံပေးအပ်ထားဖြစ်ပြီး ကြာသပတေးနေ့မှာပဲ ယူကရိန်းလေကြောင်းကာကွယ်ရေးအတွက် မစ်ဇိုင်းဒုံးကျည်နဲ့ လက်နက်ခဲယမ်းတွေအတွက် ဒေါ်လာ သန်း ၅၀၀ ချထားပေးမှာ ဖြစ်ကြောင်းကာကွယ်ရေး ဝန်ကြီး Lloyd Austin က ပြောပါတယ်။

ယူကရိန်းကို ကူညီမှု ရပ်မပစ်ဖို့ Zelenskyy ပန်ကြား
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG