သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ရပ်ဖို့ ကန်သမ္မတ ရုရှားကိုသတိပေး

အမေရိကန် သမ္မတ Donald Trump (ဝဲ) နဲ့ ရုရှား သမ္မတ Vladimri Putin (ယာ)
အမေရိကန် သမ္မတ Donald Trump (ဝဲ) နဲ့ ရုရှား သမ္မတ Vladimri Putin (ယာ)

ရုရှား သမ္မတ Vladimri Putin အနေနဲ့ ယူကရိန်းကို တိုက်ခိုက်နေတဲ့ အဓိပ္ပါယ်မဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဒါမှမဟုတ်ရင်တော့ အနောက်နိုင်ငံတွေထံ တင်ပို့နေတဲ့ ရုရှားရဲ့ ပို့ကုန်တွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု၊ သွင်းကုန်ခွန်တွေနဲ့ အခွန်တွေ မကြာခင်မှာ တိုးမြှင့်ကောက်ခံရမှုနဲ့ ကြုံရမယ်လို့ အမေရိကန် သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ အဖြစ် စတင်တာဝန်ယူတဲ့ ဒုတိယမြောက်နေ့မှာပဲ ရုရှား သမ္မတ Putin ကို လူမှုကွန်ရက်မှာ ရေးသား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရုရှားကို အထိနာအောင် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန်တို့ အနိုင်ရရေး ရုရှားက ကူညီခဲ့တာကိုလည်း အမေရိကန်က အမြဲအမှတ်ရနေမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရုရှား အနေနဲ့ အိမ်နီးချင်း ယူကရိန်း အပေါ်မှာ သုံးနှစ်နီးပါးကြာ ကျူးကျော် စစ်ကို ရုရှား အစိုးရ အနေနဲ့ အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ အမေရိကန် သမ္မတ Trump က ရေးသားခဲ့တာ ဖြစ်ပါတယ်။

စီးပွားကျလာနေတဲ့ ရုရှား နဲ့ သမ္မတ ပူတင်ကို သူ့အနေနဲ့ အထူး အခွင့်အရေးပေးမှာ ဖြစ်ကြောင်း၊ အဓိပ္ပါယ်မဲ့တဲ့ စစ်ကို ရပ်ပြီး အဆုံးသတ်ပါ၊ အခြေအနေတွေ ဒီထက်ပိုဆိုးလာဖို့သာ ရှိပါတယ်လို့ အမေရိကန် သမ္မတ Trump က သူ့ရဲ့ လူမှုကွန်ရက် Truth Social မှာ ရေးသားထားပါတယ်။ အချိန်တို အတွင်း သဘောတူညီချက် မရရင်တော့ အခွန်၊ သွင်းကုန်ခွန်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးလို့လည်း သမ္မတ Trump က ပြောဆိုထားပါတယ်။

ယူကရိန်းစစ်ရပ်ဖို့ ကန်သမ္မတ ရုရှားကိုသတိပေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG