သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကတိအတိုင်း လက်နက်တွေ ထောက်ပံ့ဖို့ အနောက်မဟာမိတ်တွေကို ယူကရိန်းသမ္မတ တိုက်တွန်း

ယူကရိန်းသမ္မတ Volodymyr Zelenskiy, ဂျာမန်ကာကွယ်ရေးဝန်ကြီး Lloyd Austin Boris Pistorius နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတို့ at Ramstein Air Base (REUTERS)
ယူကရိန်းသမ္မတ Volodymyr Zelenskiy, ဂျာမန်ကာကွယ်ရေးဝန်ကြီး Lloyd Austin Boris Pistorius နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတို့ at Ramstein Air Base (REUTERS)

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့လက်နက်တွေအပါအဝင် ယူကရိန်းကို ပေးမယ်လို့ ကတိပြုထားတဲ့ လက်နက်တွေအားလုံးပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က မဟာမိတ်နိုင်ငံတွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံကို ဒုံးကျည် ရာပေါင်းများစွာနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင်၊ ဒရုန်းအစင်း ၆၀၀ ကျော် နဲ့ လေကြောင်းကနေ ဗုံး ၇၀၀ လောက် ကြဲချခဲ့တယ်လို့ သမ္မတဇလင်းစကီးက ပြောပါတယ်။

ရုရှားဘက်က မနေ့ညက ပစ်လိုက်တဲ့ ဒရုန်း ၉၄ စင်းထဲက ၆၀ ကို ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးက ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ဒီနေ့ ပြောပါတယ်။
သီတင်းပတ်စဉ်တိုင်း ရုရှားဘက်က စစ်ပွဲကို ဆက်တိုက်နေနိုင်တာဟာ ရုရှားစစ်တပ်က သူတို့ရဲ့ တိုက်ခိုက်ရေးအင်အားကို ဆက်ထိန်းပြီး လေကြောင်းကနေ အသာစီးရတာကို အသုံးချနိုင်တာကြောင်း ဖြစ်တယ်လို့ တယ်လီဂရမ်ကနေ ပြောပါတယ်။

ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ သူတို့ ကတိပြုထားတဲ့ သဘောတူညီချက်တွေအတိုင်း လုပ်ဆောင်ကြဖို့ကို သမ္မတဇလင်စကီးက တောင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်မှာ ကျင်းပတဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အစည်းအဝေးအတွင်း ယူကရိန်းကို လက်နက်တွေပေးဖို့ မဟာမိတ်တွေဘက်က ကတိပြုခဲ့တာဖြစ်ပြီး အဲဒီမှာပေးထားတဲ့ ကတိအတိုင်းအပြည့်အဝ အကောင်အထည်မဖော်နိုင်သေးတာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG