သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအာဏာပိုင်သစ်ကို ထောက်ခံကူညီဖို့ ယူကရိန်းကတိပြု


ဆီးရီးယား ခေါင်းဆောင် အာမက် အယ် ရှာရား နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ် (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)
ဆီးရီးယား ခေါင်းဆောင် အာမက် အယ် ရှာရား နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ် (ဒီဇင်ဘာ ၃၀၊ ၂၀၂၄)

ရုရှားရဲ့ အဓိက မဟာမိတ် ဘာရှာ အာဆတ်ကို ဖြုတ်ချလိုက်တဲ့ ဆီးရီးယား အာဏာပိုင် အသစ်တွေကို ထောက်ခံဖို့ ယူကရိန်းက ကတိကဝတ် ပြုလိုက်ပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ကို ရောက်ရှိနေပြီး၊ ဘာရှားအယ်အာဆပ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယားခေါင်းဆောင် နဲ့ တနင်္လာနေ့က တွေ့ဆုံရာမှာ ခုလို ပြောခဲ့တာပါ။

ဆီးရီးယား ခေါင်းဆောင် အာမက် အယ် ရှာရား၊ ဝန်ကြီးတွေ နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့ အရေးကြီးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက X လူမှု စာမျက်နှာမှာ ရေးပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကတဆင့် ယူကရိန်းကို ဂျုံမှုန် တန်ငါးရာ ပို့မယ်လို့ ယူကရိန်း သမ္မတက ပြောပါတယ်။

ဆီးရီးယား ပြည်သူ ၉၀ ရာနှုန်းဟာ ဆင်းရဲနေကြပြီး၊ တဝက်လောက်က ထမင်း နောက်တနပ် ဘယ်ကလာမယ်ဆိုတာ မသိကြပါဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆီးရီးယား ဟာ အီရန်၊ ရုရှားတို့နဲ့ ဆက်ဆံရေးကနေ အနောက်နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေနဲ့ ဆက်ဆံရေးဘက်ကို စတင် ပြောင်းလဲနေတာပါ။

တနင်္လာနေ့မှာပဲ အစိုးရ အသစ်က ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် Maysaa Sabreen ကို ခန့်ထားလိုက်တာကြောင့် ခေါင်းဆောင် အယ်အာရှားအောက်မှာ ခေါင်းဆောင်မှု နေရာကို ရရှိတဲ့ ဒုတိယ အမျိုးသမီး ဖြစ်လာပါတယ်။

 ဆီးရီးယားအာဏာပိုင်သစ်ကို ထောက်ခံကူညီဖို့ ယူကရိန်းကတိပြု
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG