သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်ဟောင်း အာဆတ်လိုလားသူ လက်နက်ကိုင်အဖွဲ့တွေကို လုံခြုံရေးအဖွဲ့တွေ နှိမ်နင်း


ဆီးရီးယားသူပုန်စစ်သားတယောက် ဆီးရီးယားနိုင်ငံအနောက်ပိုင်းက Tartus ဆိပ်ကမ်းကိုဝင်ရောက်နေစဥ်။(ဒီဇင်ဘာ ၁၆၊ ၂၀၂၄)
ဆီးရီးယားသူပုန်စစ်သားတယောက် ဆီးရီးယားနိုင်ငံအနောက်ပိုင်းက Tartus ဆိပ်ကမ်းကိုဝင်ရောက်နေစဥ်။(ဒီဇင်ဘာ ၁၆၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံအနောက်ပိုင်း Tartus ဒေသမှာ အာဏာရှင်ဟောင်း Bashar al-Assad ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် လုံခြုံရေးအဖွဲ့တွေက စစ်ဆင်ရေးတခု ဒီနေ့ စတင်လိုက်ပါတယ်။

ရုရှားကို ထွက်ပြေးသွားတဲ့ Assad နဲ့လူမျိုးတူ Alawite တွေ အဓိကနေထိုင်တဲ့ Tartus မှာ ယာယီ အစိုးရလုံခြုံရေးအဖွဲ့တွေက Assad ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ဒီနေ့ စစ်ဆင်ရေး စတင်လိုက်ပြီး တချို့ကို သုတ်သင်ခဲ့တယ်လို့ SANA သတင်းအေဂျင်စီကပြောပါတယ်။

Tartus မှာ Assad အစိုးရကို သစ္စာခံတဲ့တပ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား ကြားကာလအစိုးရ HTS က ကြေညာခဲ့ပြီးနောက်မှာ ခုလို စစ်ဆင်ရေး စတင်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်း လက်နက်ကိုင် ၃ ယောက်သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

Homs မြို့မှာလည်း လူနည်းစု Alawite နဲ့ ရှီရာမွတ်ဆလင်တွေ ဆန္ဒပြကြတဲ့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ Aleppo မြို့က Alawite တွေရဲ့ ဘာသာရေးအဆောက်အဦးတခုထဲမှာ မီးလောင်ပြီး လူသေအလောင်းတွေကြား လက်နက်ကိုင်တွေလျှောက်သွားနေတဲ့ ဘယ်တုန်းကမှန်း မသိရတဲ့ ဗီဒီယိုတခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဆန္ဒပြမှုတွေ စတင်ခဲ့တာပါ။ Christmas မတိုင်ခင်ကလည်း ခရစ်ယာန်ဘာသာဝင်အများစုနေတဲ့ မြို့တမြို့မှာ Christmasသစ်ပင်တခု မီးရှို့ခံခဲ့ရတဲ့အတွက် နိုင်ငံတဝန်း ခရစ်ယာန်ဘာသာဝင်တွေ ဆန္ဒပြခဲ့ကြပါတယ်။ ဆီးရီးယားကို လက်ရှိအုပ်ချုပ်နေတဲ့ HTS အဖွဲ့အနေနဲ့ လူနည်းစုတွေကို ကာကွယ်ဖို့ တောင်းဆိုမှုတွေလည်း ပိုပြီး ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG