သူဟာ ဆီးရီးယားကို နိုင်ငံတကာနဲ့ ဆက်ဆံရေး ထူထောင်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ဆီးရီးယား ပြည်သူတွေက ယုံကြည်ကြောင်း ဖေါ်ပြထားပေမယ့် ရှီဘာနီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ဖော်ပြမထားပါဘူး။
ဆီးရီးယားမှာ လက်ရှိအုပ်ချုပ်နေတဲ့ Ahmed al-Sharaa ဟာ အာဏာရယူခဲ့ချိန်ကစပြီး ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံတမန်နဲ့ အမေရိကန် အကြီးတန်း သံတမန်တွေ အပါအဝင် နိုင်ငံရပ်ခြား ကိုယ်စားလှယ်တွေနဲ့ တက်တက်ကြွကြွ ထိတွေ့ဆက်ဆံခဲ့တာပါ။ ဆီးရီးယား ပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အဓိက ဦးစားပေးမှာ ဖြစ်ကြောင်း ပြောကြားရင်း နိုင်ငံတကာ သံတမန်တွေနဲ့ ပြေလည်အောင် ဆက်ဆံလိုကြောင်းလည်း ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ဘယ်လို တိုက်ခိုက်မှုမျိုးမဆို လုပ်ဆောင်ဖို့ ဆန္ဒ မရှိကြောင်းလည်း ပြောပါတယ်။
ဆီးရီးယား အာဏာရှင် Assad ကို ဖြုတ်ချခဲ့တဲ့ အတွက် သူဦးဆောင်တဲ့ HTS သူပုန်အဖွဲ့ကို အမေရိကန်နဲ့ တခြား အနောက်အင်အားကြီး နိုင်ငံတွေကရော ဆီးရီးယား ပြည်သူ အများအပြားကပါ သဘောကျကြတာ ဖြစ်ပေမယ့် ဒီအစ္စလန်မစ် အဖွဲ့ အနေနဲ့ တင်းကြပ်တဲ့ အစ္စလန် ဥပဒေကိုပဲ ပြဌာန်းအုပ်ချုပ်မလား၊ ဒီမိုကရေစီကို ဦးတည်မယ့် ပျော့ပြောင်းတဲ့ အုပ်ချုပ်မှုနဲ့ ကိုင်တွယ်မလား ဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
သူ့ရဲ့ HTS အဖွဲ့ဟာ အထိ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အစိတ်အပိုင်း တခု အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပြီး ၂၀၁၆ မှာတော့ Sharaa က ခွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဆီးရီးယား သူပုန်အဖွဲ့ဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာ အာဏာရှင် အာဆတ်မိသားစု ရဲ့ ဆယ်စုနှစ်များစွာ အုပ်ချုပ်မှုနဲ့ ၁၃ နှစ်ကျော် ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။
Forum