သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနိုင်ငံတွင်း ပျောက်ဆုံးသူများစုံစမ်းရေးအကြီးအကဲ ကုလခန့်အပ်


ဆီးရီးယားနိုင်ငံ Damascus မြို့မြင်ကွင်းတခု (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)
ဆီးရီးယားနိုင်ငံ Damascus မြို့မြင်ကွင်းတခု (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)

ဆီးရီးယား နိုင်ငံမှာ ပျောက်ဆုံးနေသူတွေ ကို စုံစမ်းဖို့၊ သီးခြား လွတ်လပ်တဲ့ အဖွဲ့ရဲ့ အကြီးအကဲကို ကုလသမဂ္ဂ အတွင်းရေးမှူုးချုပ်က ကြာသပတေးနေ့မှာ ခန့်ထားလိုက်ပါတယ်။ ပျောက်ဆုံးနေသူတွေ ဘာဖြစ်သွားသလဲ ရေရေရာရာ မသိဘဲ စိတ်မချမ်းမမြေ့ ကျန်နေခဲ့ကြသူတွေအတွက် စာနာထောက်ခံ လုပ်ဆောင်ပေးဖို့ ကတိကဝတ် ပြုလိုက်ပါတယ်လို့ Antonio Guterres က ပြောပါတယ်။

အကြီးအကဲအဖြစ် ကာလာ ကင်တားနား ကို ခန့်ထားလိုက်ပါတယ်။ သူမဟာ မက္ကဆီကို နိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ ပျောက်ဆုံးသူများ ရှာဖွေရေး ကော်မရှင် အကြီးအကဲ ဖြစ်ခဲ့ပြီး၊ ဩဂုတ်လတုန်းက အနားယူခဲ့တာပါ။ ၂၀၂၃ ဇွန်လမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆီးရီးယားမှာ ပျောက်ဆုံးနေသောသူများဆိုင်ရာ သီးခြား လွတ်လပ်သော အဖွဲ့အစည်း IIMP ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ဆီးရီးယား မှာ ပျောက်ဆုံးသွားသူတွေ ဘယ်မှာ ရှိနေသလဲ၊ ဘယ်လို ဘာကြောင့် ပျောက်ဆုံးသွားခဲ့သလဲ စုံစမ်းရမှာ ဖြစ်သလို၊ သက်ရှင်ကျန်ခဲ့ကြသူတွေ နဲ့ ပျောက်ဆုံး သွားသူတွေရဲ့ မိသားစုတွေကို ပံ့ပိုးကူညီရမှာ ဖြစ်ပါတယ်။ မစ္စ ကင်တားနား ဟာ အသက် ၄၆ နှစ်အရွယ် လူ့အခွင့်အရေး ရှေ့နေနဲ့ ပါမောက္ခ ဖြစ်ပါတယ်။ ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့များ ကွန်ယက် SNHR အလိုအရ၊ ဆီးရီးယား ပြည်တွင်းစစ် စတဲ့ ၂၀၁၁ မတ်ကနေ ၂၀၂၄ ဩဂုတ်အထိ ပျောက်ဆုံးနေသူ အနည်းဆုံး ၁၅၇၆၃၄ ယောက် ရှိပါတယ်။

ဆီးရီးယားနိုင်ငံတွင်း ပျောက်ဆုံးသူများစုံစမ်းရေးအကြီးအကဲ ကုလခန့်အပ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG