သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနိုင်ငံက IS စစ်သွေးကြွတွေကို အမေရိကန် လေကြောင်းကတိုက်ခိုက်

ဆီးရီးယားနိုင်ငံ၊ Hasaka မြို့မှာတွေ့ရတဲ့ အမေရိကန်စစ်သုံးကားများ။ (ဒီဇင်ဘာ ၆၊ ၂၀၂၄)
ဆီးရီးယားနိုင်ငံ၊ Hasaka မြို့မှာတွေ့ရတဲ့ အမေရိကန်စစ်သုံးကားများ။ (ဒီဇင်ဘာ ၆၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad ကို ဖြုတ်ချပြီး သူပုန်တွေ အောင်ပွဲခံခဲ့တဲ့အခြေအနေကို IS အစ္စလာမ်စစ်သွေးကြွတွေအခွင့်ကောင်းယူမှာ စိုးရိမ်နေတဲ့အမေရိကန်က လေကြောင်းကနေ တိုးမြှင့်တိုက်ခိုက်နေပါတယ်။

ရုရှားတပ်ဖွဲ့တွေနဲ့ လေကြောင်းစစ်ကူတွေကြား သမ္မတအာဆတ်အစိုးရတပ်တွေ ကင်းလှည့်လေ့ရှိတဲ့ ဆီးရီးယားနိုင်ငံအလယ်ပိုင်းက IS စစ်သွေးကြွပစ်မှတ်တွေကို ဒုတိယအကြိမ်အဖြစ် အမေရိကန် တိုက်လေယာဉ်တွေ မနေ့တုန်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အာဆတ်အစိုးရနဲ့ ရုရှား ထိန်းချုပ်ခဲ့ဖူးတဲ့နယ်မြေတွေက စစ်သွေးကြွခေါင်းဆောင်တွေနဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း အရှေ့အလယ်ပိုင်းဒေသကို တာဝန်ယူရတဲ့ အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောပါတယ်။ IS စစ်သွေးကြွတွေအပေါ် စစ်ရေးအရ ဆက်လက်ဖိအားပေးဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေး ဖြစ်တယ်လို့လည်း ပြောပါတယ်။

တနင်္လာနေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ နေရာတွေနဲ့ လူပုဂ္ဂိုလ်တွေ ဘယ်သူဆိုတာကိုတော့ အမေရိကန်စစ်တပ်က ထုတ်ဖော်မပြောပါဘူး။ ဆီးရီးယားအလယ်ပိုင်းက IS ပစ်မှတ် ၇၅ ခုကို အမေရိကန်က လေကြောင်းကနေ အကြိမ် ၁ ဒါဇင်ကျော်တိုက်ခိုက်ခဲ့တာ သီတင်းတပတ်ကျော်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက IS စစ်သွေးကြွတွေကို အမေရိကန် လေကြောင်းကတိုက်ခိုက်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG