သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအသွင်ကူးပြောင်းရေးအလျင်အမြန်ဆောင်ရွက်ဖို့ ကုလသတိပေး


ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက် Idlib မြို့လမ်းမပေါ်ကမြင်ကွင်း (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)
ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက် Idlib မြို့လမ်းမပေါ်ကမြင်ကွင်း (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)

ဆီးရီးယား နိုင်ငံမှာ စစ်ပွဲ မပြီးဆုံးသေးကြောင်း၊ နိုင်ငံဟာ ထိလွယ်ရှလွယ် အခြေအနေနဲ့ အခက်အခဲ အများအပြား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အင်္ဂါနေ့မှာ သတိပေးလိုက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုဆီကို အလျင်အမြန် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဆီးရီးယား နိုင်ငံမှာ ငြိမ်းချမ်းရေး၊ စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးရေး၊ ဆီးရီးယား ပြည်သူ အားလုံးပါဝင်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှု ရှိရေးတို့ကို ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်း တခု ရှိနေပြီဆိုတဲ့ မျှော်လင့်ချက်ရှိနေကြောင်း ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Geir Pedersen က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြောပါတယ်။

ဒါပေမဲ့လည်း အနာဂတ် အတွက် စိုးရိမ်နေကြသူတွေလည်း အများအပြား ရှိနေပါတယ်။ ကြုံရမယ့် အခက်အခဲတွေက အများအပြား ရှိနေပါတယ်လို့လည်း သူက ပြောပါတယ်။ ဆီးရီးယားတွေဘက်ကရော နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကပါ ဒီကိစ္စတွေကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ဘူးဆိုရင် ထပ်ပြီး လမ်းလွဲသွားမယ့် အရေးကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Pedersen က ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စကပ်မှာ သူပုန်ခေါင်းဆောင်ဟောင်းနဲ့ လက်ရှိ အစိုးရခေါင်းဆောင် Ahmed al-Sharaa နောက် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် Mohammed al-Bashir တို့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဒမတ်စကပ် မြို့တော်ကနေ အစီရင်ခံ တင်ပြတာ ဖြစ်ပါတယ်။

ဆီးရီးယားအသွင်ကူးပြောင်းရေးအလျင်အမြန်ဆောင်ရွက်ဖို့ ကုလသတိပေး
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG