သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး နိုင်ငံစုံ ဂျော်ဒန်မှာ ဆွေးနွေး


ဆီးရီးယား အနာဂတ်အရေးအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံစုံမှ တွေ့ဆုံဆွေးနွေး (ANDREW CABALLERO-REYNOLDS/Pool via REUTERS)
ဆီးရီးယား အနာဂတ်အရေးအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံစုံမှ တွေ့ဆုံဆွေးနွေး (ANDREW CABALLERO-REYNOLDS/Pool via REUTERS)

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ Bashar al Assad ပြုတ်ကျပြီးနောက် အသွင်ကူးပြောင်းရေးနဲ့ ဆီးရီးယား အနာဂတ်အရေးအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံစုံ ဒီနေ့ စနေနေ့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဆီးရီးယားမှာ အသစ်တက်လာမယ့် ခေါင်းဆောင်တွေအနေနဲ့ ဘာတွေကို အဓိကထား ဆောင်ရွက်သင့်တယ်ဆိုတာကို အများသဘောတူ အကြံပြုနိုင်ရေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို အာရပ်နိုင်ငံများအဖွဲ့ချုပ်ဝင် နိုင်ငံခြားရေးဝန်ကြီးတွေသာမက၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တူရကီနိုင်ငံခြားရေးဝန်ကြီးအပြင်၊ ကုလသမဂ္ဂနဲ့ EU ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေ Aqaba ဆိပ်ကမ်းမြို့မှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဆီးရီးယားအရေး ဆွေးနွေးပွဲဖြစ်ပေမဲ့ ဆီးရီးယားကိုယ်စားလှယ်တော့ တယောက်မှ မပါခဲ့ပါဘူး။

အခုလို နိုင်ငံစုံဆွေးနွေးပွဲ မတိုင်ခင် ဒီနေ့အစောပိုင်းကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonny နဲ့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Geir Pedersen တို့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆီးရီးယားအရေးမှာ လူနည်းစုတွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ အလွန်ရေးကြီးတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောခဲ့ပါတယ်။ ဆီးရီးယား အသွင်ကူးပြောင်းရေးမှာ လူမျိုးစုအားလုံးနဲ့ ဘာသာပေါင်းစုံ ကိုယ်စားပြုသူတွေအားလုံး ပါဝင်နိုင်ဖို့ အရေးကြီးတာကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အလေးထား ပြောခဲ့ပါတယ်။

ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကလည်း ဆီးရီးယားက နိုင်ငံတော်အဖွဲ့အစည်းတွေ ပြိုကျမသွားဖို့ အရေးကြီးကြောင်းနဲ့ အားလုံးပါဝင်ပြီး လက်ခံနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် လိုအပ်တယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။ လူသားချင်း စာနာမှု အကူအညီတွေ အမြန်ဆုံးပေးနိုင်ရေး အခိုင်အမာ လုပ်ဆောင်ဖို့လိုတယ်လို့လည်း အထူးကိုယ်စားလှယ် Geir Pedersen က ပြောကြားသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG