သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ကာကွယ်ရေးလက်နက်ကိုင်တစုတဖွဲ့တည်းထားဖို့ သဘောတူ


အာဏာရှင်ကို ဦးဆောင်တိုက်ထုတ်ခဲ့တဲ့ခေါင်းဆောင် Ahmad al-Sharra နဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးနေစဉ် (ဒီဇင်ဘာ ၂၄၊ ၂၀၂၄)
အာဏာရှင်ကို ဦးဆောင်တိုက်ထုတ်ခဲ့တဲ့ခေါင်းဆောင် Ahmad al-Sharra နဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးနေစဉ် (ဒီဇင်ဘာ ၂၄၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့တွေကို ဖျက်သိမ်းပြီး၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ တစုတဖွဲ့တည်းအဖြစ်ထားဖို့ သဘောတူလိုက်ကြပြီလို့ ဆီးရီးယား အာဏာပိုင်သစ်က ကြေညာပါတယ်။ ဆီးရီးယားအာဏာရှင် Bashar al-Assad ကို တိုက်ထုတ်ရာမှာ ဦးဆောင်ခဲ့တဲ့ Ahmad al-Sharaa နဲ့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအကြား အစည်းအဝေးတရပ်လုပ်ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်လာတာပါ။

အာဆပ်ပြုတ်ကျသွားပြီးကတည်းက ကမ္ဘာအရပ်ရပ်က အစိုးရတွေဟာ ဆီးရီးယားအနာဂတ်ကို စိုးရိမ်ပြီး ဆီးရီးယားနိုင်ငံကို ကိုယ်စားလှယ်တွေ စေလွှတ်နေကြပါတယ်။ အဲဒီထဲ စိုးရိမ်မှုတခုကတော့ ၂၀၁၄ ခုနှစ်က ဆီးရီးယားအရှေ့ပိုင်းဒေသနဲ့ အီရတ်နောက်ခြမ်းဒေသတွေကို သိမ်းယူခဲ့တဲ့ IS စစ်သွေးကြွအဖွဲ့တွေ ပြန်ပြီးခေါင်းထောင်လာမလားဆိုတာပါ။

တနင်္လာနေ့ကတော့ ဆီးရီးယားနိုင်ငံ အရှေ့ခြမ်း အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွနှစ်ဦး သေဆုံးတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ အစိုးရတရပ် တရားဝင်ဖွဲ့စည်းပြီးရင် ရေကြောင်းပိုင်နက် သတ်မှတ်မှု သဘောတူညီချက်ရဖို့ လိုလားတယ်လို့ တူရကီ သယ်ယူပို့ဆောင်ရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG