သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရာဇဝတ်မှု စုံစမ်းရေးကော်မရှင် ဆီးရီးယားမှာထားရှိဖို့ ကုလစီစဉ်


ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်မှာ ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေကို ရှာဖွေနေကြတဲ့မြင်ကွင်း။
ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်မှာ ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေကို ရှာဖွေနေကြတဲ့မြင်ကွင်း။

ဆီးရီးယားမှာ ဆိုးဝါးပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေစုံစမ်းဖေါ်ထုတ်ရေးအတွက် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို ထားရှိသွားမှာဖြစ်သလို အသစ်တက်လာတဲ့အာဏာပိုင်အဖွဲ့ဟာ နားလည် လက်ခံလွယ်ပြီး ကုလသမဂ္ဂကိုယ်စား လှယ်အဖွဲ့ရဲ့ တောင်းဆိုမှုတွေကို ပူးပေါင်းလုပ်ဆောင်တယ်လို့ ဆီးရီးယားမြို့တော် ဒမတ်စကတ်ကိုသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

ဆီးရီးယားက စစ်ရာဇဝတ်မှုတွေကိုစုံစမ်းဖေါ်ထုတ်ဖို့ နိုင်ငံတကာလွတ်လပ်တဲ့ စုံးစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းပေးထားခဲ့ပြီး ဒီတကြိမ်ဟာ ပထမဆုံးအကြိမ် သွားရောက်နိုင်တာ ဖြစ်ပါတယ်။

ဆီးရီးယားမှာ Bashar al Assad အစိုးရပြုတ်ကျသွားတဲ့အတွက် စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ကောင်မရှင်အနေနဲ့ စုံးစမ်းအကောင်အထည်ဖေါ်ဖို့ အခွင့်အလမ်းတွေဖြစ်လာခဲ့တယ်လို့ ဒမတ်စကတ်ကို သွားရောက်ခဲ့တဲ့ နိုင်ငံတကာစုံ စမ်းရေး ကော်မရှင်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ Robert Petit (ရောဘတ် ပီတစ်) ကပြောပါတယ်။ အထောက်အထားတွေကိုလည်း အချိန်မနှောင်းမီ အမြန်ဆုံး ရယူစုဆောင်းနိုင်ဖို့လိုတယ်လို့လည်းသူကပြောပါတယ်။

ဒီစုံစမ်းရေးကော်မရှင်အနေနဲ့ အချက်အလက်အထောက်အထားတွေကိုစုဆောင်းဖို့နဲ့ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယားစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု၊ လူသားတွေအပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စတဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတာဝန်ရှိတယ်လို့ ယူဆ ရသူတွေကို တရားစွဲဆိုနိုင်ဖို့ ကူညီဆောင်ရွက်သွားမယ်လို့လည်း ကုလသမဂ္ဂကပြောထားပါတယ်။ ဆီးရီးယားစစ်ပွဲအတွင်း လူပေါင်းတသိန်းသုံးသောင်း(၁၃၀,၀၀၀) လောက် ပျောက်ဆုံးနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG