သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်နဲ့ ကာတာ နိုင်ငံခြားရေး၀န်ကြီးတွေ ဆီးရီးယားနိုင်ငံရောက်ရှိ


ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး
Ayman Safadi (ဝဲ) နဲ့ ဆီးရီးယား HTS ခေါင်းဆောင် Ahmed al-Sharaa (ယာ) တို့ မြို့တော် ဒမတ်စကတ်မှာ တွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၄)
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi (ဝဲ) နဲ့ ဆီးရီးယား HTS ခေါင်းဆောင် Ahmed al-Sharaa (ယာ) တို့ မြို့တော် ဒမတ်စကတ်မှာ တွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဂျော်ဒန်နိုင်ငံက ကူညီဖို့အသင့်ရှိကြောင်း ဆီးရီးယား ခေါင်းဆောင် Ahmed al-Sharaa နဲ့ ဒမတ်စကဒ်မြို့မှာ ဒီကနေ့ တွေ့ဆုံစဉ် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး Ayman Safadi ဟာ အာရပ်နိုင်ငံတွေထဲက ဆီးရီးယားကို ရောက်လာတဲ့ ပထမဆုံး အဆင့်အမြင့်ဆုံး အစိုးရအရာရှိတဦးလည်း ဖြစ်ပါတယ်။

ဂျော်ဒန်နောက်မှာ ကာတာနိုင်ငံခြားရေးဝန်ကြီး Mohammed Al-Khulaifi လည်း ဒီကနေ့ ဆီးရီးယား မြို့တော် ဒမတ်စကဒ်ကို ရောက်လာပါတယ်။ ဆီးရီးယားမှာ အရင် အာဏာရှင်ဟောင်း Bashar al-Assad ပြုတ်ကျသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကာတာလေကြောင်းလိုင်း လေယာဉ် ဆိုက်ရောက်လာတာဖြစ်တယ်လို့ ဝန်ကြီး Mohammed Al-Khulaifi က X လူမှုကွန်ယက်မှာ ရေးပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ၁၃ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်သွားစေတဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အဖွဲ့လည်းဖြစ်၊ အရင်က al Qaida အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲ ရပ်တည်ခဲ့တဲ့ ဆီးရီးယားသူပုန်အဖွဲ့ HTS ရဲ့ ခေါင်းဆောင်နဲ့ အခုလို လာရောက်တွေ့ဆုံတာဟာ သံတမန်ဆက်ဆံရေး တိုးမြှင့် လိုက်တာလည်း ဖြစ်ပါတယ်။

အာရပ်နိုင်ငံတွေကြား အမေရိကန်ရဲ့ အဓိက မဟာမိတ်လည်းဖြစ်၊ ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ် နေတဲ့ နိုင်ငံလည်းဖြစ်တဲ့ ဂျော်ဒန်အတွက် ဆီးရီးယားနိုင်ငံတည်ငြိမ်ရေးဟာ အရေးပါတဲ့ကိစ္စရပ် တခုဖြစ်ပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံမှာ လက်ရှိ အာဏာရအုပ်ချုပ်ရေးအဖွဲ့နဲ့ သူတို့ တိုက်ရိုက် ဆက်သွယ်မှုမရှိကြောင်း အီရန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG