သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံအဖွဲ့ ဆီးရီးယားရောက်


သောကြာနေ့ညနေ ဆီးရီးယားမြို့တော် ဒမတ်စကတ် Umayyad ဗလီမှာ ဝတ်ပြုဆုတောင်းနေကြတဲ့ ဆီးရီးယားပြည်သူများ။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၄)
သောကြာနေ့ညနေ ဆီးရီးယားမြို့တော် ဒမတ်စကတ် Umayyad ဗလီမှာ ဝတ်ပြုဆုတောင်းနေကြတဲ့ ဆီးရီးယားပြည်သူများ။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၄)

အမေရိကန် ထိပ်တန်းတာဝန်ရှိသူတချို့ ဆီးရီးယားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ Damascus ကို ရောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ လောလောဆယ် ဆီးရီးယားကို ဦးဆောင်နေတဲ့ HTS အဖွဲ့အနေနဲ့ နိုင်ငံရေးအသွင်ပြောင်းလဲတဲ့ လုပ်ငန်းစဉ်တွေမှာ လူနည်းစု အဖွဲ့အားလုံးရဲ့ အခွင့်အရေးကိုလေးစားဖို့နဲ့ ပါဝင်ခွင့်ရရေးအပါအဝင် အမေရိကန်အစိုးရဘက်က လိုလားတဲ့ အခြေခံမူတွေကို ‌ဆွေးနွေးဖို့ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

Assad အစိုးရပြုတ်ကျသွားခဲ့ပြီးနောက်မှာ အမေရိကန်တာဝန်ရှိသူတွေ ဆီးရီးယားကို ပထမဆုံး သွားရောက်တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ဆီးရီးယားတို့ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းထောက် Austin Tice နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေသိရဖို့လည်း ကြိုးစားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းဆိုင်ရာ ထိပ်တန်းသံတမန် Barbara Leaf၊ ဓားစာခံအရေးသမ္မတရဲ့ အထူးသံတမန် Roger Carstens နဲ့ အကြီးတန်းအကြံပေး Daniel Rubinstein တို့ ဦးဆောင်ပြီး ဆီးရီးယားကို သွားရောက်နေတာြဖစ်ပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတချို့က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ HTS အဖွဲ့နဲ့ သူ့ရဲ့ခေါင်းဆောင် Ahmed al-Sharaa တို့နဲ့ ဆက်ဆံရေးလမ်းကြောင်းတွေ တဖြည်းဖြည်း ပြန်ဖွင့်နေ ချိန်မှာ အမေရိကန် သံတမန်အဖွဲ့သွားရောက်နေကြတာလည်းဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန် ကိုယ်စားလှယ်အဖွဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆီးရီးယားကို သွားခဲ့ကြပါတယ်။

အမေရိကန်သံအဖွဲ့ ဆီးရီးယားရောက်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG