သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြူးနစ်လုံခြုံရေးညီလာခံ သမ္မတထရမ့်အစိုးရ ထိပ်တန်းအရာရှိတွေ တက်ရောက်မည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့အတူ မြူးနစ်လုံခြုံရေးညီလာခံအတူတက်မဲ့ ဒု-သမ္မတ JD Vance (ယခင်မှတ်တမ်းဓာတ်ပုံ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့အတူ မြူးနစ်လုံခြုံရေးညီလာခံအတူတက်မဲ့ ဒု-သမ္မတ JD Vance (ယခင်မှတ်တမ်းဓာတ်ပုံ)

သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းအစိုးရအဖွဲ့ဝင်တွေ ခုသီတင်းပတ်အတွင်း ဥရောပကိုသွားရောက်ပြီး ယူကရိန်းအရေးအပါအဝင် တခြားကမ္ဘာ့ရေးရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။

အမေရိကန် ဒုသမ္မတ JD Vance ဟာ နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့အတူ ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် ဂျာမနီနိုင်ငံ၊ မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်မှာဖြစ်သလို ဒီမတိုင်ခင်မှာတော့ ပြင်သစ်နိုင်ငံက AI နည်းပညာ ထိပ်သီးညီလာခံတက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာလုံခြုံရေးရာ မူဝါဒနဲ့ ပတ်သက်ပြီးဆွေးနွေးကြတဲ့ မြူးနစ်ညီလာခံမှာ ယူကရိန်းငြိမ်းချမ်းရေးအတွက် ဦးစားပေး ဆွေးနွေးမှာဖြစ်သလို တခြား ကမ္ဘာ့ပဋိပက္ခတွေအရေးကိုလည်း ဆွေးနွေးကြမှာပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth လည်း စစ်ဌာနချုပ် ၂ ခုကို သွားရောက်မှာဖြစ်ပြီး ဒီနောက်မှာတော့ NATO မြောက်အတ္တလန်တိတ် စစ်စာချုပ် အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒီနောက်မှာတော့ ယူကရိန်းကာကွယ်ရေးဆိုင်ရာ အဖွဲ့ရဲ့ အစည်းအဝေးကို တက်ရောက်ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သံတမန်ရေးအရ ကြိုးပမ်းမယ့် သမ္မတ Donald Trump ရဲ့ သန္နိဌာန်ကို အမြန်ဆုံး အကောင်အထည်ဖေါ်မှာ ဖြစ်တဲ့အကြောင်း ပြောကြားမယ်လို့ ပန်တဂွန် က ထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ မနေ့တုန်းက ရုရှားဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် ယူကရိန်း ကိဗ်မြို့တော်မှာ မီးလောင် ခဲ့သလို Sumy ဒေသမှာ အမျိုးသမီးတဦး ဒဏ်ရာရပါတယ်။ နေအိမ်တချို့ မီးလောင်ပျက်စီးသွားတယ် လို့လည်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ ရုရှားဘက်ကတော့ Krasnodar ဒေသတွင်း ဒရုန်း ၇ စင်း အပါအဝင် ယူကရိန်း ဒရုန်း ၁၅ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG