သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြူးနစ်နိုင်ငံတကာလုံခြုံရေးညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး NUG တက်ရောက်ခဲ့ 


ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (photo: Screenshot Live Stream)
ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (photo: Screenshot Live Stream)

ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ နွေဦးတော်လှန်ရေးကို ကမ္ဘာ့အရေးနဲ့ ချိတ်ဆက်အောင်လုပ်နိုင်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကိုပြောပါတယ်။ ဖေဖေါ်ဝါရီလ ၁၆-၁၈ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးညီလာခံကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုဖို့ ဖိတ်ကြားခံရတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီးဒေါ်ဇင်မာအောင်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခု မြူးနစ် လုံခြုံရေးညီလာခံကို ဒေါ်ဇင်မာအောင် တက်ရောက်တဲ့အခါမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးတော့ NUG ဘက်ကပဲ တက်ရောက်ခွင့်ရတာလားရှင့်။

ဒေါ်ဇင်မာအောင်။ ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံကဆိုလို့ရှိရင် ကျမ delegation head အနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါကိုကြည့်မယ်ဆိုရင် ကမ္ဘာအတွက်အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာဆွေးနွေးကြတဲ့ မြူးနစ်ညီလာခံမှာ စစ်ကောင်စီတက်ရောက်ခွင့်မရတာကို ကြည့်မယ်ဆိုရင်တော့ NUG အနေနဲ့ သံတမန်ရေးအရမှာ အသိအမှတ်ပြုခံရတဲ့အနေအထား ပိုပြီးအားကောင်းလာတယ်လို့ ယူဆလို့ရလားရှင့်။

ဒေါ်ဇင်မာအောင်။ ။ အဲဒီလိုယူဆမယ်ဆိုရင်တော့ ယူဆလို့ရပါတယ်။ ဒီလို ပလက်ဖောင်းမျိုးရဖို့က တော်တော်ခက်ခဲပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ တိုင်းပြည်ကို ကိုယ်စားပြုပြီး လာကြတဲ့ခေါင်းဆောင်တွဗ ရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေ လာကြတယ်။ အလွှာစုံက ခေါင်းဆောင်တွေကို ကိုယ်စားပြုပြီးတော့ လာကြတာပေါ့။ အထူးအားဖြင့် ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာဆိုရင် အမေရိကန် ဒုတိယသမ္မတလိုမျိုး၊ နောက်ပြီးတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးလိုမျိုး၊ နောက်ပြီး ယူကရိန်းသမ္မတ- အစရှိသဖြင့် နမူနာတွေပြောတာပါ။ ဒီလိုမျိုး ဥရောပနိုင်ငံတွင်း၊ ဒေသတွင်းကခေါင်းဆောင်တွေလည်း တက်ရောက်ကြတာ ရှိပါတယ်။ ဆိုတော့ ဒီ ကွန်ဖရင့်စ်ကြီးက ပြောရမယ်ဆိုလို့ရှိရင် လူပေါင်း ထောင်နဲ့ချီပြီးတော့ တက်ရောက်ကြတဲ့ many events တွေ၊ side events တွေကိုလည်းပေါ့...ပြောရမယ်ဆိုလို့ရှိရင် ကမ္ဘာ့အဆင့် ညီလာခံလို့တော့ ပြောလို့ရပါတယ်။"

အင်ကြင်းနိုင်။ ။ အဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကော မြန်မာ့အရေးကို နိုင်ငံတကာဘက်က ကိုင်တွယ်သွားနိုင်မယ့်အနေအထားကိုရော ဘယ်လိုမြင်လဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့၊ အဓိက-ကတော့ ကျမ ဒီညီလာခံကိုတက်ရောက်ဖို့လက်ခံလိုက်တာရော၊ ဒီ opportunities ကို ယူချင်တာကောက အကြောင်းနှစ်ကြောင်းရှိတယ်ပေါ့နော်။ ကျမတို့ မူလအလုပ်ဖြစ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ကျမတို့ မြန်မာ့အရေး agenda (လုပ်ငန်းစဉ်) ကို ဆက်လက်ပြီး တည်ရှိနေဖို့။ နောက်ပြီးတော့ ကမ္ဘာမှာကလည်း တနှစ်ထက်တနှစ် ပိုပြီးတော့ စိန်ခေါ်မှုတွေများတဲ့ globally ပေါ့လေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက် မြန်မာနိုင်ငံထက် ကျော်လွန်ပြီး အာရုံစိုက်ရမယ့်အရေးတွေက တခုပြီးတခု ပေါ်ပေါက်လာနေတာဆိုတော့ ကိုယ့်တိုင်းပြည်ရဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ နွေဦးတော်လှန်ရေးက ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံကြီးတချို့ကလွဲလို့ ကျယ်ကျယ်ပြန့်ပြန့်မသိဘူးဖြစ်နေတာပေါ့။ အဲဒီအတွက် နိုင်ငံပေါင်းစုံ၊ ဒေသစုံက လူတွေလာကြတော့ ကျမတို့ မြန်မာပြည်အရေးမှာ ဘယ်လိုတွေဖြစ်နေလဲဆိုတာတွေကိုတော့ ကျမအတွက် ကျယ်ကျယ်ပြန့်ပြန့် globally awareness ရအောင်လို့ ရသမျှ ကျမတို့မှာရှိတဲ့ resource နဲ့ အချိန်ကို သုံးနိုင်ခဲ့တယ်။ ဒီပလက်ဖောင်းကိုသုံးပြီးတော့ပေါ့လေ။..ဆိုတော့ ဒါကတော့ ကောင်းတဲ့ကိစ္စလို့မြင်တယ်။ အဲဒီတော့ အဲဒီပလက်ဖောင်းမှာပဲ ကျမတို့ event တွေလုပ်ပြီး ဒီ event မှာလည်းပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ global agenda နဲ့ချိတ်ဆက်ပြီးတော့ မြန်မာ့အရေးကိုလည်းပဲ တွန်းနိုင်တဲ့အနေအထားမျိုးကို အခုနက စက္ကထရီ ဟီလာရီကလင်တန်တို့လို (အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်လို) ပုဂ္ဂိုလ်မျိုးတွေနဲ့ တွဲပြီး လုပ်နိုင်ခဲ့တာကတော့ မြန်မာ့အရေးကို ကမ္ဘာ့ပရိသတ် ပိုသိအောင် လုပ်နိုင်တဲ့အခြေအနေတခုကို ဖန်တီးပေးနိုင်ခဲ့တယ်။ ပြောချင်တာက ဒီမှာ ဆက်တွေ့တဲ့ တခြားသူတွေနဲ့ဆိုလို့ရှိရင်လည်းပဲ ဒီလိုမျိုး issues တွေ ရှိနေသည့်တိုင်အောင် မြန်မာ့အရေးဟာ သူတို့ရဲ့နိုင်ငံခြားရေးမူဝါဒရဲ့ priority ထဲမှာ ရှိနေဆဲပဲဆိုတဲ့ သတင်းစကားမျိုးတွေ၊ ကတိကဝတ်မျိုးတွေကိုတော့ ရခဲ့တာရှိပါတယ်။ ဒီအစည်းအဝေးကနေပြီးတော့။"

အင်ကြင်းနိုင်။ ။ အခု နိုင်ငံတကာမှာဆိုရင်လည်း မြန်မာနိုင်ငံလိုမျိုး ပဋိပက္ခတွေဖြစ်နေတဲ့နိုင်ငံတွေ၊ ပိုပြီးဆိုးတာတွေလည်း ရှိနေတာပေါ့နော်။ အခုဆိုရင် အစ္စရေး-ပါလက်စတိုင်းတို့၊ နောက် ယူကရိန်း-ရုရှားတို့...၊ အဲဒီအခါကျတော့ မြန်မာ့အရေးမှာလည်း ဒီလို ပဋိပက္ခတွေ၊ အထူးသဖြင့် ဒေသတွင်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လို message မျိုး ရခဲ့လဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့၊ အဓိက-ကတော့ global agenda လိုဖြစ်လာနေတာက online scam တွေပေါ့နော်။ ကျမတို့တိုင်းပြည်ထဲမှာ base လုပ်ထားတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ global issue ဖြစ်နေတာတွေက ဥပမာ- trafficking လိုကိစ္စမျိုးတွေပေါ့နော်။ လူကုန်ကူးတဲ့ကိစ္စမျိုးတွေ။ online scam တွေ၊ နောက်ပြီးတော့ မူးယစ်ဆေးဝါးကိစ္စတွေ...အစရှိသဖြင့်နယ်စပ်ဖြတ်ကျော် မှုခင်းတွေနဲ့ အကျုံးဝင်နေတဲ့ကိစ္စတွေမှာ ကျမတို့ဒေသကို ဗဟိုပြုပြီးဖြစ်လာတယ်။ ကျမတို့ဒေသထဲမှာမှ ကျမတို့တိုင်းပြည်ကို ဗဟိုပြုပြီးတော့ ဖြစ်လာတဲ့အမှုအခင်းတွေက တရုတ်တောင်မှပဲ သူ့နိုင်ငံသူ နိုင်ငံသားတွေအတွက် security concern (လုံခြုံရေး စိုးရိမ်မှု) ဖြစ်လာတဲ့အတွက် ပိုပြီးတော့ အာရုံစိုက်လာတာကို တွေ့ရတယ်။ ဆိုတော့ အဲဒါက ကျမတို့ ဒေသတွင်း issue တင်မဟုတ်ဘူး၊ ဒေသတွင်းကိုကျော်လွန်ပြီးတော့ပေါ့နော်၊ ကျော်လွန်တဲ့နိုင်ငံတွေရဲ့ နိုင်ငံသားတွေလည်းပဲ လူကုန်ကူးခံနေရတာရှိတယ်ဆိုတော့- ဒါက global issue လိုမျိုး ဖြစ်လာတယ်ပေါ့၊ ဒါပေမဲ့ နိုင်ငံတော်တော်များများက သိပ်မသိကြဘူး။ အဲဒီ issue ကြီးက ဒီမှာ base (အခြေခံ) ဖြစ်နေတယ်ဆိုတာကို မသိကြဘူး။

...ဆိုတော့ ဒါကိုလည်းပဲ ကျမတို့ကတော့ raise လုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်တပ်က criminal gang သာသာလောက် ဖြစ်နေတဲ့သူတွေကနေပြီးတော့ ပဲ့ကိုင်နေသရွေ့ မြန်မာနိုင်ငံဟာ ကျမတို့တိုင်းပြည်က နိုင်ငံသူနိုင်ငံသားတွေအတွက်သာမကဘူး၊ ဒေသတွင်းကော global threat အနေနဲ့ပါ ဖြစ်ထွန်းလာနေတယ်ဆိုတာကိုတော့ တချို့နိုင်ငံတွေက တော်တော်လေးသဘောပေါက်ကြတယ်။ သဘောမပေါက်သေးတဲ့နိုင်ငံတွေလည်း သဘောပေါက်လာအောင်လို့တော့ ကျမတို့ engage လုပ်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG