သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ပြည်သူ မလိုလားလို့ ခုခံတော်လှန် (ဒေါ်ဇင်မာအောင် NUG နိုင်ငံခြားရေးဝန်ကြီး)

ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (photo: Screenshot Live Stream)

ဂျာမနီနိုင်ငံမြူးနစ်မြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံကို စနေနေ့က မြန်မာ့အရေး တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ပြည်သူတွေ မလိုလားတဲ့အတွက် ခုခံတော်လှန်နေကြတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (photo: Screenshot Live Stream)
ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (photo: Screenshot Live Stream)

" အရပ်ဘက် ပြည်သူတွေရဲ့ စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်မှုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ ပုံမှန်အမြဲတမ်းတွေ့နေရတဲ့ ဖြစ်ရပ်ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းတာကို တော်လှန်တဲ့ ဒီတခါ ခုခံတော်လှန်မှုမှာတော့ အထူးသဖြင့် လူငယ်တွေ အမျိုးသမီးတွေ ပိုပြီးပါလာတာက ထူးခြားသလို ၊ မြို့နဲ့ တောနေပြည်သူတွေ၊ လူတန်းစားမျိုးစုံ ပါဝင်လာတာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဒီအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “Rebel With a Cause: Voice of Civil Resistance” “သူပုန်ထရတဲ့ အကြောင်းတရား_ အရပ်သား ခုခံတော်လှန်နေသူများရဲ့အသံ” ဆိုတဲ့ ခေါင်းစဥ်နဲ့ တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လက်မခံပဲ ဌာနပေါင်းစုံက CDM လုပ်တဲ့ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးက ၆၆% ပါနေသလို မျိုးဆက်သစ်လူငယ်တွေ ထဲမှာလည်း အခုနောက်ဆုံး Generation Z မျိုးဆက်အထိ ပါလာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့တဲ့ ဖြိုခွဲဖို့ မလွယ်ဘူးလို့ သတ်မှတ်ထားတဲ့ စစ်အာဏာရှင်ကို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ၊ ပြည်သူအများ စုပေါင်းတွန်းလှန်မှုကြောင့် အခုဆိုရင် နိုင်ငံရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ကို ခုခံတော်လှန်နေသူတွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနဲ့ ဒါဟာ မြန်မာပြည်သူတွေရဲ့ ထူးခြားတဲ့ ဒဏ်ခံနိုင်မှုကနေ ရတဲ့ ရလဒ်ဖြစ်ကြောင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (photo: Screenshot Live Stream)
ဂျာမဏီနိုင်ငံမှာကျင်းပတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (photo: Screenshot Live Stream)

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ သောကြာနေ့က စတင်ပြီး ၃ ရက်ကြာကျင်းပနေတဲ့ လုံခြုံရေးညီလာခံမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အတူ ဘယ်လာရုစ်နိုင်ငံသူ အတိုက်အခံ ခေါင်းဆောင် Sviatlana Tsikhanouskaya ၊ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ သတင်းစာဆရာ Maria Ressa နဲ့ World Liberty Congress ရဲ့ ဥက္ကဌ အီရန်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ သတင်းစာဆရာ Masih Alinejad တို့လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG