သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကန်လက်ထောက်ဝန်ကြီးနဲ့တွေ့ဆုံ


NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကန်လက်ထောက်ဝန်ကြီးနဲ့တွေ့ဆုံ (စက်တင်ဘာ ၂၁၊ ၂၀၂၃)
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကန်လက်ထောက်ဝန်ကြီးနဲ့တွေ့ဆုံ (စက်တင်ဘာ ၂၁၊ ၂၀၂၃)

အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပိစိဖိတ်ရေးရာဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

New York မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ဆုံခဲ့ကြတာဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပိစိဖိတ်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြည်သူတွေအပေါ် ဆိုးဝါးရက်စက်တဲ့လုပ်ရပ်တွေ လုပ်နေတဲ့ စစ်ကောင်စီကို သူတို့လုပ်ရပ်တွေအတွက် တာဝန်ခံ အရေးယူနိုင်ရေးအတွက် အမေရိကန်က ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kritenbrink က ထပ်မံအတည်ပြုပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

New York မြို့မှာကျင်းနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်အထွေထွေညီလာခံမှာ သူမိန့်ခွန်းပြောဖို့ အစီအစဉ်မရှိဘူးလို့ ဦးကျော်မိုးထွန်းက VOA မြန်မာပိုင်း ကိုပြောပါတယ်။ စစ်ကောင်စီကတော့ ဦိးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူးဆိုပြီး ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG