သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကို တိုင်းရင်းသားတွေယုံကြည်မှုတိုးလာတယ်လို့ UK စစ်တမ်းတခုဖော်ပြ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

တိုင်းရင်းသားလူနည်းစုတွေရဲ့ အသိုက်အဝန်းအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ယုံကြည်မှုမြင့်မားတယ်လို့ လန်ဒန် စီးပွါးရေးတက္ကသိုလ်အခြေစိုက် International Growth Centre IGC က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

နိုင်ငံတကာစီးပွါးရေးတိုးတက်မှု လေ့လာရေးဌာနလို့ အဓိပ္ပါယ်ရနိုင်တဲ့ IGC အဖွဲ့ဟာ ပဋိပက္ခ ဖြစ်နေတဲ့နိုင်ငံတွေက စီးပွါးရေးကို အဓိကထားလေ့လာတဲ့အဖွဲ့ဖြစ်ပြီး အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ London School of Economics LSE တက္ကသိုလ်က ပညာရှင်တွေဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ အိုင်ဂျီစီရဲ့လေ့လာချက်အရ တုံ့ပြန်ဖြေကြားသူ ၆၉ ရာနှုန်းက အင်န်ယူဂျီအပေါ် ယုံကြည်ကြပါတယ်။ ဖြေကြားကြသူတွေရဲ့ တိုင်းရင်းသားဒေသတွေကို လူမှုဝန်ဆောင်မှုပေးဖို့ အင်န်ယူဂျီဟာ ထိရောက်နိုင်ပါလိမ့်မယ်လို့လည်း ၇၉ ရာနှုန်းက ပြောကြပါတယ်။

တိုင်းရင်းသားလူနည်းစုတွေရဲ့ အကျိုးစီးပွါးကို အင်န်ယူဂျီက ဆော်ဩစည်းရုံးပေးလိမ့်မယ်လို့ ဖြေကြားသူ ၇၀ ရာနှုန်းဝန်းကျင်က ယုံကြည်ကြတယ်လို့ အိုင်ဂျီစီလေ့လာချက်က ဆိုပါတယ်။ ဒါပေမဲ့ အာဏာရှိတဲ့နေရာတွေမှာ တိုင်းရင်းသားအုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေအတွက် အင်န်ယူဂျီက နေရာပေးထားမယ်ဆိုတာကိုတော့ ၄၉ ရာနှုန်းကပဲ ယုံကြည်ကြပါတယ်။ ဗမာ နဲ့ တိုင်းရင်းသားလူနည်းစုကို တန်းတူညီမျှ ဦးစားပေးလုပ်ကိုင်မယ်ဆိုတာကိုတော့ ၅၁ ရာနှုန်းကပဲ ယုံကြည်ကြတာကို စစ်တမ်းက တွေ့ရှိပါတယ်။

တိုင်းရင်းသားလူနည်းစုနေရာတွေကို အဓိကထားပြီး အွန်လိုင်းကနေ သဘောထားစစ်တမ်း ကို အိုင်ဂျီစီက ကောက်ခံခဲ့တာဖြစ်ပါတယ်။ မေးခွန်းတွေကို ဗမာဘာသာအပြင် တိုင်းရင်းသား ဘာသာစကား ၆ မျိုးနဲ့ မေးမြန်းကောက်ခံခဲ့တာဖြစ်ပြီး လူပေါင်း ၁,၁၁၃ ယောက် ဖြေကြားခဲ့ကြတာပါ။ ဖြေကြားကြသူတွေဟာ မတူညီတဲ့တိုင်းရင်းသား ၃၅ မျိုးဖြစ်ကြတယ်လို့ အိုင်ဂျီစီ က ပြောပါတယ်။

အိုင်ဂျီစီအဖွဲ့ကို ပဋိပက္ခစီးပွါးရေးပညာမှာ အထင်ကရပါမောက္ခတဦးဖြစ်တဲ့ ပေါ်လ်ကော်လီယာကဦးဆောင်တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG