သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုတိုးမြှင့်အရေးယူဖို့ G20 ကို NUG တောင်းဆို 


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က G20 အစည်းအဝေးအတွက် ပြင်ဆင်ထားပုံ (စက်တင်ဘာ ၈၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က G20 အစည်းအဝေးအတွက် ပြင်ဆင်ထားပုံ (စက်တင်ဘာ ၈၊ ၂၀၂၃)

မြန်မာနိုင်ငံ အကျပ်အတည်းဟာ G-20 စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ ဦးတည်ချက်တွေ ပြည့်မီအောင် ကြိုးပမ်းမှုကို တိုက်ရိုက် ခြိမ်းခြောက်နေပြီး အိန္ဒိယ အပါအဝင် မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အားထုတ်မှုတွေကို ပျက်ပြားစေတဲ့အတွက် အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းလိုက်ပါတယ်။

စက်တင်ဘာလ ၉ ရက်ကနေ ၁၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှာ G20 အဖွဲ့ဝင်နိုင်ငံတွေ ၂ ရက်ကြာ ထိပ်သီးအစည်းအဝေးကျင်းပဖို့ ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံအတွင်း စစ်တပ်က ကျုးလွန်တဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး ဖိအားပေးဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို NUG က တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ G-20 အဖွဲ့ဝင်နိုင်ငံ အားလုံးအပေါ် နိုင်ငံရေးလုံခြုံမှု သိသိသာသာ ခြိမ်းခြောက်နေတဲ့အကြောင်းနဲ့ G-20 ထိပ်သီး အစည်းအဝေးကြီးရဲ့ ဦးတည်ချက်တွေပြည့်မီအောင် ကြိုးပမ်းမှုတွေကို တိုက်ရိုက် ခြိမ်းခြောက်နေတယ်လို့လည်း NUG ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ အဓိကအားဖြင့် မြန်မာစစ်တပ်ကို လက်နက်နဲ့ လေယာဉ်လောင်စာဆီတွေ ထောက်ပံ့၊ ရောင်းချနေမှုတွေ အဆုံးသတ်ဖို့နဲ့ စစ်တပ်နဲ့ သူ့ရဲ့ အကြမ်းဖက်မှုတွေအတွက် ငွေကြေး အရင်းအမြစ် ပံ့ပိုး ပေးနေတဲ့ အခအရာကျတဲ့ အဖွဲ့အစည်းတွေရဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ဖို့ NUG က တောင်းဆိုတာပါ။

စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်း ဩဂုတ်လအထိ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄,၀၂၃ ယောက် သေဆုံးခဲ့ပြီး၊ အရပ်သားနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၁,၄၀၀ ကျော် ရှိခဲ့တယ်လို့ NUG က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG