သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ Biden ဗီယက်နမ်ကို သွားမယ်


အမေရိကန်သမ္မတ Joe Biden

အမေရိကန်သမ္မတ Joe Biden ဟာ လာမယ့်လအတွင်း ဗီယက်နမ်ကို သွားရောက်ပြီး အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ၊ နောက် တခြားသော ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်အကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။

အိန္ဒိယနိုင်ငံနယူးဒေလီမှာကျင်းပမယ့် G20 စီးပွါးရေးအင်အားကြီးနိုင်ငံ ၂၀ ထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတ Biden က ဗီယက်နမ်ကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗီယက်နမ်ခရီးစဉ်အတွင်းမှာတော့ ဟနွိုင်းမြို့တော်မှာ ဗီယက်နမ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး အမေရိကန်နဲ့ ဗီယက်နမ်ကြား ပူးပေါင်းဆောင်ရွက်မှု ပိုပြီး ခိုင်မာလေးနက်လာရေး ဆွေးနွေးမယ့်အကြောင်းလည်း သူမက ပြောပါတယ်။

ဗီယက်နမ် စီးပွါးရေးဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်မယ့်အခွင့်အလမ်းတွေ၊ နောက် အပြန်အလှန်ဖလှယ်ရေးနဲ့ လုပ်ငန်းခွင်ဖွံ့ဖြိုးရေး အစီအစဉ်တွေကနေတဆင့် ပြည်သူအချင်းချင်းကြား ဆက်ဆံရေးတိုးချဲ့နိုင်ရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေး၊ ကြွယ်ဝတိုးတက်ရေးနဲ့ တည်ငြိမ်ရေး တိုးတက်ရရှိနိုင်မယ့် နည်းလမ်းတွေကို ခေါင်းဆောင်တွေကြား တိုင်ပင် ဆွေးနွေးကြမှာဖြစ်ကြောင်းလည်း အမေရိကန်သမ္မတအိမ်ဖြူတော်ပြောခွင့်ရက ပြောပါတယ်။ ဒေသတွင်းမှာ တရုတ်ရဲ့စစ်ရေး၊ စီးပွါးရေးသြဇာလွှမ်းမိုးမှု ကြီးထွားလာမှုအပေါ်မှာ အမေရိကန်ဘက်က စိုးရိမ်နေပြီး သမ္မတ Biden လက်ထက်မှာတော့ အရှေ့တောင်အာရှနဲ့ ဆက်ဆံရေးတိုးချဲ့ တိုးတက်ရေးကို အလေးထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 အမေရိကန် သမ္မတ Biden ဗီယက်နမ်ကို သွားမယ်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG