သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံနဲ႔ ဆက္ဆံေရး ေခတ္သစ္တခုအျဖစ္ သမၼတဘုိင္ဒင္ေျပာၾကား 


លោកប្រធានាធិបតី Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដើម្បីរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

အာဆီယံႏိုင္ငံေတြနဲ႔ တသားတည္းရွိေၾကာင္း ျပသမႈလို႔ ျမင္ၾကတဲ့ ဝါရွင္တန္ဒီစီက အေမရိကန္-အာဆီယံ ထိပ္သီးအစည္းေဝး ေနာက္ဆံုးေန႔ ျဖစ္တဲ့ ေသာၾကာေန႔မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အေမရိကန္-အာဆီယံ ဆက္ဆံေရးေခတ္သစ္ကို ေရာက္လာၿပီျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

အာဆီယံနဲ႔ ဆက္ဆံေရး ေခတ္သစ္တခုအျဖစ္ သမၼတဘုိင္ဒင္ေျပာၾကား

{{Zawgyi/Unicode}}
အင္ဒိုပစိတ္ဖိတ္ေဒသတြင္း တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈ ႀကီးမားလာခ်ိန္မွာ အာဆီယံႏိုင္ငံေတြနဲ႔ တသားတည္းရွိေၾကာင္း ျပသမႈလို႔ ျမင္ၾကတဲ့ ဝါရွင္တန္ဒီစီက အေမရိကန္-အာဆီယံ ထိပ္သီးအစည္းေဝး ေနာက္ဆံုးေန႔ ျဖစ္တဲ့ ေသာၾကာေန႔မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အေမရိကန္-အာဆီယံ ဆက္ဆံေရးေခတ္သစ္ကို ေရာက္လာၿပီျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

ဒါဟာ အာဆီယံနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား မဟာမိတ္ျဖစ္မႈနဲ႔ မိတ္ေဆြျဖစ္မႈ ႏွစ္ေပါင္း ၄၅ ႏွစ္ရွိလာတာ အတြက္ က်ေနာ္တို႔ရဲ႕ ေအာင္ပြဲခံ အထိန္းအမွတ္ ျဖစ္ရံုတင္မကပါဘူး။ အေမရိကန္- အာဆီယံ ဆက္ဆံေရး ေခတ္သစ္ထဲေရာက္လာတာလည္း ျဖစ္ပါတယ္လို႔ ေျပာပါတယ္။

ဒီပြဲမွာပဲ အေမရိကန္က အာဆီယံနဲ႔ ေရေၾကာင္းဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ တိုးခ်ဲ႕မယ့္ အစီစဥ္သစ္ေတြကိုပါ ေၾကညာခဲ့တာပါ။ လက္ရွိမွာ တ႐ုတ္နဲ႔ နယ္ေျမပိုင္ဆိုင္မႈ ဆိုင္ရာ ေတာင္တ႐ုတ္ပင္လယ္ေဒသတြင္း အျငင္းပြါးေနတဲ့ႏိုင္ငံေတြထဲမွာ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြ ျဖစ္တဲ့ ဘ႐ူႏိုင္းလ္၊ မေလးရွား၊ ဖိလစ္ပိုင္နဲ႔ ဗီယက္နမ္ ႏိုင္ငံေတြလည္း ပါဝင္ေနတာပါ။

ေရေၾကာင္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္း လိုက္နာေရးအတြက္ အားျဖည့္ေဆာင္ရြက္ဖို႔ နဲ႔ တရားမဝင္ ငါးဖမ္းမႈ တိုက္ဖ်က္ေရး အတြက္ ပင္လယ္ပိုင္နက္ ထိစပ္ေနတဲ့ အာဆီယံႏိုင္ငံေတြဆီ သေဘၤာေတြ ပို႔ေပးတာ အပါအဝင္ ေဒသတြင္းေရေၾကာင္း စီမံကိန္းအသစ္ေတြ အတြက္ သမၼတဘိုင္ဒန္ အစိုးရအဖြဲ႔က အေမရိကန္ေဒၚလာ သန္း ၆၀ ခ်ထားေပးမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အေရွ႕ေတာ္အာရွေဒသမွာ ခုထက္ပိုၿပီး လုပ္ေဆာင္ ဖို႔ လုိအပ္သလို အာဆီယံအဖြဲ႔နဲ႔လည္း ပိုၿပီး အနီးကပ္ေဆာင္ရြက္ဖို႔ လိုအပ္ေနၿပီလို႔ အေမရိကန္အစိုးရအဖြဲ႔ အႀကီးတန္းတာဝန္ရွိသူတဦးက ေျပာပါတယ္။ အခု ၂ ရက္ၾကာ က်င္းပတဲ့ အေမရိကန္- အာဆီယံ ထိပ္သီးအစည္းေဝး မွာ ေတာင္တ႐ုတ္ပင္လယ္ျပင္ အေရးကို အဓိကထား ေဆြးေႏြးဖို႔ရွိတယ္လို႔ ႏိုင္ငံျခားေရးဌာန လက္ေထာက္ ဒုဝန္ႀကီး Jung Pak က VOA ေမးျမန္းခန္းမွာ ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

..........................

အာဆီယံနဲ့ ဆက်ဆံရေး ခေတ်သစ်တခုအဖြစ် သမ္မတဘိုင်ဒင်ပြောကြား

{{Zawgyi/Unicode}}
အင်ဒိုပစိတ်ဖိတ်ဒေသတွင်း တရုတ်ရဲ့သြဇာလွှမ်းမိုးမှု ကြီးမားလာချိန်မှာ အာဆီယံနိုင်ငံတွေနဲ့ တသားတည်းရှိကြောင်း ပြသမှုလို့ မြင်ကြတဲ့ ဝါရှင်တန်ဒီစီက အမေရိကန်-အာဆီယံ ထိပ်သီးအစည်းဝေး နောက်ဆုံးနေ့ ဖြစ်တဲ့ သောကြာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်-အာဆီယံ ဆက်ဆံရေးခေတ်သစ်ကို ရောက်လာပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒါဟာ အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုကြား မဟာမိတ်ဖြစ်မှုနဲ့ မိတ်ဆွေဖြစ်မှု နှစ်ပေါင်း ၄၅ နှစ်ရှိလာတာ အတွက် ကျနော်တို့ရဲ့ အောင်ပွဲခံ အထိန်းအမှတ် ဖြစ်ရုံတင်မကပါဘူး။ အမေရိကန်- အာဆီယံ ဆက်ဆံရေး ခေတ်သစ်ထဲရောက်လာတာလည်း ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒီပွဲမှာပဲ အမေရိကန်က အာဆီယံနဲ့ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မယ့် အစီစဉ်သစ်တွေကိုပါ ကြေညာခဲ့တာပါ။ လက်ရှိမှာ တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ တောင်တရုတ်ပင်လယ်ဒေသတွင်း အငြင်းပွါးနေတဲ့နိုင်ငံတွေထဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ဘရူနိုင်းလ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတွေလည်း ပါဝင်နေတာပါ။

ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း လိုက်နာရေးအတွက် အားဖြည့်ဆောင်ရွက်ဖို့ နဲ့ တရားမဝင် ငါးဖမ်းမှု တိုက်ဖျက်ရေး အတွက် ပင်လယ်ပိုင်နက် ထိစပ်နေတဲ့ အာဆီယံနိုင်ငံတွေဆီ သင်္ဘောတွေ ပို့ပေးတာ အပါအဝင် ဒေသတွင်းရေကြောင်း စီမံကိန်းအသစ်တွေ အတွက် သမ္မတဘိုင်ဒန် အစိုးရအဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၆၀ ချထားပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

အရှေ့တော်အာရှဒေသမှာ ခုထက်ပိုပြီး လုပ်ဆောင် ဖို့ လိုအပ်သလို အာဆီယံအဖွဲ့နဲ့လည်း ပိုပြီး အနီးကပ်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ အမေရိကန်အစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ အခု ၂ ရက်ကြာ ကျင်းပတဲ့ အမေရိကန်- အာဆီယံ ထိပ်သီးအစည်းဝေး မှာ တောင်တရုတ်ပင်လယ်ပြင် အရေးကို အဓိကထား ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန လက်ထောက် ဒုဝန်ကြီး Jung Pak က VOA မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။

XS
SM
MD
LG