သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္ အာဆီယံ ထိပ္သီးအစည္းအေဝး လူ႔အခြင့္အေရး ဦးစားေပးဖို႔ ဆႏၵျပေတာင္းဆို 


အေမရိကန္ အာဆီယံ ထိပ္သီးအစည္းအေဝး လူ႔အခြင့္အေရး ဦးစားေပးဖို႔ ဆႏၵျပေတာင္းဆို

အေမရိကန္ - အာဆီယံ ထိပ္သီး အစည္းေဝးကို အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္က ကမကထလုပ္ က်င္းေပးေနခ်ိန္မွာပဲ ဝါရွင္တန္ဒီစီက ႏိုင္ငံျခားေရးဝန္ႀကီးဌာနေရွ႕မွာ ျမန္မာ့အေရးလႈပ္ရွားသူေတြက ျမန္မာ့အေရး တိုးတက္ေအာင္ ေဆာင္ရြက္မေပးႏိုင္တဲ့ အာဆီယံ ေခါင္းေဆာင္ေတြကို ဆန္႔က်င္ဆႏၵျပခဲ့ၾကပါတယ္။

အေမရိကန္ အာဆီယံ ထိပ္သီးအစည္းအေ၀း လူ႔အခြင့္အေရး ဦးစားေပးဖို႔ ဆႏၵျပေတာင္းဆို

{{Zawgyi/Unicode}}
ေမလ ၁၂ ရက္နဲ႔ ၁၃ ရက္ေန႔ ေတြမွာ ၂ ရက္ၾကာ အေမရိကန္ - အာဆီယံ ထိပ္သီး အစည္းေဝးကို အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္က ကမကထလုပ္ က်င္းေပးေနခ်ိန္မွာပဲ ဝါရွင္တန္ဒီစီက ႏိုင္ငံျခားေရးဝန္ႀကီးဌာနေရွ႕မွာ ျမန္မာ့အေရးလႈပ္ရွားသူေတြက ျမန္မာ့အေရး တိုးတက္ေအာင္ ေဆာင္ရြက္မေပးႏိုင္တဲ့ အာဆီယံ ေခါင္းေဆာင္ေတြကို ဆန္႔က်င္ဆႏၵျပခဲ့ၾကပါတယ္။

" ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဟာ ေဒသတြင္း တည္ၿငိမ္ေရးအတြက္ ၿခိမ္းေျခာက္မႈတခု အျဖစ္ရွိေနသလို၊ ဒါဟာ အာဆီယံကိုသာမက ေဒသတြင္းနဲ႔ ႏိုင္ငံတကာ မိတ္ေဆြေတြ အေပၚမွာပါ ၿခိမ္းေျခာက္မႈျဖစ္ေနပါတယ္။ ဒါ့အျပင္ ဒါဟာ အာဆီယံ သမိုင္းမွာ အလြန္ရွက္ဖြယ္ ကိစၥရပ္ တခုလည္း ျဖစ္ေနတယ္လို႔ ဆႏၵျပသူ ျမန္မာတဦးက ေျပာသြားတာပါ"

ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ဟာ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို ကိုယ္တိုင္လက္ခံ သေဘာတူခဲ့ေပမယ့္ လိုက္နာမႈ မရွိသလို အာဏာသိမ္းစစ္တပ္ ဆန္႔က်င္သူေတြကို ဖမ္းဆီးႏွိပ္စက္တာအျပင္ အၾကမ္းဖက္ သတ္ျဖတ္တဲ့အထိ လုပ္ေဆာင္ေနတဲ့ အျပင္ ျပည္သူက ေရြးေကာက္တင္ေႁမွာက္ထားတဲ့ ေခါင္းေဆာင္ေတြကို အခုထိလႊတ္မေပးေသးတာကို အာဆီယံ ေခါင္းေဆာင္ေတြက လက္ပိုက္ၾကည့္မေနၾကဖို႔ ျမန္မာ့အေရး လႈပ္ရွားသူေတြက ေတာင္းဆိုေနၾကတာပါ။

ဒီဆႏၵျပပြဲမွာ ျမန္မာတက္ႂကြလႈပ္ရွားသူေတြ အျပင္ ကေမာၻဒီးယား၊ ထိုင္းနဲ႔ ဗီယက္နမ္က တက္ႂကြလႈပ္ရွားသူေတြကိုပါ ေတြ႕ရပါတယ္။

ဒီဆႏၵျပပြဲမွာ ျမန္မာတက္ႂကြလႈပ္ရွားသူေတြအျပင္ ႏွစ္ေပါင္း ၄၀ ေလာက္ ကေမာၻဒီးယားမွာ တင္းတင္းၾကပ္ၾကပ္ ထိမ္းခ်ဳပ္ထားတဲ့ အာဏာရွင္ဟြန္ဆန္ကို ကန္႔ကြက္ဆႏၵျပတဲ့ ကေမာၻဒီးယားတက္ၾကလႈပ္ရွားသူေတြ၊ ထိုင္းအာဏာသိမ္း စစ္ေခါင္းေဆာင္ ပရာရြသ္ ခ်န္အိုခ်ာကို ဆႏၵျပတဲ့ ထိုင္းတက္ႂကြလႈပ္ရွားသူေတြနဲ႔ ဗီယက္နမ္က ဆန႔္က်င္ဆႏၵျပသူေတြကိုပါ ေတြ႕ရပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

...............................................

အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေး လူ့အခွင့်အရေး ဦးစားပေးဖို့ ဆန္ဒပြတောင်းဆို

{{Zawgyi/Unicode}}
မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ တွေမှာ ၂ ရက်ကြာ အမေရိကန် - အာဆီယံ ထိပ်သီး အစည်းဝေးကို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ကမကထလုပ် ကျင်းပေးနေချိန်မှာပဲ ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေက မြန်မာ့အရေး တိုးတက်အောင် ဆောင်ရွက်မပေးနိုင်တဲ့ အာဆီယံ ခေါင်းဆောင်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

" မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုတခု အဖြစ်ရှိနေသလို၊ ဒါဟာ အာဆီယံကိုသာမက ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဆွေတွေ အပေါ်မှာပါ ခြိမ်းခြောက်မှုဖြစ်နေပါတယ်။ ဒါ့အပြင် ဒါဟာ အာဆီယံ သမိုင်းမှာ အလွန်ရှက်ဖွယ် ကိစ္စရပ် တခုလည်း ဖြစ်နေတယ်လို့ ဆန္ဒပြသူ မြန်မာတဦးက ပြောသွားတာပါ"

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ကိုယ်တိုင်လက်ခံ သဘောတူခဲ့ပေမယ့် လိုက်နာမှု မရှိသလို အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူတွေကို ဖမ်းဆီးနှိပ်စက်တာအပြင် အကြမ်းဖက် သတ်ဖြတ်တဲ့အထိ လုပ်ဆောင်နေတဲ့ အပြင် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို အခုထိလွှတ်မပေးသေးတာကို အာဆီယံ ခေါင်းဆောင်တွေက လက်ပိုက်ကြည့်မနေကြဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။

ဒီဆန္ဒပြပွဲမှာ မြန်မာတက်ကြွလှုပ်ရှားသူတွေ အပြင် ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်က တက်ကြွလှုပ်ရှားသူတွေကိုပါ တွေ့ရပါတယ်။

ဒီဆန္ဒပြပွဲမှာ မြန်မာတက်ကြွလှုပ်ရှားသူတွေအပြင် နှစ်ပေါင်း ၄၀ လောက် ကမ္ဘောဒီးယားမှာ တင်းတင်းကြပ်ကြပ် ထိမ်းချုပ်ထားတဲ့ အာဏာရှင်ဟွန်ဆန်ကို ကန့်ကွက်ဆန္ဒပြတဲ့ ကမ္ဘောဒီးယားတက်ကြလှုပ်ရှားသူတွေ၊ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ပရာရွသ် ချန်အိုချာကို ဆန္ဒပြတဲ့ ထိုင်းတက်ကြွလှုပ်ရှားသူတွေနဲ့ ဗီယက်နမ်က ဆန့်ကျင်ဆန္ဒပြသူတွေကိုပါ တွေ့ရပါတယ် ။

XS
SM
MD
LG