သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေမရိကန္နဲ႔ စကၤာပူေခါင္းေဆာင္ေတြ ေဆြးေႏြး


(Zawgyi/ Unicode)
ျမန္မာ့ စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္ရတဲ႔ ျပသနာေတြ အေပၚ စကာၤပူနဲ႔ အေမရိကန္တို႔ အထူး စိုးရိမ္ေၾကာင္း အေမရိကန္ သမၼတ Joe Biden က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔ပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ႔တဲ႔ႏွစ္က စစ္အာဏာသိမ္းမႈေနာက္ပိုင္း ဆင္းရဲ ဒုကၡေတြနဲ႔ အၾကမ္းဖက္မႈေတြ ဆက္ျဖစ္ေနတဲ႔ အေပၚ ႏွစ္ဦးစလံုး အထူး စိုးရိမ္ပါတယ္။ စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာျပည္သူေတြ အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အၾကပ္အတည္း ျပသနာႀကီး ေပၚေပါက္လာေစတယ္၊ ဆယ္စုႏွစ္ တခုစာ ဒီမိုကေရစီနဲ႔ စီးပြားေရး တိုးတက္မႈေတြကို ေနာက္ေၾကာင္းျပန္လွည့္ေစခဲ႔တယ္လို႔ အေမရိကန္ သမၼတ Joe Biden က ေျပာဆိုခဲ႔တာပါ။

စကာၤပူ ၀န္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္မွာ ထိပ္သီး ေတြ႔ဆံု ေဆြးေႏြးၿပီးေနာက္ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာ အေမရိကန္ သမၼတ Joe Biden ကအခု လို ေျပာဆိုခဲ႔တာပါ။ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြ ပါ၀င္တဲ႔ အင္ဒို ပစိဖိတ္ ေဒသတြင္းမွာ အေမရိကန္ဘက္က ထိေတြ႔ ဆက္ဆံမႈ တိုးျမႇင့္ ေဆာင္ရြက္လာတဲ႔ အေပၚ ႀကိဳဆိုေၾကာင္းလည္း စကာၤပူ ၀န္ႀကီးခ်ဳပ္က ေျပာဆိုခဲ႔ပါတယ္။

လက္ရွိမွာ ရုရွား - ယူကရိန္း ပဋိပကၡ ျဖစ္စဥ္ အတြင္း ဥေရာပ အေရးကို အာရံုစိုက္ေနေပမယ့္လည္း အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ အင္ဒို- ပစိတ္ဖိတ္ မဟာဗ်ဴဟာကို အေကာင္အထည္ေဖာ္မႈကို အားထည့္ေဆာင္ရြက္ေနေၾကာင္းလည္း အေမရိကန္ သမၼတ Biden က သတင္းေထာက္ေတြကို ေျပာဆိုခဲ႔ပါတယ္။

မူလက ဒီသီတင္းပတ္ အတြင္းမွာ က်င္းပဖို႔ စီစဥ္ခဲ႔တဲ႔ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ား အသင္း အာဆီယံ ထိပ္သီး ညီလာခံကို ၀ါရွင္တန္မွာ က်င္းပေရးဟာ အစီအစဥ္ အခက္အခဲေၾကာင့္ ဆိုင္ငံ႔ခဲ႔ရၿပီး ေႏြဦးရာသီ ေႏွာင္းပိုင္းမွာ အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ အထူး ထိပ္သီး ညီလာခံ က်င္းပဖို႔ ႀကိဳးစားမယ့္ အေၾကာင္း သမၼတ Biden က ေျပာဆိုခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့အရေး အမေရိကန်နဲ့ စင်္ကာပူခေါင်းဆောင်တွေ ဆွေးနွေး

မြန်မာ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ရတဲ့ ပြသနာတွေ အပေါ် စကာၤပူနဲ့ အမေရိကန်တို့ အထူး စိုးရိမ်ကြောင်း အမေရိကန် သမ္မတ Joe Biden က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆင်းရဲ ဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့ အပေါ် နှစ်ဦးစလုံး အထူး စိုးရိမ်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း ပြသနာကြီး ပေါ်ပေါက်လာစေတယ်၊ ဆယ်စုနှစ် တခုစာ ဒီမိုကရေစီနဲ့ စီးပွားရေး တိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့တယ်လို့ အမေရိကန် သမ္မတ Joe Biden က ပြောဆိုခဲ့တာပါ။

စကာၤပူ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ထိပ်သီး တွေ့ဆုံ ဆွေးနွေးပြီးနောက် လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် သမ္မတ Joe Biden ကအခု လို ပြောဆိုခဲ့တာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေ ပါဝင်တဲ့ အင်ဒို ပစိဖိတ် ဒေသတွင်းမှာ အမေရိကန်ဘက်က ထိတွေ့ ဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်လာတဲ့ အပေါ် ကြိုဆိုကြောင်းလည်း စကာၤပူ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ ရုရှား - ယူကရိန်း ပဋိပက္ခ ဖြစ်စဉ် အတွင်း ဥရောပ အရေးကို အာရုံစိုက်နေပေမယ့်လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ အင်ဒို- ပစိတ်ဖိတ် မဟာဗျူဟာကို အကောင်အထည်ဖော်မှုကို အားထည့်ဆောင်ရွက်နေကြောင်းလည်း အမေရိကန် သမ္မတ Biden က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မူလက ဒီသီတင်းပတ် အတွင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီး ညီလာခံကို ဝါရှင်တန်မှာ ကျင်းပရေးဟာ အစီအစဉ် အခက်အခဲကြောင့် ဆိုင်ငံ့ခဲ့ရပြီး နွေဦးရာသီ နှောင်းပိုင်းမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ အထူး ထိပ်သီး ညီလာခံ ကျင်းပဖို့ ကြိုးစားမယ့် အကြောင်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG