သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံ အစည္းအေဝးေတြမွာ စစ္ေကာင္စီကုိ မဖိတ္ေရး အင္ဒုိနီးရွား အားေပး


အင္ဒိုနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႔က အာဆီယံ႐ုံးခ်ဳပ္။ (ဧၿပီ ၂၃၊ ၂၀၂၁။)

(Zawgyi / Unicode)

ျမန္မာ့အေရး အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း (အာဆီယံ) က ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကုိ အေကာင္အထည္ေဖာ္ရာမွာ သိသာထင္ရွားတဲ့ တုိးတက္မႈေတြ မရေသးသမွ် အာဆီယံ အစည္းအေဝးေတြမွာ ျမန္မာစစ္ေကာင္စီကုိ မဖိတ္ဖုိ႔ အင္ဒုိနီးရွားႏုိင္ငံက ေျပာဆုိလုိက္ပါတယ္။

အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ေတြကုိ ျမန္မာစစ္အာဏာပုိင္ေတြ ထိထိေရာက္ေရာက္ အေကာင္အထည္ မေဖာ္ႏိုင္ေသးသေရြ႕ ျမန္မာႏုိင္ငံက ႏုိင္ငံေရးရာထူး ရယူထားသူ မဟုတ္တဲ့ ကိုယ္စားလွယ္တေယာက္ကိုသာ အာဆီယံ အစည္းအေဝးေတြမွာ လက္ခံဖုိ႔ မူဝါဒကုိ ဆက္လက္ကိုင္စြဲထားဖို႔ အေရးႀကီးေၾကာင္း ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္က ျမန္မာခရီးစဥ္နဲ႔ ပတ္သက္ၿပီး အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုကို ေသာၾကာေန႔က တယ္လီဖုန္းနဲ႔ ဆက္သြယ္ ေဆြးေႏြးရာမွာ အင္ဒိုနီးရွားသမၼတက ေျပာခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စေနေန႔မွာ သတင္းထုတ္ျပန္ခဲ့တာပါ။

ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ျမန္မာခရီးစဥ္ အတြင္းမွာလည္း အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ေတြကုိ အေကာင္အထည္ေဖာ္ေရး ျမန္မာစစ္တပ္ဘက္က ကတိမေပးတဲ့အတြက္ စိတ္မေကာင္း ျဖစ္မိေၾကာင္း၊ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္မႈကို ေစာင့္ၾကည့္ေရးအတြက္ အာဆီယံ အတြင္းေရးမွဴးရဲ႕ ပံ့ပိုးမႈနဲ႔အတူ ကေမၻာဒီးယား၊ ဘ႐ူႏိုင္းနဲ႔ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး ၃ ဦးတို႔နဲ႔ ဦးေဆာင္အဖြဲ႔ ဖြဲ႔စည္းေရးဆိုတဲ့ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ အဆိုျပဳခ်က္ကိုလည္း အင္ဒိုနီးရွားသမၼတက မွတ္သားထားၿပီး ဒီအဆိုျပဳခ်က္ကို အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားၾကားမွာ ေဆြးေႏြးၾကဖို႔လည္း အႀကံျပဳေၾကာင္း အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖာ္ျပပါတယ္။

အာဆီယံ ဘုံသေဘာတူညီခ်က္မွာ ပါဝင္တဲ့အတုိင္း အာဆီယံ အထူးကုိယ္စားလွယ္ကုိ ျမန္မာႏိုင္ငံတြင္းက သက္ဆိုင္သူအားလံုးနဲ႔ ခ်က္ခ်င္း ဆက္သြယ္ေဆာင္ရြက္ႏိုင္ေအာင္ စစ္ေကာင္စီဘက္က ခြင့္ျပဳရမွာျဖစ္ေၾကာင္း အင္ဒိုနီးရွားသမၼတက ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးခဲ့တယ္လုိ႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပုိင္း ႏုိင္ငံေရး အက်ပ္အတည္းေတြနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြကုိ ေျဖရွင္းႏုိင္ဖုိ႔ ရည္ရြယ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလထဲမွာပဲ အာဆီယံက ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ထားေပမယ့္ လက္ေတြ႔ အေကာင္အထည္ မေဖာ္ႏုိင္ေသးတာေၾကာင့္ အာဆီယံႏုိင္ငံေတြၾကားမွာလည္း အားမလုိ အားမရ ျဖစ္ေနၾကတာပါ။

စင္ကာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong ကလည္း အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ေတြကုိ အေကာင္အထည္ မေဖာ္မခ်င္း အာဆီယံ အစည္းအေဝးေတြမွာ ျမန္မာစစ္အာဏာပုိင္ေတြကုိ လက္မခံဖုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ အြန္လုိင္းက ေတြ႔ဆုံရာမွာ ေျပာဆုိထားပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ကေမၻာဒီးယားမွာ က်င္းပဖုိ႔ စီစဥ္ထားတဲ့ အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးကုိေတာ့ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြကုိ အေၾကာင္းျပၿပီး ေရႊ႕ဆုိင္းထားေပမယ့္ ျမန္မာ့အေရးနဲ႔ ပတ္သက္လုိ႔ သေဘာထား ကဲြျပားမႈေတြေၾကာင့္ ေရႊ႕ဆုိင္းရတာ ျဖစ္ႏုိင္တယ္လုိ႔လည္း အကဲခတ္ေတြက ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီကို မဖိတ်ရေး အင်ဒိုနီးရှား အားပေး

မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရသေးသမျှ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ အင်ဒိုနီးရှားနိုင်ငံက ပြောဆိုလိုက်ပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်အာဏာပိုင်တွေ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးသရွေ့ မြန်မာနိုင်ငံက နိုင်ငံရေးရာထူး ရယူထားသူ မဟုတ်တဲ့ ကိုယ်စားလှယ်တယောက်ကိုသာ အာဆီယံ အစည်းအဝေးတွေမှာ လက်ခံဖို့ မူဝါဒကို ဆက်လက်ကိုင်စွဲထားဖို့ အရေးကြီးကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကို သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးရာမှာ အင်ဒိုနီးရှားသမ္မတက ပြောခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ် အတွင်းမှာလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး မြန်မာစစ်တပ်ဘက်က ကတိမပေးတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရေးအတွက် အာဆီယံ အတွင်းရေးမှူးရဲ့ ပံ့ပိုးမှုနဲ့အတူ ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ၃ ဦးတို့နဲ့ ဦးဆောင်အဖွဲ့ ဖွဲ့စည်းရေးဆိုတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အဆိုပြုချက်ကိုလည်း အင်ဒိုနီးရှားသမ္မတက မှတ်သားထားပြီး ဒီအဆိုပြုချက်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကြားမှာ ဆွေးနွေးကြဖို့လည်း အကြံပြုကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်မှာ ပါဝင်တဲ့အတိုင်း အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူအားလုံးနဲ့ ချက်ချင်း ဆက်သွယ်ဆောင်ရွက်နိုင်အောင် စစ်ကောင်စီဘက်က ခွင့်ပြုရမှာဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာပဲ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် လက်တွေ့ အကောင်အထည် မဖော်နိုင်သေးတာကြောင့် အာဆီယံနိုင်ငံတွေကြားမှာလည်း အားမလို အားမရ ဖြစ်နေကြတာပါ။

စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong ကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်မချင်း အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်အာဏာပိုင်တွေကို လက်မခံဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ အွန်လိုင်းက တွေ့ဆုံရာမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကမ္ဘောဒီးယားမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကိုတော့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကို အကြောင်းပြပြီး ရွှေ့ဆိုင်းထားပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲပြားမှုတွေကြောင့် ရွှေ့ဆိုင်းရတာ ဖြစ်နိုင်တယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG