သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ASEAN ဝန္ႀကီးအစည္းအေဝးေရႊ႕ဆိုင္းတာ ျမန္မာျပႆနာေၾကာင္႔လား


A worker adjusts an ASEAN flag at a meeting hall in Kuala Lumpur, Malaysia, October 28, 2021. REUTERS/Lim Huey Teng

ASEAN ဝန္ႀကီးအစည္းအေဝးေရႊ႕ဆိုင္းတာ ျမန္မာျပႆနာေၾကာင္႔လား

{{Zawgyi/Unicode}}

အေရွ.ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝး ေရြ.ဆိုင္းလိုက္ရတာက၊ ကိုဗစ္လိႈင္းသစ္ေအာက္ ခရီးသြားအခက္ေၾကာင့္လို႔ တရားဝင္ေျပာထားေပမဲ့ တျခားအေၾကာင္းေတြလည္းရွိႏိုင္တယ္လို႔ သံုးသပ္မူေတြရွိေနပါတယ္။

ကေမာၻဒီးယားႏိုင္ငံ အာဆီယံ ဥကၠဌသစ္ ျဖစ္လာအၿပီး ပထမဆံုးလုပ္မဲ့ လူကိုယ္တိုင္တက္ အစည္းအေဝးကို ေရွ.အပတ္ ျပင္ထားတာကေန၊ အခုေတာ့ ျမန္မာႏိုင္ငံကို ကေမာၻဒီယားေခါင္းေဆာင္သြားအၿပီးမွ ေရြ.လိုက္ရတာကလည္း အေၾကာင္းရင္းတစ္ခုျဖစ္ႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

ဒီအေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ရဲ့ လံုၿခံဳေရးဆိုင္ရာ အၾကံေပး ပါေမာကၡ Panitan Wattanayagorn ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။.။ ထိုင္းဝန္ႀကီးခ်ဳပ္ ပရပ္ရြန္ခ်န္အိုခ်ာ ရဲ႕ လုံၿခဳံေရးအႀကံေပး Panitan Wattanayagorn က ဘာေၾကာင့္ေရႊ႕ဆိုင္းရသလဲဆိုတာအခုလိုရွင္းျပပါတယ္။

Panitan Wattanayagorn ။. ။ ဝန္ႀကီးအသီးသီးမွာမတူတဲ့ အေျဖေတြရွိႏိုင္ပါတယ္။ဒါေပမဲ့ အိမ္ရွင္အျဖစ္က်င္းပေပးမဲ့ ဥကၠဌႏိုင္ငံ ကေမာၻဒီးယားဘက္ကေတာ့ ေယ်ဘူယ်အေျဖအေနနနဲ႔ Omicron ဗိုင္းရပ္စ္ ပ်ံႏွံ႔တဲ့လိႈင္းသစ္အေပၚ စိုးရိမ္မူေၾကာင့္လို႔ အေျဖေပးထားၿပီးပါၿပီ။ဒီ ကိုဗစ္မ်ိဳးကြဲသစ္ေၾကာင့္ တခ်ိဳ.ႏိုင္ငံျခားေရးဝန္ႀကီးေတြ လာတက္္ဖို႔ အခက္အခဲရွိႏိုင္မယ္လို႔ ေျပာထားပါတယ္၊ဒါက တရားဝင္အေျဖပါ။

ကိုဝင္းမင္း ။.။ အဲဒီေတာ့ တရားဝင္မေျပာတဲ့ တျခားအေၾကာင္းရင္းျဖစ္ႏိုင္တာကို အရင္ထိုင္းဝန္ႀကီးခ်ဳပ္ ခြ်န္လီပိုင္ ရဲ႕ ေျပာခြင့္ရသူ Panitan ကိုေမးရာမွာ

Panitan ။. ။ ကြ်န္ေတာ္ထင္ပါတယ္ တခ်ိဳ.ႏိုင္ငံေတြေပါ့ေနာ္၊ ကေမာၻဒီးယားအပါအဝင္ပါ၊ လာမဲ့အစည္းအေဝးအတြက္ ျပင္ဆင္ဖို႔ အခ်ိန္ပိုလိုခ်င္ၾကပံုရပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ျမန္မာခရီးစဥ္အၿပီးမွာက အာဆီယံအတြက္ အရင္ႏွစ္နဲ႔မတူေတာ့ဘဲ ခ်ည္းကပ္ပံုေျပာင္းသြားလို႔႔ပါ။ဒီအေပၚ အာဆီယံ တခ်ိဳ.ႏိုင္ငံေတြအေနနဲ႔ ေနာက္အပတ္အစည္းအေဝးမတိုင္ခင္ ေဆြးေႏြးအျမင္ဖလွယ္တာေတြလုပ္ၿပီး၊ လာမဲ့အစည္းအေဝးကေန ပိုရလဒ္ေကာင္းထြက္ေစႏိုင္ဖို႔လည္း ပါႏိုင္ပါတယ္။အခုဟာက အခ်ိန္ၾကာလာတာနဲ႔အမွ် ေန႔တိုင္းနီးပါး ထိခိုက္ေသဆံုးရမူေတြ၊ ေနာက္ဆက္တြဲဆိုက်ိဳးေတြ၊ ထိပ္တိုက္ရင္ဆိုင္တာေတြ၊ ထိန္းမႏိုင္သိမ္းမရျဖစ္တာေတြ မတည္ျငိမ္မူေတြက ပိုဆိုးလာပါတယ္။ဒါေၾကာင့္ အခုက အာဆီယံအတြက္ အေလးအနက္ပိုစဥ္းစားဖို႔ လိုလာပါတယ္။ႏို္င္ငံတကာကလည္း မႏွစ္ကနဲ႔ မတူဘဲ အခုအာဆီယံဘာလုပ္ႏိုင္မလဲဆိုတာ ပိုအေလးထား ေစာင့္ၾကည့္ေမွ်ာ္လင့္လာေနတဲ့အေနအထားလည္း ျဖစ္ေနပါတယ္။

ကိုဝင္းမင္း ။. ။ အဲေတာ့ ေရွ႕ဘာဆက္ျဖစ္ႏိုင္ေမးရာမွာ ခ်ဴလာေလာင္ကြန္း တကၠသိုလ္က ႏိုင္ငံေရးသိပၸံပါေမာကၡလည္းျဖစ္တဲ့
ေဒါက္တာ Panitan က အခုလိုေျပာပါတယ္။

Panitan ။. ။ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ခရီးစဥ္ကေန ေဆြးေႏြးခ်က္အသစ္ေတြ ခ်ည္းကပ္မူပံုစံအသစ္ေတြကို ေဆြးေႏြးလာႏိုင္ဖို႔အတြက္ လမ္းဖြင့္ေပးလာပါေစလို႔ ေမွ်ာ္လင့္ၾကည့္ရေအာင္ပါ။ဒါေပမဲ့ ေနာက္ဆံုးခ်ည္းကပ္မူပံုစံ ဘယ္လိုျဖစ္လာမလဲဆိုတာေတာ့ မသိႏိုင္ေသးပါဘူး။ဒါေပမဲ့ သိထားတာကေတာ့ ျပီးခဲ့တဲ့ႏွစ္က ဆံုးျဖတ္ခ်က္ကေတာ့ အလုပ္ေကာင္းေကာင္းမျဖစ္ခဲ့ဘူး၊ေနာက္ ျမန္မာျပည္က လူအမ်ားႀကီးအတြက္ လူသားခ်င္းစာနာမူဆိုင္ရာအၾကပ္အတည္းၾကီး က်ေရာက္လာေနတာအတြက္ အခ်ိန္က သိပ္မက်န္ေတာ့ဘူးဆိုတာကို သိထားပါတယ္။ျမန္မာျပည္သူေတြ အကူအညီရဖို႔ ပို ပို လိုလာေနပါတယ္၊ က႑ေပါင္းစံုအတြက္ပါ။ လံုၿခံဳေရး၊ စီးပြားေရး ဖူလံုေရးေတြလည္းပါပါတယ္။အေျခအေနတစ္ခုလံုးက ပိုအေလးထားစာရာျဖစ္လာေနပါတယ္။

ကုိဝင္းမင္း ။. ။ အရင္ခ်ည္းကပ္ပုံျဖစ္တဲ့ စစ္ေကာင္စီဥကၠဌ နဲ႔ေခါင္းေဆာင္ပိုင္းကို အာဆီယံအစည္းေဝးတက္ခြင့္မေပးတာနဲ႔ ပတ္သက္ၿပီးေတာ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး က အေရးေပၚေရႀကီးေနတာေၾကာင့္မလာနိုင္တာတာပါလို႔ South China Morning Post ကို ေျပာပါတယ္။ မေလးရွားအျပင္ အင္ဒုိနီးရွား၊ဘရႈႏိုင္း၊စကၤာပူတို႔ကလည္း အရင္ခ်ည္းကပ္မႈပုံစံကို ေထာက္ခံခဲ့ၾကၿပီး ထိုင္းႏိုင္ငံကေတာ့ လူသိရွင္ၾကားမပါခဲ့ပါဘူး။ ဒါေၾကာင့္ အခုပုံစံကို ထပ္ေမးရာမွာ ထိုင္းဝန္ႀကီးခ်ဳပ္အႀကံေပး Panitan က

Panitan ။. ။ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ခရီးစဥ္မွာ အသစ္ျဖစ္လာတဲ့ ခ်ည္းကပ္မူက အာဆီယံေဆြးေႏြးပြဲေတြမွာ ႏိုင္ငံေရးအရ ပါဝင္ႏိုင္မဲ့ ပါတီအဖြဲ႔ေတြ ပိုမ်ားလာဖို႔ပါ။မႏွစ္တံုးကနဲ႔ယွဥ္လိုက္ရင္ေပါ့ေနာ္။မႏွစ္တံုးကေတာ့ အဓိက ၂ ဖြဲ႔ျဖစ္တဲ့ စစ္တပ္ ေရာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ုပ္ကိုပါ မဖိတ္ခဲ့ပါဘူး။အခု ခ်ည္းကပ္မူအသစ္အေပၚ တျခားအာဆီယံအဖြဲ႔ေတြက ေနာက္ဆံုး ဘယ္လိုသေဘာထား ဆံုးျဖတ္ေပးၾကမလဲဆိုတာကေတာ့ မသိေသးပါဘူး။ ဒီႏိုင္ငံျခားေရးဝန္ႀကီးေတြအစည္းအေဝးမွာ ေဆြးေႏြးရဦးမွာပါ။ဒါေပမဲ့ သိထားၿပီးတာက ၿပီးခဲ့တဲ့ႏွစ္တံုးက ႏိုင္ငံေရးအရကိုယ္စားျပဳမူကို ေဘးဖယ္ထားခဲ့တာကေန ဘယ္လိုရလဒ္ေကာင္းမွ မထြက္ေစခဲ့ပါဘူး။ဒီေန႔ ျမန္မာႏိုင္ငံအေျခအေနကို ၾကည့္လိုက္ပါ၊ ခုလိုဖယ္ထုတ္ထားလိုက္လို႔ အေျခအေနေတြ ပိုေကာင္းမလာပါဘူး။

ကိုဝင္းမင္း ။. ။ ေနာက္ဆုံးဘယ္လိုမ်ားအႀကံျပဳခ်င္ပါလဲလို႔ေမးရာမွာ

Panitan။. ။ အခုအေျခအေနက အေရးေပၚသေဘာ အျမန္ဆံုး လုပ္ၾကရမွာပါ။အာဆီယံထဲက ျပည္သူအမ်ားစုအေနနဲ႔ အခုအာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ အစည္းအေဝးကေန ျမန္မာႏိုင္ငံ ဒီ အၾကပ္အတည္းကေန လြတ္ေျမာက္ေစႏိုင္ဖို႔ ပို ထိေရာက္တဲ့ အားလံုးက လက္ခံႏိုင္တဲ့ မူဝါဒအေျဖရလဒ္မ်ိဳးထြက္လာဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။အထူးသျဖင့္ လူသားခ်င္းစာနာမူဆိုင္ရာ အၾကပ္အတည္းႀကီးက လြတ္ႏိုင္ဖို႔ပါ။ေျမျပင္မွာ ခံစားေနရတဲ့ ျမန္မာျပည္သူေတြအတြက္ အခ်ိန္ကုန္ေနပါၿပီ။ သူတို႔ တကယ္ခံစားေနရတာပါ၊ေန႔စဥ္အသက္ေတြဆံုးေနရပါတယ္။ဒီအေပၚ အာဆီယံ ဝန္ႀကီးေတြအေနနဲ႔ အျမန္ဆံုး လုပ္ေဆာင္ေပးႏိုင္ဖို႔ လိုေနပါၿပီ။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ အာဆီယံေခါင္းေဆာင္ေတြအေနနဲ႔ အခုျမန္မာျပသာနာလိုအေရးႀကီးျပသာနာမွာ လူခ်င္းရင္းရင္းႏွီးႏွီးေတြ႔ သုံးသပ္ႏိုင္တယ္လို႔ ေျပာဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

ASEAN ဝန်ကြီးအစည်းအဝေးရွှေ့ဆိုင်းတာ မြန်မာပြဿနာကြောင့်လား

{{Zawgyi/Unicode}}

အရှေ.တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ရွေ.ဆိုင်းလိုက်ရတာက၊ ကိုဗစ်လှိုင်းသစ်အောက် ခရီးသွားအခက်ကြောင့်လို့ တရားဝင်ပြောထားပေမဲ့ တခြားအကြောင်းတွေလည်းရှိနိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ ဥက္ကဌသစ် ဖြစ်လာအပြီး ပထမဆုံးလုပ်မဲ့ လူကိုယ်တိုင်တက် အစည်းအဝေးကို ရှေ.အပတ် ပြင်ထားတာကနေ၊ အခုတော့ မြန်မာနိုင်ငံကို ကမ္ဘောဒီယားခေါင်းဆောင်သွားအပြီးမှ ရွေ.လိုက်ရတာကလည်း အကြောင်းရင်းတစ်ခုဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒီအကြောင်း ထိုင်းဝန်ကြီးချုပ်ရဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး ပါမောက္ခ Panitan Wattanayagorn ကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။.။ ထိုင်းဝန်ကြီးချုပ် ပရပ်ရွန်ချန်အိုချာ ရဲ့ လုံခြုံရေးအကြံပေး Panitan Wattanayagorn က ဘာကြောင့်ရွှေ့ဆိုင်းရသလဲဆိုတာအခုလိုရှင်းပြပါတယ်။

Panitan Wattanayagorn ။. ။ ဝန်ကြီးအသီးသီးမှာမတူတဲ့ အဖြေတွေရှိနိုင်ပါတယ်။ဒါပေမဲ့ အိမ်ရှင်အဖြစ်ကျင်းပပေးမဲ့ ဥက္ကဌနိုင်ငံ ကမ္ဘောဒီးယားဘက်ကတော့ ယျေဘူယျအဖြေအနေနနဲ့ Omicron ဗိုင်းရပ်စ် ပျံနှံ့တဲ့လှိုင်းသစ်အပေါ် စိုးရိမ်မူကြောင့်လို့ အဖြေပေးထားပြီးပါပြီ။ဒီ ကိုဗစ်မျိုးကွဲသစ်ကြောင့် တချို.နိုင်ငံခြားရေးဝန်ကြီးတွေ လာတက်ဖို့ အခက်အခဲရှိနိုင်မယ်လို့ ပြောထားပါတယ်၊ဒါက တရားဝင်အဖြေပါ။

ကိုဝင်းမင်း ။.။ အဲဒီတော့ တရားဝင်မပြောတဲ့ တခြားအကြောင်းရင်းဖြစ်နိုင်တာကို အရင်ထိုင်းဝန်ကြီးချုပ် ချွန်လီပိုင် ရဲ့ ပြောခွင့်ရသူ Panitan ကိုမေးရာမှာ

Panitan ။. ။ ကျွန်တော်ထင်ပါတယ် တချို.နိုင်ငံတွေပေါ့နော်၊ ကမ္ဘောဒီးယားအပါအဝင်ပါ၊ လာမဲ့အစည်းအဝေးအတွက် ပြင်ဆင်ဖို့ အချိန်ပိုလိုချင်ကြပုံရပါတယ်။ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်အပြီးမှာက အာဆီယံအတွက် အရင်နှစ်နဲ့မတူတော့ဘဲ ချည်းကပ်ပုံပြောင်းသွားလို့ပါ။ဒီအပေါ် အာဆီယံ တချို.နိုင်ငံတွေအနေနဲ့ နောက်အပတ်အစည်းအဝေးမတိုင်ခင် ဆွေးနွေးအမြင်ဖလှယ်တာတွေလုပ်ပြီး၊ လာမဲ့အစည်းအဝေးကနေ ပိုရလဒ်ကောင်းထွက်စေနိုင်ဖို့လည်း ပါနိုင်ပါတယ်။အခုဟာက အချိန်ကြာလာတာနဲ့အမျှ နေ့တိုင်းနီးပါး ထိခိုက်သေဆုံးရမူတွေ၊ နောက်ဆက်တွဲဆိုကျိုးတွေ၊ ထိပ်တိုက်ရင်ဆိုင်တာတွေ၊ ထိန်းမနိုင်သိမ်းမရဖြစ်တာတွေ မတည်ငြိမ်မူတွေက ပိုဆိုးလာပါတယ်။ဒါကြောင့် အခုက အာဆီယံအတွက် အလေးအနက်ပိုစဉ်းစားဖို့ လိုလာပါတယ်။နိုင်ငံတကာကလည်း မနှစ်ကနဲ့ မတူဘဲ အခုအာဆီယံဘာလုပ်နိုင်မလဲဆိုတာ ပိုအလေးထား စောင့်ကြည့်မျှော်လင့်လာနေတဲ့အနေအထားလည်း ဖြစ်နေပါတယ်။

ကိုဝင်းမင်း ။. ။ အဲတော့ ရှေ့ဘာဆက်ဖြစ်နိုင်မေးရာမှာ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခလည်းဖြစ်တဲ့
ဒေါက်တာ Panitan က အခုလိုပြောပါတယ်။

Panitan ။. ။ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ကနေ ဆွေးနွေးချက်အသစ်တွေ ချည်းကပ်မူပုံစံအသစ်တွေကို ဆွေးနွေးလာနိုင်ဖို့အတွက် လမ်းဖွင့်ပေးလာပါစေလို့ မျှော်လင့်ကြည့်ရအောင်ပါ။ဒါပေမဲ့ နောက်ဆုံးချည်းကပ်မူပုံစံ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိနိုင်သေးပါဘူး။ဒါပေမဲ့ သိထားတာကတော့ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ချက်ကတော့ အလုပ်ကောင်းကောင်းမဖြစ်ခဲ့ဘူး၊နောက် မြန်မာပြည်က လူအများကြီးအတွက် လူသားချင်းစာနာမူဆိုင်ရာအကြပ်အတည်းကြီး ကျရောက်လာနေတာအတွက် အချိန်က သိပ်မကျန်တော့ဘူးဆိုတာကို သိထားပါတယ်။မြန်မာပြည်သူတွေ အကူအညီရဖို့ ပို ပို လိုလာနေပါတယ်၊ ကဏ္ဍပေါင်းစုံအတွက်ပါ။ လုံခြုံရေး၊ စီးပွားရေး ဖူလုံရေးတွေလည်းပါပါတယ်။အခြေအနေတစ်ခုလုံးက ပိုအလေးထားစာရာဖြစ်လာနေပါတယ်။

ကိုဝင်းမင်း ။. ။ အရင်ချည်းကပ်ပုံဖြစ်တဲ့ စစ်ကောင်စီဥက္ကဌ နဲ့ခေါင်းဆောင်ပိုင်းကို အာဆီယံအစည်းဝေးတက်ခွင့်မပေးတာနဲ့ ပတ်သက်ပြီးတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး က အရေးပေါ်ရေကြီးနေတာကြောင့်မလာနိုင်တာတာပါလို့ South China Morning Post ကို ပြောပါတယ်။ မလေးရှားအပြင် အင်ဒိုနီးရှား၊ဘရှုနိုင်း၊စင်္ကာပူတို့ကလည်း အရင်ချည်းကပ်မှုပုံစံကို ထောက်ခံခဲ့ကြပြီး ထိုင်းနိုင်ငံကတော့ လူသိရှင်ကြားမပါခဲ့ပါဘူး။ ဒါကြောင့် အခုပုံစံကို ထပ်မေးရာမှာ ထိုင်းဝန်ကြီးချုပ်အကြံပေး Panitan က

Panitan ။. ။ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်မှာ အသစ်ဖြစ်လာတဲ့ ချည်းကပ်မူက အာဆီယံဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအရ ပါဝင်နိုင်မဲ့ ပါတီအဖွဲ့တွေ ပိုများလာဖို့ပါ။မနှစ်တုံးကနဲ့ယှဉ်လိုက်ရင်ပေါ့နော်။မနှစ်တုံးကတော့ အဓိက ၂ ဖွဲ့ဖြစ်တဲ့ စစ်တပ် ရော NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ မဖိတ်ခဲ့ပါဘူး။အခု ချည်းကပ်မူအသစ်အပေါ် တခြားအာဆီယံအဖွဲ့တွေက နောက်ဆုံး ဘယ်လိုသဘောထား ဆုံးဖြတ်ပေးကြမလဲဆိုတာကတော့ မသိသေးပါဘူး။ ဒီနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ ဆွေးနွေးရဦးမှာပါ။ဒါပေမဲ့ သိထားပြီးတာက ပြီးခဲ့တဲ့နှစ်တုံးက နိုင်ငံရေးအရကိုယ်စားပြုမူကို ဘေးဖယ်ထားခဲ့တာကနေ ဘယ်လိုရလဒ်ကောင်းမှ မထွက်စေခဲ့ပါဘူး။ဒီနေ့ မြန်မာနိုင်ငံအခြေအနေကို ကြည့်လိုက်ပါ၊ ခုလိုဖယ်ထုတ်ထားလိုက်လို့ အခြေအနေတွေ ပိုကောင်းမလာပါဘူး။

ကိုဝင်းမင်း ။. ။ နောက်ဆုံးဘယ်လိုများအကြံပြုချင်ပါလဲလို့မေးရာမှာ

Panitan။. ။ အခုအခြေအနေက အရေးပေါ်သဘော အမြန်ဆုံး လုပ်ကြရမှာပါ။အာဆီယံထဲက ပြည်သူအများစုအနေနဲ့ အခုအာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကနေ မြန်မာနိုင်ငံ ဒီ အကြပ်အတည်းကနေ လွတ်မြောက်စေနိုင်ဖို့ ပို ထိရောက်တဲ့ အားလုံးက လက်ခံနိုင်တဲ့ မူဝါဒအဖြေရလဒ်မျိုးထွက်လာဖို့ မျှော်လင့်ထားကြပါတယ်။အထူးသဖြင့် လူသားချင်းစာနာမူဆိုင်ရာ အကြပ်အတည်းကြီးက လွတ်နိုင်ဖို့ပါ။မြေပြင်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် အချိန်ကုန်နေပါပြီ။ သူတို့ တကယ်ခံစားနေရတာပါ၊နေ့စဉ်အသက်တွေဆုံးနေရပါတယ်။ဒီအပေါ် အာဆီယံ ဝန်ကြီးတွေအနေနဲ့ အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ဖို့ လိုနေပါပြီ။

ကိုဝင်းမင်း ။. ။ တကယ်တော့ အာဆီယံခေါင်းဆောင်တွေအနေနဲ့ အခုမြန်မာပြသာနာလိုအရေးကြီးပြသာနာမှာ လူချင်းရင်းရင်းနှီးနှီးတွေ့ သုံးသပ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

XS
SM
MD
LG