သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအပေါ်ထောင်ဒဏ်စီရင်ချက် နိုင်ငံရေးကနေ ဘေးဖယ်ဖို့ ကြိုးပမ်းမှုအဖြစ် EU ဝေဖန်


ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂ဝ၁၈) (ယခင်မှတ်တမ်းဓါတ်ပုံ )
ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂ဝ၁၈) (ယခင်မှတ်တမ်းဓါတ်ပုံ )

ဒေါ်စုအပေါ်ထောင်ဒဏ်စီရင်ချက် နိုင်ငံရေးကနေ ဘေးဖယ်ဖို့ ကြိုးပမ်းမှုအဖြစ် EU ဝေဖန်

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆို ထောင်ချနေတာဟာဆိုရင် အာဆီယံ ချမှတ်ထားတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကနေ ဖယ်ထုတ်ဖို့ ကြံစည်မှု ဖြစ်တယ်လို့ ဥရောပသမဂ္ဂ EU က အင်္ဂါနေ့မှာ ပြောဆိုလိုက်သလို နော်ဝေ နိုင်ငံကတော့ လုံခြုံရေး ကောင်စီဘက်က မြန်မာ့ အရေး ဆက်လက် ဆောင်ရွက်ဖို့ တွန်းအားပေးမယ့် အကြောင်း ပြောဆိုလိုက်ပါတယ်။

သက်ဆိုင်သူ အားလုံး တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး အချက်လည်း ပါဝင်တဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို EU ကလည်း ကြိုဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆို ထောင်ချနေတဲ့ လုပ်ရပ်တွေဟာဆိုရင် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အပါအဝင် ရွေးကောက်ခံ ခေါင်းဆောင်တွေ မပါဝင်နိုင်ရေး ပြောင်ပြောင်တင်းတင်း ကြံစည်ချက် ဖြစ်တယ်လို့ EU ရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

မတရားဖမ်းဆီးခံထားရသူ အားလုံးနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း ဥရောပ သမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

အလားတူဘဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ လက်ရှိ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ နော်ဝေ နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တဲ့ အပေါ်မှာ ရှုတ်ချလိုက်ပြီး လုံခြုံရေး ကောင်စီမှာ မြန်မာ့ အရေး ဆက်လက် ဆောင်ရွက်ဖို့ တွန်းအားပေးသွားမယ့် အကြောင်း နော်ေ၀ နိုင်ငံခြားရေး ဝန်ကြီးက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှု တနှစ်နီးပါး ရှိလာချိန်မှာ လူ့အဖွဲ့အစည်းအားလုံးမှာ အခြေအနေတွေ အကြီးအကျယ် ယိုယွင်းကျဆင်းနေပြီး ပြည်သူတွေ ဒုက္ခကြုံနေရတဲ့ အပေါ်မှာ အထူး စိုးရိမ်ကြောင်းလည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြောဆိုထားပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်တွေ အနေနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည် စတင်ဖို့လည်း နော်ဝေ က တောင်းဆိုထားပါတယ်။

........................................


{{Zawgyi/Unicode}}





XS
SM
MD
LG