သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်ချမှတ်မှု နိုင်ငံတကာ ရှုတ်ချ 


မှတ်တမ်းရုပ်ပုံ- ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ASEAN-UN ထိပ်သီး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်။ နိုဝင်ဘာလ ၃၊ ၂၀၁၉။ (Photo by Manan VATSYAYANA / AFP)
မှတ်တမ်းရုပ်ပုံ- ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ASEAN-UN ထိပ်သီး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်။ နိုဝင်ဘာလ ၃၊ ၂၀၁၉။ (Photo by Manan VATSYAYANA / AFP)

(Zawgyi / Unicode)

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ချမှတ်နေတာဟာ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးမှု အပေါ် စော်ကားမှု ဖြစ်တယ်၊ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ အမေရိကန်နဲ့ ကုလသမဂ္ဂဘက်က တနလာၤနေ့မှာ ပြောဆို ရှုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ နော်ေ၀ နိုဘဲလ်ဆု ကော်မတီကလည်း နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ချက်လို့ ပြောဆို ရှုတ်ချလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံထားပြီး နေအိမ်မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အထူးတရားရုံးက တနလာၤနေ့မှာ ထောင်ဒဏ် ၄ နှစ် ထပ်ပြီး ပြစ်ဒဏ်ချလိုက်ပါတယ်။ ဒါဟာ တရားစီရင်ရေးကို စော်ကားမှု ဖြစ်ပြီး သူမကို ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တနလာၤနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

“ မြန်မာ စစ်တပ် အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးပြီး ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို စော်ကားမှု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသော ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေ အပါအဝင် မတရား ဖမ်းထားသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ”

မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး စစ်တပ်ဘက်က ဆောင်ရွက်ဖို့ တစိုက်မတ်မတ် တွန်းအားပေးနေတဲ့ ကုလသမဂ္ဂ ဘက်ကတော့ ဒီလုပ်ရပ်ဟာ မှန်ကန်တဲ့ လုပ်ရပ် တခု မဟုတ်ဘူးလို့ တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မတရား ဖမ်းခံထားရသူအားလုံး၊ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ဖြစ်စေ ဒါမှမဟုတ်လည်း တခြားသူတွေဲ ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသော ပုဂ္ဂိုလ်တွေ အပါအဝင် မတရား ဖမ်းခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျနော်တို့ ထပ်ပြီး တောင်းဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တွေ ချမှတ်နေမှု အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တုံ့ပြန်ချက်ကို သတင်းထောက် တဦးက မေးမြန်းခဲ့တာမှာ ပြောခွင့်ရက အခုလို တုံ့ပြန်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ အိမ်မှာ စကားပြောစက်တွေ တွေ့တာကြောင့် ဥပဒေ ၂ ခု ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ထောင်ဒဏ် ၂ နှစ်၊လယ်ဝေး ဒေသခံ ဦးညီညီ ခေါ် ဦးထွန်းမြင့်အောင်က ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ် စည်းကမ်း ချိုးဖောက်မှု စွဲချက်မှာလည်း အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ် ၂ နှစ် ကျခံဖို့ စီရင်ချက် ချခဲ့တာပါ။

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲဆို ထောင်ချနေတာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ နော်ေ၀ နိုဘဲလ် ဆု ကော်မတီကလည်း ရှုတ်ချလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို အထူးစိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့တာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်ကြောင်း နိုဘဲလ်ဆု ကော်မတီ အကြီးအကဲ Berit Reiss-Andersen က AFP သတင်းအေဂျင်စီနဲ့ Reuters သတင်းအေဂျင်စီတို့ရဲ့ အသီးသီး မေးမြန်းမှုတွေကို အီမေလ်းနဲ့ ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အခုလို လုပ်တာ ဖြစ်တယ်ဆိုတာကို အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson ကလည်း ပြောပါတယ်။

“ သူမ အနေနဲ့ ဘယ်တော့မှ ပြန်ထွက်လာလို့ မရတော့အောင် အထိ စွဲချက်တွေ အများကြီးနဲ့ သူတို့ဘက်က ကြိုးစားနေတာပါ။ သူမကို အကန့်အသတ်မရှိ ထိန်းသိမ်းထားဖို့ ဒီလူတွေက လိုလားနေတာလို့ ကျနော် ထင်ပါတယ်။ နိုင်ငံကို ထိန်းချုပ်နိုင်ရေး သူတို့ရဲ့ ကြိုးပမ်းမှုမှာ ပဓာနကျတဲ့ နိုင်ငံရေး ခြိမ်းခြောက်မှု တခု အဖြစ်နဲ့ သူမကို ဒီလူတွေက ရှုမြင်ကြတာပါ။ သူမ အပေါ်မှာ အစွမ်းကုန် စွဲချက်တွေ တင်ကြပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ထပ်ချလိုက်တာဟာဆိုရင် မြန်မာ လူထုရဲ့ ဆန္ဒကို စစ်တပ်ဘက်က ထပ်ပြီး ထိပါး တိုက်ခိုက်တဲ့ ရှင်းလင်းတဲ့ လုပ်ရပ် တခုလို့လည်း HRW ရဲ့ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အမှုပေါင်း ၁၃ မှုနဲ့ စွဲဆိုထားပြီး အမှု ၅ ခု အတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)













XS
SM
MD
LG