သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ ေထာင္ဒဏ္ေလးႏွစ္ခ်မွတ္


ေဒၚေအာင္ဆန္းစုၾကည္ (စက္တင္ဘာ ၁၃၊ ၂၀၁၈)

[[Zawgyi/Unicode]]


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တရားစြဲခံေနရတဲ့ထဲက အမႈ ၃ မႈ အတြက္ ေနျပည္ေတာ္ အထူးတရား႐ုံးက ေထာင္ဒဏ္ ၄ ႏွစ္ ဒီေန႔ ဇန္နဝါရီလ ၁၀ ရက္မွာ အမိန႔္ခ်လိုက္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက အမႈ ၂ ခုအတြက္ ေထာင္ခ်ထားတဲ့ ျပစ္ဒဏ္ေတြအတြက္ အယူခံကိုေတာ့ ခ႐ိုင္တရား႐ုံးက ပယ္ခ်ခဲ့ပါတယ္။ ဒီသတင္းအျပည့္အစုံ ရန္ကုန္ကေပးပို႔လာတာကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ တရားစြဲခံေနရတဲ့ အမႈေတြထဲက ပို႔ကုန္ သြင္းကုန္ဥပေဒ ခ်ိဳးေဖာက္မႈအတြက္ ၂ ႏွစ္၊ ဆက္သြယ္ေရး ဥပေဒခ်ိဳးေဖာက္မႈအတြက္ ၁ ႏွစ္တို႔ကို တေပါင္းတည္း ၂ ႏွစ္ျပစ္ဒဏ္ ခ်မွတ္ခဲ့သလို သဘာဝေဘးဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒခ်ိဳးေဖာက္ မႈအတြက္လည္း ေထာင္ဒဏ္ ၂ ႏွစ္ အမိန္႔ခ်ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြနဲ႔ နီးစပ္တဲ့ေရွ႕ေနတဦးက ဗြီအိုေအကို အတည္ျပဳပါတယ္။ ဒီကေန႔ခ်မွတ္ လိုက္တဲ့ အမႈေတြအတြက္ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြဘက္က အယူခံတင္ သြားဖို႔႐ွိတယ္လို႔ သူကေျပာပါတယ္။

“ဟုတ္တယ္ ဒီေန႔ခ်လိုက္တယ္။ သြင္းကုန္ပို႔ကုန္က ၂ ႏွစ္ခ်တယ္။ ဆက္သြယ္ေရးလည္း ၁ ႏွစ္ခ်တယ္။ ၂ ႏွစ္ တမႈခ်တယ္၊ တႏွစ္ တမႈခ်တယ္။ အဲဒါက ၃ ႏွစ္။ တေပါင္တည္းေပးတဲ့အတြက္ ၂ ႏွစ္ျဖစ္တယ္။ ေနာက္တခုက သဘာဝေဘးအႏၲရာယ္က ၂ ႏွစ္ခ်တယ္။ သဘာဝေဘး အႏၲရာယ္ေလ ၂၅၊ ၂၅။ ေပါင္းလိုက္ေတာ့ အားလုံးေပါင္းက ၄ ႏွစ္ပဲ ျဖစ္သြားတယ္။ အယူခံကေတာ့ တက္ရမွာေပါ့။ ကိုယ့္တာဝန္ရွိတာကို။”

ပို႔ကုန္သြင္းကုန္ ပုဒ္မအမႈနဲ႔ဆက္သြယ္ေရးပုဒ္မအမႈတို႔အတြက္ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကတည္းက အၿပီးသတ္အမိန႔္ခ်ဖို႔ကို ဆက္တိုက္ေ႐ႊ႕ဆိုင္းလာခဲ့ၿပီး ဒီကေန႔မွာမွ အၿပီးသတ္ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္တဲ့ ေနျပည္ေတာ္က ျမနန္းဘုံသာလမ္းေနအိမ္ကို စစ္တပ္က အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ ရက္မွာ ဝင္ေရာက္ရွာေဖြစဥ္ ဆက္သြယ္ေရး Signal ကိုၾကားျဖတ္နားေထာင္လို႔ မရေအာင္ ဖ်က္တဲ့ Jammer စက္နဲ႔စကားေျပာစက္ေတြ ေတြ႔တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရး ပုဒ္မ ၆၇ တိုနဲ႔ တရားစြဲခဲ့တာျဖစ္ပါတယ္။

အမႈ ၂ မႈအတြက္ တရားလိုျပသက္ေသေတြ တရား႐ုံးမွာလာေရာက္ထြက္ဆိုစဥ္က သိမ္းဆည္းမိတဲ့ ေနရာနဲ႔ သိမ္းဆည္းခဲ့တဲ့ အေျခအေနအေတြအေပၚမွာ ကြဲလြဲစြာ ထြက္ဆိုမႈေတြရွိခဲ့ပါတယ္။ ဒီပစၥည္းေတြဟာ ေဒၚေအာင္ ဆန္းစုၾကည္နဲ႔ မသက္ဆိုင္ဘဲ လုံၿခဳံေရးသုံး ပစၥည္းေတြျဖစ္ၿပီး သူ႔လုံၿခဳံေရးဝန္ထမ္း ရဲတပ္ဖြဲ႔ကို ကာကြယ္ေရးဝန္ႀကီးဌာနက ေပးထားတဲ့ ပစၥည္းေတြျဖစ္တယ္ဆိုတာကိုလည္း ၾကားနာစစ္ေဆးစဥ္အတြင္း ေပၚလြင္ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက ေျပာထားပါတယ္။

ဒါတင္မက ဆက္သြယ္ေရးကုမၸဏီနဲ႔ ဝန္ေဆာင္မႈကုမၸဏီေတြကိုသာ စြဲဆိုရတဲ့ပုဒ္မနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ တရားစြဲတာျဖစ္လို႔ လြဲမွားမႈရွိတာကို ေရွ႕ေနေတြဘက္က ေထာက္ျပခဲ့ၾကပါတယ္။ တည္ဆဲဥပေဒျပဌာန္း ခ်က္ ေတြအရ လူတဦးကို အေၾကာင္းအရာတခုနဲ႔ တရားစြဲဆိုတာမွာ ဥပေဒ ၂ ခုနဲ႔ တရားစြဲဆိုပိုင္ခြင့္မရွိဘူးဆိုတဲ့ အခ်က္ကို ေဖာက္ဖ်က္ေနတယ္ဆိုတာကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြ အေစာပိုင္းထဲက ေထာက္ျပခဲ့ၾကတာပါ။

ဒီေန႔အမိန႔္ခ်တဲ့ သဘာဝေဘးအမႈကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို အရပ္သားတဦးျဖစ္တဲ့ လယ္ေဝးၿမိဳ႕နယ္က ဦးညီညီ (ခ) ဦးထြန္းျမင့္ေအာင္က တရားလိုအျဖစ္နဲ႔ တရားစြဲခဲ့တဲ့အမႈျဖစ္ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲကာလတုန္းက ေ႐ႊၾကာပင္ရပ္ကြက္ အတြင္း ေဒၚေအာင္ဆန္းစုၾကည္သြားလာခဲ့မႈဟာ ကိုဗစ္စည္းကမ္းဥပေဒေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ဒီေန႔အထိ အမႈေပါင္း ၁၃ မႈနဲ႔ တရားစြဲခံရတဲ့ ေဒၚေအာင္ဆန္း စုၾကည္ဟာ အခုဆိုရင္ အမႈ ၅ မႈအတြက္ ျပစ္ဒဏ္ စုစုေပါင္း ၆ ႏွစ္ ခ်မွတ္ခံထားရပါတယ္။ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ပုဒ္ မ ၅၀၅-ခ အမႈနဲ႔ သဘာဝေဘးပုဒ္မ ၂၅ အမႈတို႔အတြက္ ၂၀၂၁ ဒီဇင္ဘာလ ၆ ရက္က ေထာင္ ဒဏ္ ၄ ႏွစ္ခ်ခံခဲ့ရၿပီး တေန႔တည္းမွာ စစ္ေကာင္စီအႀကီးအကဲက ၂ ႏွစ္ ျပစ္ဒဏ္ေလ်ာ့ ေပါ့ေပးခဲ့ပါတယ္။

၂၀၂၁ ဒီဇင္ဘာလ ၆ ရက္က ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ပုဒ္ မ ၅၀၅-ခ အမႈနဲ႔ သဘာဝေဘးပုဒ္မ ၂၅ အမႈတို႔အတြက္ ျပစ္ဒဏ္ေတြအေပၚ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြဘက္က အယူခံဝင္ခဲ့ေပမဲ့ ခ႐ိုင္တရား႐ံုးက ဒီေန႔ပဲ ပယ္ခ်ခံရတယ္လို႔ ဒီအေျခအေနအေၾကာင္းသိ႐ွိတဲ့ နီးစပ္သူေရွ႕ေနတဦးက ခုလိုေျပာျပပါတယ္။

“တက္တာကို ဒီေန႔ပဲ ပယ္ခ်လိုက္တယ္။ ခ႐ိုင္တရား႐ုံးကပယ္လိုက္တယ္။ SD နဲ႔ ပယ္တယ္။ stand dismiss ေပါ့။ အက်ဥ္းနည္းနဲ႔ ပလပ္တယ္လို႔ေျပာရမယ္။ ဗမာလိုေတာ့ အက်ဥ္းနည္းနဲ႔ ပလပ္လိုက္တာေပါ့ေနာ္။”

လက္ရွိမွာေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိအမႈ ၆ မႈ၊ အစိုးရလ်ိဳ႕ဝွက္ခ်က္ ဥပေဒခ်ိဳးေဖာက္တယ္ဆိုတဲ့ အမႈ ၁ မႈ၊ ေ႐ြးေကာက္ပြဲဥပေဒဆိုင္ရာဥပေဒခ်ိဳးေဖာက္မႈ ၁ မႈတို႔နဲ႔ ဆက္လက္ တရားရင္ဆိုင္ေနရၿပီး စြဲဆိုခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ်လေးနှစ်ချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံနေရတဲ့ထဲက အမှု ၃ မှု အတွက် နေပြည်တော် အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ် ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်မှာ အမိန့်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အမှု ၂ ခုအတွက် ထောင်ချထားတဲ့ ပြစ်ဒဏ်တွေအတွက် အယူခံကိုတော့ ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံ ရန်ကုန်ကပေးပို့လာတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံနေရတဲ့ အမှုတွေထဲက ပို့ကုန် သွင်းကုန်ဥပဒေ ချိုးဖောက်မှုအတွက် ၂ နှစ်၊ ဆက်သွယ်ရေး ဥပဒေချိုးဖောက်မှုအတွက် ၁ နှစ်တို့ကို တပေါင်းတည်း ၂ နှစ်ပြစ်ဒဏ် ချမှတ်ခဲ့သလို သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက် မှုအတွက်လည်း ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ရှေ့နေတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။ ဒီကနေ့ချမှတ် လိုက်တဲ့ အမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က အယူခံတင် သွားဖို့ရှိတယ်လို့ သူကပြောပါတယ်။

“ဟုတ်တယ် ဒီနေ့ချလိုက်တယ်။ သွင်းကုန်ပို့ကုန်က ၂ နှစ်ချတယ်။ ဆက်သွယ်ရေးလည်း ၁ နှစ်ချတယ်။ ၂ နှစ် တမှုချတယ်၊ တနှစ် တမှုချတယ်။ အဲဒါက ၃ နှစ်။ တပေါင်တည်းပေးတဲ့အတွက် ၂ နှစ်ဖြစ်တယ်။ နောက်တခုက သဘာဝဘေးအန္တရာယ်က ၂ နှစ်ချတယ်။ သဘာဝဘေး အန္တရာယ်လေ ၂၅၊ ၂၅။ ပေါင်းလိုက်တော့ အားလုံးပေါင်းက ၄ နှစ်ပဲ ဖြစ်သွားတယ်။ အယူခံကတော့ တက်ရမှာပေါ့။ ကိုယ့်တာဝန်ရှိတာကို။”

ပို့ကုန်သွင်းကုန် ပုဒ်မအမှုနဲ့ဆက်သွယ်ရေးပုဒ်မအမှုတို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အပြီးသတ်အမိန့်ချဖို့ကို ဆက်တိုက်ရွှေ့ဆိုင်းလာခဲ့ပြီး ဒီကနေ့မှာမှ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ နေပြည်တော်က မြနန်းဘုံသာလမ်းနေအိမ်ကို စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဝင်ရောက်ရှာဖွေစဉ် ဆက်သွယ်ရေး Signal ကိုကြားဖြတ်နားထောင်လို့ မရအောင် ဖျက်တဲ့ Jammer စက်နဲ့စကားပြောစက်တွေ တွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ပုဒ်မ ၆၇ တိုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

အမှု ၂ မှုအတွက် တရားလိုပြသက်သေတွေ တရားရုံးမှာလာရောက်ထွက်ဆိုစဉ်က သိမ်းဆည်းမိတဲ့ နေရာနဲ့ သိမ်းဆည်းခဲ့တဲ့ အခြေအနေအတွေအပေါ်မှာ ကွဲလွဲစွာ ထွက်ဆိုမှုတွေရှိခဲ့ပါတယ်။ ဒီပစ္စည်းတွေဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့ မသက်ဆိုင်ဘဲ လုံခြုံရေးသုံး ပစ္စည်းတွေဖြစ်ပြီး သူ့လုံခြုံရေးဝန်ထမ်း ရဲတပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ပေးထားတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုလည်း ကြားနာစစ်ဆေးစဉ်အတွင်း ပေါ်လွင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောထားပါတယ်။

ဒါတင်မက ဆက်သွယ်ရေးကုမ္ပဏီနဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေကိုသာ စွဲဆိုရတဲ့ပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲတာဖြစ်လို့ လွဲမှားမှုရှိတာကို ရှေ့နေတွေဘက်က ထောက်ပြခဲ့ကြပါတယ်။ တည်ဆဲဥပဒေပြဌာန်း ချက် တွေအရ လူတဦးကို အကြောင်းအရာတခုနဲ့ တရားစွဲဆိုတာမှာ ဥပဒေ ၂ ခုနဲ့ တရားစွဲဆိုပိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ကို ဖောက်ဖျက်နေတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ အစောပိုင်းထဲက ထောက်ပြခဲ့ကြတာပါ။

ဒီနေ့အမိန့်ချတဲ့ သဘာဝဘေးအမှုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတဦးဖြစ်တဲ့ လယ်ဝေးမြို့နယ်က ဦးညီညီ (ခ) ဦးထွန်းမြင့်အောင်က တရားလိုအဖြစ်နဲ့ တရားစွဲခဲ့တဲ့အမှုဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းက ရွှေကြာပင်ရပ်ကွက် အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားလာခဲ့မှုဟာ ကိုဗစ်စည်းကမ်းဥပဒေတွေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒီနေ့အထိ အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲခံရတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ အခုဆိုရင် အမှု ၅ မှုအတွက် ပြစ်ဒဏ် စုစုပေါင်း ၆ နှစ် ချမှတ်ခံထားရပါတယ်။ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ် မ ၅၀၅-ခ အမှုနဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုတို့အတွက် ၂၀၂၁ ဒီဇင်ဘာလ ၆ ရက်က ထောင် ဒဏ် ၄ နှစ်ချခံခဲ့ရပြီး တနေ့တည်းမှာ စစ်ကောင်စီအကြီးအကဲက ၂ နှစ် ပြစ်ဒဏ်လျော့ ပေါ့ပေးခဲ့ပါတယ်။

၂၀၂၁ ဒီဇင်ဘာလ ၆ ရက်က ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ် မ ၅၀၅-ခ အမှုနဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုတို့အတွက် ပြစ်ဒဏ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က အယူခံဝင်ခဲ့ပေမဲ့ ခရိုင်တရားရုံးက ဒီနေ့ပဲ ပယ်ချခံရတယ်လို့ ဒီအခြေအနေအကြောင်းသိရှိတဲ့ နီးစပ်သူရှေ့နေတဦးက ခုလိုပြောပြပါတယ်။

“တက်တာကို ဒီနေ့ပဲ ပယ်ချလိုက်တယ်။ ခရိုင်တရားရုံးကပယ်လိုက်တယ်။ SD နဲ့ ပယ်တယ်။ stand dismiss ပေါ့။ အကျဉ်းနည်းနဲ့ ပလပ်တယ်လို့ပြောရမယ်။ ဗမာလိုတော့ အကျဉ်းနည်းနဲ့ ပလပ်လိုက်တာပေါ့နော်။”

လက်ရှိမှာဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၆ မှု၊ အစိုးရလျို့ဝှက်ချက် ဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှု ၁ မှု၊ ရွေးကောက်ပွဲဥပဒေဆိုင်ရာဥပဒေချိုးဖောက်မှု ၁ မှုတို့နဲ့ ဆက်လက် တရားရင်ဆိုင်နေရပြီး စွဲဆိုခံထားရပါတယ်။

#MyanmarMilitaryCoup #AungSanSuuKyi #VOABurmese

#ဒေါ်အောင်ဆန်းစုကြည် #အမှုသုံးမှုအတွက် စီရင်ချက် #သွင်းကုန်ပို့ကုန်ဥပဒေ #သဘာဝဘေးဆိုင်ရာဥပဒေ #ဆက်သွယ်ရေးဥပဒေ #ဗွီအိုအေ #စစ်ကောင်စီ

========

XS
SM
MD
LG